ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်မှထုတ်ပြန်ချက်




ရှမ်းပြည်အလယ်ပိုင်းတွင်ဗမာတပ်များ မဆင်မခြင်တိုက်ခိုက်မှုများ ကျယ်ပြန့်လာမှုကြာင့် အရပ်သူ အရပ်သား ၆၀၀၀ ကျော်တို့ ပြောင်းရွှေ့ရပြီး အရပ်သား ၄ ယောက်တို့မှာလက်နက်ကြီး ငယ်များဖြင့် ပစ်ခတ်ခံရ၍ ထိခိုက်ဒဏ်ရာရ။

ဗမာစစ်တပ်တို့ကရှမ်းပြည်အလယ်ပိုင်းအတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ရှမ်းပြည်တပ်မတော် (SSPP/ SSA) တို့ကိုတိုက်ခိုက်သည့်အပြင် အရပ်သူ၊ရပ်သားတို့ကိုလက်နက်ကြီး၊ငယ်ဖြင့် အရမ်းမဲ့ပစ်ခတ်မှုကို ကျွန်တော်တို့ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်( SHRF ) မှ ပြင်းပြင်းထန်ထန်ကန် ကွက်ရှုတ်ချလိုက်ပါသည်။ ထိုတိုက်ခိုက်မှုသည် (၃) မြို့ နယ်အတွင်းရှိ (၂၂) ရွာမှ အရပ်သူ၊ ရပ်သား ( ၆၀၀၀ ) ကျော်တို့မှာ အောက်တိုဘာလ အစောပိုင်းကာလကတည်းက မိမိတို့အိုးအိမ်ကို စွှန့်ပစ်ပြောင်းရွှေ့နေ နေ ရသည်။

အောက်တိုဘာလ ၆ ကတည်းက ဗမာစစ်တပ်(၁၄)တပ်ရင်းပေါင်းတို့မှာ မိုင်းရှူး၊မိုင်နောင် နှင့် ကျေးသီး မြို့နယ်အထဲတွင် တပ်အင်အားအကြီးမားဆုံး တပ်ဖြန့်ကျက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ကို ထိုမြေနယ်နိမိတ်မှ ထွက်ခွာသွားရန်တိုက်ထုတ်နေ သည်။လက်ရှိတွင်ထိုမြေနယ်နိမိတ်သည် ယခုအချိန်ထိ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) ၏အုပ်ချုပ်မှုအောက်တွင် နှစ်ပေါင်းများစွာ ကတည်းကအုပ်ချုပ်နေဆဲဖြစ်သည်။ ထို့ပြင် ဇန်နဝါရီလ ၂၀၁၂ခုနှစ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တို့နှင့်နစ်ဦးနှစ်ဘက်အပစ်ခတ် ရပ်စဲရေးသဘောတူစာချုပ်တွင် ထိုနယ်ကိုအုပ်ချုပ်ရန်သဘောတူစာချုပ်ခဲ့သည့် နယ်နိမိတ်ဖြစ်သည်။

ဗမာအစိုးရဘက်မှနှစ်ဦးနှစ်ဘက်အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်ကိုဗြောင်ဆက်လျှက် ချိုးဖောက် လျှက်ရှိနေသည်။အစဦးပိုင်းတိုက်ခိုက်မှုသည် စစ်ရေးအရရော စီးပွားရေးအရပါ အချက်အချာကျသည့် မိုင်းရှူးမြို့နယ်ရှိ တာဆမ်ပူး မြစ်မှဖြတ်ရာထိတိုက်ခိုက်သိမ်းသဖြင့်ရပ်သူ၊ရွာသား(၃၆၀၀)
ကျော် တို့မှာအိုး အိမ်ကို စွန့်ပစ်ထွက်ပြေးခဲ့ရသည်။သို့ဖြစ်စေကာမူ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့မှာ အောက်တိုဘာလ ၁၅ ရက်နေ့ ၂၀၁၅ ခုနှစ်တွင် တာ့ဆမ်ပူး ကိုဆုတ်ခွာပေးခဲ့ရသည်။ ယခုဗမာစစ်တပ်သားတို့သည် ကျေးသီးမြို့တွင်းရှိ ဝမ်ဟိုင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ ဌာနချုပ်အနီးထိတိုးလျှက် ရှိနေသည်။အောက်တိုဘာလ ၂၅ ရက် ၂၀၁၅ ခုနှစ်တွင် ဗမာဘက်မှ ဝမ်ဟိုင်း တွင်းရှိ ရွာသူ၊ရွာသားတို့ကို တိုက်လေယာဉ်ဖြင့်ဗုံးကျဲမည့်ဟန် ခြိမ်းခြောက်ခဲ့သည်။

အောက်တိုဘာလ ၂၆ ရက်နေ့ ၂၀၁၅ ခုနှစ်တွင် ဗမာစစ်တပ်သားမှ ဝမ်ဟိုင်း၏တောင်ဘက်ရှိ ဝမ်မွေတော် ရွာ ကိုလက်နက်ကြီးဖြစ်ပစ်ခတ် သဖြင့် ရွာသူ၊ရွာသား၏ အိမ်များပျက်စီးဆုံးရှူံးပြီး (၂၅)နှစ်ရှိ ရွာသား တစ်ဦးမှာ ထိုပေါက်ကွဲမှုမှကြိုးစားထွက်ပြေးရာမှဗုံးထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရ လိုက်သည်။ ထိုတစ်ရက်တည်းမှာပင် ဝမ်ဟိုင်း ရှေ့တောင်ပိုင်းဘက်ရှိ ဝမ်ကုန်းနိမ်း မှ အသက်(၅၃)နှစ်ရှိ လယ်သမားတစ်ယောက်သည် သူ့အိမ်ကိုအောက် တိုဘာလအစောပိုင်းကတည်းကစွန့်ခွာပြေးခဲ့ရပြီး ယခုချိန်တွင်သူ၏ လယ်၊ယာမြေကိုပြန်လည်ကြည့်ရှုရန်အပြန်တွင် ဗမာစစ်သားမှ ထိုသူကိုပစ်ခတ်ဒဏ်ရာရစေခဲ့သည်။

ဗမာစစ်သားမှ လုံးပွဲကိုသေနတ်ဖြင့်ပစ်ရာလက်မောင်းတွင်ဒဏ်ရာရ လက်နက်ကြီးကျည်ဆန်ကြောင့် ထိခိုက်ဒဏ်ရာရသူစိုင်းအုံးအောက်တိုဘာလ ၂၈ ရက် ၂၀၁၅ ခုနှစ် ဗုဒ္ဓဘာသာဝင်တို့ ၏ သီတင်းကျွတ်ရက်ဖြစ်ရာ ဝမ်ဟိုင်း ကျေးရွာမှရွာသူ၊ရွာသား ရာကျော်တို့မှာ ညသန်းခေါင်ယံအချိန်တွင် ဘုန်းကြီးကျောင်းတွင် ရိုးရာထုံးတမ်းစဉ်လာ အတိုင်းဝါကျွတ်ပွဲကျင်းပရာ ဗမာစစ်သားဘက်မှစ၍ ၁၂၀ မမ ဖြစ်ပစ်ခတ်ခဲ့သည်။ ထိုဗုံးကျည်သည် ဝမ်ဟိုင်း ရွာထဲတွင် အမြောက်ကျည်ဆန် (၈) လုံးကျခဲ့ပြီး ၂ အိမ်ပျက်စီးခဲ့ပြီး အသက် (၄၀) နှစ်ရှိ အမျိုးသမီးကြီး (၁) ဦးနှင့် သူမ၏သမီး အသက်(၅) နှစ်တို့အိပ်နေချိန် တွင်ဗုံးကျထိမှန်ဒဏ်ရာရခဲ့သည်။

လက်နက်ကြီးဗုံးကျည်ကျသဖြင့်ပျက်စီးသွားသော(နန်းကိန်)၏အိမ် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ပျက်စီးသွားသောကားဤတိုက်ခိုက် မှုဖြစ်စဉ် သည် ဝမ်ဟိုင်း လူဦးရေ (၂၀၀၀) တို့မှာမိမိ၏အိမ်ကို စွန့်ပစ်ပြီးအနီးနားရှိ မြို့ ရွာများတွင်စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရပြီးထိုနည်းသူစွာ အခြားသောနေရာမှထွက်ပြေးတိမ်းရှောင်သူမှာ ယခုချိန်ထိဆက်လျှက်တိုက်ခိုက်မှု တွေကြောင့် တိမ်းရှောင်သူလူဦးရေစုစုပေါင်းမှာ (၆၀၀၀) ကျော်ခဲ့ပြီဖြစ်သည်။ စစ်ပြေးဒုက္ခသည်တို့မှာမိမိတို့အိုး၊အိမ်၊ လယ်၊ယာ တို့ကိုစွန့်ခွာ ထွက်ပြေးကြရပြီး လူသားချင်းစာနာထောက်မှုကို အမှန်တကယ် လိုနေကြသည်။ စာသင်ကျောင်း (၁၄) ကျောင်းကိုပိတ်လိုက်ရ သဖြင့် ကျောင်းသူ၊ကျောင်းသား ပေါင်း (၁၂၅၀)ယောက် တို့မှာ ကျောင်းမတက်နိုင်ပဲ ရှိနေပေ။

မိုင်းရှုးမြို.နယ် ဟိုင်းပါ ဘုန်းကြီးကျောင်း တွင်းရှိ ဒုက္ခသည်စခန်းယခုလိုဗမာစစ်တပ်တို့မရပ်မနား ရှမ်းအုပ်ချုပ်နယ်မြေထိကျူးကျော် တိုက်ခိုက် ခြင်းကြောင့် ဒေသခံ ရွာသူ၊ရွာသားအများ ထိခိုက် နစ်နာမှုများကို ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်(SHRF) မှရှူတ်ချပါသည်။ဗမာအစိုးရ သည် ဤတိုက်ခိုက်မှု၊နေရာရွှေ့ပြောင်းရမှု၊ အခွင့်ရေးချိုးဖောက်မှုတွေ ကိုလုံးဝတာဝန်ယူရမည်။ ဤသို့တိုက်ခိုက်မှုမှာ နေပြည်တော်သည် ငြိမ်းချမ်းရေးမျက်နှာဖုံးကို ခွာချ ခြင်းဖြစ်သည်။ဆွေးနွေးမှုအပေါ် တွင်လစ်လျူရှူထားပြီး ဆွေးနွေးခြင်းဖြင့်ပဋိပက္ခဖြေရှင်းရေးကိုစိတ်ဝင်စားမှုမရှိပဲ ဗမာစစ်တပ်တို့သည် တိုင်းရင်းသားတို့အပေါ်တွင်ဖိနှိပ်ချုပ်ချယ်မှု တစ်ခုတည်းကိုသာလုပ်နေသည်။

နေပြည်တော်စစ်တပ်များအဓမ္မကျူးကျော်တိုက်ခိုက်မှုကိုနိုင်ငံတကာမှပြစ်တင်ရှူတ်ချပြီး။တိုင်းရင်းသားနယ်မြေအတွင်းထိုးစစ်ဆင်မှုများမရပ်မချင်း ၎င်းတို့အားအထောက်ပံ့ပေးခြင်း ကိုရပ်ဆိုင်းရန် ရှမ်းလူ့အခွင့်မဏ္ဍိုင်မှ လူသိရှင်ကြားပြင်းပြင်းထန် ထန်တိုက်တွန်းလိုက်ပါသည်။

ဗမာစစ်တပ်မှတိုက်ခိုက်မှုအတောအတွင်းတွင်ထိခိုက်ဒဏ်ရာရသူရွာသူ၊ရွာသားများ၏အသေးစိတ်အချက်လက် ရက်စွဲ ထိခိုက်ဒဏ်ရာရသူ နေရာ အသေးစိတ်

အောက်တိုဘာလ၂၆ ရက်နေ့ ၂၀၁၅ ခုနှစ်

နံနက် ၁၀ နာရီ ဗမာစစ်သား ပစ်ခတ်သဖြင့် အသက်၅၃နှစ် ရွာသား(၁)ဦး လက်မောင်းတွင် ဒဏ်ရာရ ဝမ်ကုန်းနိမ်(ဟိုင်းပါ)ကျေးရွာ မိုင်းရှူးမြို့ နယ်ဝမ်ဟိုင်းစစ်ပြေးဒုက္ခသည်မှ လုံးပွဲသည်၎င်း၏လယ် ယာကိုကြည့်ရှူ ရန်အပြန်တွင်ဗမာစစ်သားမှပစ်ခတ်သဖြင့် လက်မောင်း တွင်ကျည်ဆန် ၂ ဆန်ထိမှန်ခဲ့သည်။ ဝမ်ဟိုင်း ဆေးပေးခန်း တွင်အရေးပေါ်ကုသ ခဲ့သည်။
အောက်တိုဘာလ ၂၆ ရက် ၂၀၁၅ ခုနှစ်ည၉နာရီ လက်နက်ကြီးပစ် ခတ်သဖြင့် အသက် ၂၅ နှစ်ရွာသား(၁)ဦး၏ ဝမ်းဗိုက်ထိမှန်ပြီး ဒေသခံ(၃) အိမ်ပျက်စီး ဝမ်မွေတော် ဝိင်းကောင် ကျေးရွာ၊ မိုင်းနောင်မြို့ နယ် ဗမာစစ်တပ်သားများပစ်ခတ်မှုကြောင့် စိုင်းအုံးမှာထွက်ပြေးနေရင်းဗုံးဆန် စထိမှန် ပြီးသွေးထွက်များသဖြင့်ထိုသူအားမိုင်းနောင် ဆေးရုံသို့ အောက်တိုဘာလ ၂၇ရက်နေ့တွင်ပို့ခဲ့သည်။

အောက်တိုဘာလ ၂၈ရက်နေ့၂၀၁၅ခုနှစ်

ညသန်းခေါင်ယံ (၁၂၀) မမ ဖြစ်ပစ်ခတ်မှုကြောင့်အသက် (၄၀) အမျိုးသမီး(၁)ယောက်နှင့် (၅)နှစ်သမီး(၁) ယောက်တို့ထိမှန်ဒဏ်ရာ ရပြီး အိမ် (၂) အိမ်အပြင်ကား(၁) စီးပျက်စီး ဝမ်ဟိုင်း
ကျေးသီးမြို့ နယ် ဗမာစစ်တပ်သားများ လက်နက်ကြီးဖြင့် ဝမ်ဟိုင်းရွာရွာသူ၊ရွာသား (၂၀၀) ကျော်တို့ သီတင်းကျွတ်ပွဲတော်ကိုဘုန်းကြီး ကျောင်းတွင်ကျင်းပနေချိန်ဗမာစစ်တ ပ်သား များလက်နက်ကြီးဖြင့် ဝမ်ဟိုင်းရွာတွင်း သို့ပစ်ခိုက်ခဲ့သည်။အမြှောက်ကျည်သည်ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအနီး တွင်ကျရောက်ခဲ့ပြီးအိမ်(၂)အိမ်ကိုထိမှန်ရာမှ နန်းကိန်နှင့်သူမ၏သမီးလေး နန်းဟွမ်ခေါင်တို့အိပ်နေချိန် ၎င်း၏အိမ်ပါ ထိမှန်ခဲ့သည်။ကျည်ဆန်မှာ နန်းကိန် နဖူးကိုထိမှန်ပြီး နန်းဟွမ်ခေါင် မှာမူ ဦးခေါင်းနှင့်ခြေထောက်ကိုထိမှန်ခဲ့ သည်။


အောက်တိုဘာလ ၆ ရက်နေ့ ၂၀၁၅ ခုနှစ်မှစ၍ ဗမာစစ်သားတို့ တိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်အလယ်ပိုင်းမှဒေသခံများ စစ်ပြေးဒုက္ခသည်များထွက်ပြေးရာရွာအရေအတွက်
ယခုလက်ရှိ ဒုက္ခသည်စခန်း အရေအတွက် မူရင်းဒုက္ခသည်စခန်းဝမ်ဆော့ရွာ၊ မိုင်းရှူးမြို့ နယ် 1900 ၂၂ ရွာထဲမှ ဝမ်လွေ၊ ကုန်းခန်၊မိုင်းအတ်၊ကုန်းစံ၊ ဝမ်နေ၊ဝမ်ဟိုင်း၊ဝမ်ထမ်၊ဝမ်ကျောင်း၊နမ့်ပါမုံး၊ နမ့်ဆုန်၊ဖက်ကီး တို့အပါအဝင်ဖြစ်ပါသည်။

မိုင်းရှူးမြို့ နယ်
- ဝတ့်ဟွမ်ယန်ဘုန်းကြီးကျောင်း
- ကျောင်းဝိင်းဆန်ဘုန်းကြီးကျောင်း
- ရပ်ကွက်(၁) ပေါက်ခေ 480
ဟိုင်းပါဘုန်းကြီးကျောင်း၊ဟိုင်းပါရွာ
မိုင်းရှူးမြို့ နယ် 1300
မင်္ဂလာရန်အောင်ဘုန်းကြီးကျောင်း
မိုင်းနောင်မြို့ နယ် 280
တူယား 150
ကျိုင်းလိန်၊ဝမ်ဝ၊ခုမ်ပန်၊ကျေးသီး၊ပန်လော့ 2000 ဝန်းကျင်ခန့် ဝမ်ဟိုင်း
စုစုပေါင်း ၆၁၁၀

အသေးစိတ်အချက်လက်သိလိုပါက
ဆက်သွယ်ရန်
စိုင်းဟော်ရှဲန် + ၆၆ (၀) ၆၂-၉၄၁-၉၆၀၀ (ရှမ်း | အင်္ဂလိပ်)
စိုင်းခွန်းမိုင် + ၆၆ (၀) ၉၄-၆၃၈-၆၇၅၉ (ဗမာ| အင်္ဂလိပ်)
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment