ရှမ်းရိုးရာ ကောက်ညှင်းထုပ်~~~Tai or Shan traditonal food "Khao Daom Leam







ရှမ်းရိုးရာ ကောက်ညှင်းထုပ်~~~
ကမ္ဘာပေါ်ရှိ လူမျိုးတိုင်း လူမျိုးတိုင်းဟာ သူ့ကိုယ်ပိုင် ယဉ်ကျေးမှု
ဓလေ့ထုံးတမ်းနှင့်သူ ရှိကြပါတယ်၊ ထိုအထဲတွင် ရှမ်းလူမျိုးများ
ဟာလည်း ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ဓလေ့ ထုံးစံ တိုးတက်
ထွန်းကားသောလူမျိုးဖြစ်ပါတယ်၊ အခုလို မိုးရာသီ လယ်ယာ
လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ ရှမ်းရိုးရာ အစားအစာ တစ်ခုဖြစ်တဲ့
သုံးဖက်ချွန် ကောက်ညှင်းထုပ်လေး လုပ်ရခြင်း အကြောင်းကို
ပြောပြပါရစေ၊ ရှမ်းလူမျိုး လယ်သမားများဟာ နယုန်လ မိုးဦး
ရာသီရောက်ပြီဆိုတာနဲ့ မိမိလယ် ပျိုးကြဲဖို့ပြင်ဆင်ကြပါပြီ၊ ရှေး
တုန်းက ရှမ်းတွေဟာ ထမင်းအစား ကောက်ညှင်းတွေကိုသာ
အစားများတဲ့အတွက် မျိုးစပါးတွေလည်း ကောက်ညှင်းတွေသာ
ထားကြပါတယ်၊ အဲ့ဒီလိုပြင်ဆင်တဲ့နေရာမှာ ပျိုးကြဲမယ့် မျိုးစပါး
ကို အမျိုးသမီးများက စကောနဲ့ပြာပြီး မျိုးသန့် မျိုးရွေးရပါတယ်၊
မျိုးသန့် မျိုးရွေး ပြာထုတ်လိုက်လို့ ရလာတဲ့ သိပ်မကောင်းတဲ့
ပယ်ထုတ်လိုက်တဲ့စပါးများကိုတော့ ဆန်ဖွပ်ယူပါတယ် ၊ ရလာ
တဲ့ကောက်ညှင်းဆန်ကို ရှမ်းလူမျိုးတွေက သုံးဖက်ချွန် ကောက်
ညှင်းထုပ် ပြုလုပ်ကြပါတယ်~~~
ကောက်ညှင်းထုပ်ကို မနက်ဖြန်မနက်မှာလို ပျိုးကြဲတော့မယ်ဆို
ရင် ဒီနေ့ညမှာ ပြုလုပ်ရပါတယ်။
ကောက်ညှင်းထုပ်ပြုလုပ်ရာမှာ အရင်ဦးဆုံး ထုပ်ဖို့ ဖက်ရှာရပါ
တယ်၊ ကောက်ညှင်းထုပ်မယ့် ဖက်က သီးသန့်အပင်ရှိပါတယ်၊
ဝါးရုံပင် ကျူပင်လိုပါပဲ၊ ဒါပေမယ့် အရွက်က ကြီးပါတယ်၊ ဖက်
ရလာပြီဆိုရင် ကောက်ညှင်းဆန်ကို ဆေးကြောပြီး ရေစိမ်ထား
ရပါတယ်၊ နဲနဲလေးပွလာပြီဆိုရင်တော့ ရေကိုစစ်ထုတ်လိုက်ပြီး
ရေစိမ်ကောက်ညှင်းဆန်ထဲကို ဆားနဲ့မြေပဲဆန် ထည့်နယ်ပြီး
ယူလာတဲ့ဖက်နဲ့ သုံးဖက်ချွန်ဖြစ်အောင် ထုပ်ပြီး နှီးနဲ့ချည်ကာ
ဒန်အိုးကြီးထဲ ထည့်ပြုတ်ပါတယ်၊ ပြုတ်လိုက်လို့ ကျက်လာပြီ
ဆိုရင် အိုးထဲကနေဆယ်ယူပြီး အအေးခံထားပါတယ်။
ရလာတဲ့ ကောက်ညှင်းထုပ်ကို ရှေးဦးစွာ ရှမ်းတွေက မြတ်စွာ
ဘုရားကို ဦးဦးဖျားဖျား ဆက်ကပ်လှူဒါန်းပါတယ်၊ ပြီးလို့ရှိရင်
မနက်စောစော ပျိုးသွားကြဲမယ့် အိမ်ထောင်ဦးစီးကို အိမ်ရှင်မ
က ကောက်ညှင်းထုပ်တွေကို လယ်ဖက်ယူသွားဖို့ ထည့်ပေး
လိုက်ပါတယ်၊အိမ်ထောင်ရှင်လယ်သမားဦးကြီးကသူ့လယ်ဆီ
ရောက်ပြီဆိုရင် အိမ်ရှင်မ ထည့်ပေးလိုက်တဲ့ ကောက်ညှင်းထုပ်
တွေကို ယူပြီး လယ်ကွက်အားလုံးရဲ့ထိပ်ဆုံးမှာရှိတဲ့ လယ်
ဦးကွက်ရဲ့ လယ်ကန်သင်းအောက်မှာ ကောက်ညှင်းထုပ်ကို
ယူသွားထည့်ထားရပါတယ်၊ ပျိုးကြဲမယ့်လယ်ကွက်ရဲ့ လယ်ဦး
ကွက် လယ်ကန်းသင်းအောက်ကိုလည်း သွားထားရပါတယ်၊
ထားနေတုန်းမှာလည်း ဆုတောင်းရပါတယ်၊ အဓိက ကတော့
စပါးအထွက်တိုးစေဖို့ အဓိကဆုတောင်းပါတယ်၊ လယ်စောင့်
နတ်ကို ပသတာလည်းမဟုတ်ပါ၊ ဒီလုပ်လိုက်ရလို့ စပါးလည်း
အထွက်တိုးမယ်၊ မိမိရဲ့ လယ်ယာ နဲ့ စပါးများလည်း အနှောင့်
အယှက်အဖျက်အဆီးကင်းမယ်လို့ ရှမ်းလူမျိုးလယ်သမားများက
ယုံကြည်ကြပါတယ်၊ နောက်ပြီး ဒီကောက်ညှင်းထုတ်ကို မိုးဦး
ရာသီမှာ စားခြင်းအားဖြင့် မိုးဦးရာသီမှာဖြစ်တတ်တဲ့ ဝမ်းပျက်
ဝမ်းလျှော ရောဂါကိုလည်း ကာကွယ်ပြီးသားဖြစ်တယ်လို့ဆို
ပါတယ်၊ ဆေးလည်းအစာ အစာလည်းဆေးပေါ့၊ လူတိုင်း လူ
တိုင်း ကိုယ့်ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ချစ်မြတ်နိုး
တတ်ကြပါစေ။

စိုင်းစန္ဒ(မိုင်းရယ်)


Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment