ဒေသခံဈေးဆိုင်ပိုင်ရှင်များထံမှ KIA အဖွဲ့ဆက်ကြေးကောက်ခံ


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျေးရွာများအတွင်းရှိ ဈေးဆိုင်များအား KIA အဖွဲ့မှ ဆက်ကြေးငွေ များ ကောက်ခံလျက်ရှိကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နယ်၊ လ၀ါးကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း ဖွင့်လှစ်ရောင်းချနေသော နေအိမ်ဈေးဆိုင် တစ်ဆိုင်လျှင် ဆက်ကြေးငွေ ၂၀၀၀၀ ကျပ်နှင့် စားသောက်ဆိုင်တစ်ဆိုင်လျှင် ၄၀၀၀၀ ကျပ်နှုန်းစီအား နိုဝင် ဘာလ ၂ ရက်နေ့တွင် KIA အဖွဲ့မှ လာရောက်ကောက်ခံသွားကြောင်း စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး ၏ ပြောပြချက်အရ သိရသည်။

“ကျွန်တော်တို့က ဈေးဆိုင်ဆိုပေမယ့် ဆိုင်ကြီးဖွင့်ပြီး ရောင်းတာလည်းမဟုတ်ဘူး ကျွန်တော်တို့ ခြံထဲမှာ စိုက် ထားတဲ့ ဟင်းသီးဟင်းရွက်လေးတွေနဲ့ မုန့်ပဲသရေစာလေးတွေကို ပိုက်ဆံတတ်နိုင်သလောက်လေးနဲ့ အိမ်မှာ ဆိုင်ဖွင့်ပြီးရောင်းတာပါ၊ အဲဒါကို အခုလို ဆက်ကြေးတောင်းတယ်ဆိုတော့ လွန်လွန်းတာပေါ့ ဗျာ၊ ပြောပြပေ မယ့်လည်း ဒီကောင်တွေကလက်မခံဘဲ ဆက်ကြေးမပေးချင်ရင် သူတို့အဖွဲ့ထဲကိုဝင်ရမယ်၊ လူသစ်လုပ်ရမယ်၊ ခိုင်းတာလုပ်၊ ပြန်မပြောနဲ့ဆိုပြီး ခြိမ်းခြောက်ပြောဆိုတယ်၊ ကြောက်တော့လည်း ရှိတာလေးတွေ ပေးကြရတာ ပေါ့ဗျာ၊ သူတို့လက်ထဲမှာ လက်နက်တွေရှိနေလို့ပေါ့၊ ဒီလိုမျိုး ဆက်ကြေးကောက်ခံခြင်းမှ ကျွန်တော်တို့ ဒေသခံတွေ အမြန်ဆုံးလွတ်ပါစေလို့ပဲ ဘုရားသခင်ဆီမှာ ဆုတောင်းပါတယ်”ဟု ဈေးဆိုင်ပိုင်ရှင် တစ်ဦးမှ ပြောပြပါသည်။

ယခုရက်ပိုင်းအတွင်းတွင် KIA အဖွဲ့နှင့် အစိုးရတပ်များ တိုက်ပွဲပြင်းထန်နေချိန်ဖြစ်၍ KIA အဖွဲ့မှ ကျဆုံး သွားသော ၎င်းတို့၏ အဖွဲ့ဝင်များနေရာတွင် အစားထိုးနိုင်ရန်အတွက် ဒေသခံများအား လူသစ်အဖြစ် အတင်း အကြပ်လိုက်လံဖမ်းဆီးနေကြာင်းနှင့် ဒေသခံဈေးဆိုင်ပိုင်ရှင်များထံမှ ဆက်ကြေးငွေများကိုလည်း မကြာခဏ ကောက်ခံနေကြာင်း သိရသည်။

နော်ဂျာ
KDN
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment