'' ရှမ်းလူငယ်များဆီသို့ ''



(ဤ post သည် ဘာမျှ မဖြစ်စလောက်ရှိသော်လည်း
ရှုတောင့်တစ်နေရာမှ ကြည့်လျှင် အကောင်းဖြစ်လိမ့်မည်ဟု ထင်မိပါသည် )

ကျွန်တော်တို့ ရှမ်းလူငယ်လေးတွေ တခြားသော လူမျိုးတွေကြား (သို့ )
တွေ့ကြ ဆုံကြပြီဆိုရင် ရှမ်းစကားလေးတွေနဲ့ စကားပြောတတ်ကြ
တယ်။တခြားသော လူမျိုးတွေကို ''ငါတို့ရှမ်းလူမျိုးမှာ စာပေ စကား
အခုထိရှိသေးတယ် ဆိုတာ ကြွားတဲ့ သဘောပေါ့။နောက်ပြီး
အဆောင်မှာလည်း ကိုယ့်အဆောင်ဘေးက ကျူရှင်လေးတစ်ခုရှိတယ်။
အဲ့ကျူရှင်မှာ ဆရာမလာခင် ကျောင်းသားတွေ စကားပြောနေကြတာ
သိရင် Blutooth box လေးနဲ့ ရှမ်းနှစ်သစ်ကူးသီချင်းလေးတွေကို
ဖွင့်နေတတ်တယ်။ ကိုယ့်ရှမ်းလူမျိုးမှာ ရိုးရာသီချင်းတွေ ရှိတယ် ဆိုတာ
ကြွားပြတာပေါ့။နောက် ကိုယ့် Phone screen wallpaper ကိုလည်း
ကိုယ့်ရှမ်းရိုးရာ ဝတ်စုံတွေကို ကာတွန်းနဲ့ လုပ်ထားတဲ့ ပုံတွေကို
တင်ထားတတ်တယ် ။အားရင်ရှမ်းသီချင်းတွေပဲ နားထောင်နေတတ်တယ်။ နောက်ဆုံး Phone ringtone ကိုတောင်ရှမ်းသီးချင်း တွေ ၊ ရှမ်းအိုး စည်မောင်းဆိုင်း သံလေတွေကိုထည့်ထားတတ်တယ်။ဒါတွေကို တချို့လူတွေက ရူးတယ်လို့ထင်ချင်ထင်နေလိမ့်မယ် ။တကယ်တမ်းတော့ ဒါက မိမိလူမျိုးကိုချစ်ရာရောက်တယ်လို့် ကျွန်တော်မြင်ပါတယ်။တကယ် လို့ မိမိ phone ringtone ကိုရှမ်းအိုးစည်မောင်းဆိုင်းသံ ဒါမှမဟုတ် ရှမ်းသီးချင်းလေးတွေလုပ်ထားတယ်ထားပါတော့။တကယ်လို့ တခြားလူမျိုးတွေကြားမှာမိမိဖုန်းလာလို့ မိမိ ဖုန်း ringtone သံကို ကြားလိုက်တာနဲ့''သြော် ...သူဟာ ရှမ်းလူမျိုးပါလား.သူ့လူမျိုးကို ဘယ်လောက်ချစ်သလဲ ဆိုတာ သူဖုန်း ringtone တောင် သူ့လူမျိုးတူရိယာသံနဲ့လုပ်ထားတာပါလား ''ဆိုတဲ့ ဂုဏ်ရှိနိုင်သလို မိမိလူမျိုးအတွက်ပါဂုဏ်ဆောင်ပေးနိုင်ပါတယ်။ ဒီအရာတွေကြောင့် မိမိလူမျိုးအပေါ်ကိုတခြားသော လူမျိုးတွေက အထင်ကြီးလေးစား လာနိုင်ပါတယ်။

ပြောရမယ်ဆိုရင်တော့ ဗမာလူမျိုးတွေက ကိုယ့် ဖုန်းringtone ကို
သူတို့လူမျိုးတီးတဲ့ ဆိုင်းဝိုင်းအသံကြီးတွေနဲ့ ထည့်ထားတဲ့လူ
ဆိုလို့ ကျွန်တော် တခါမှမတွေ့ဖူးသလို ဒီလို ringtone အသံဆိုလို့
ကျွန်တော်ဗမာလူမျိုး တစ်စုံတစ်ယောက်ဆီမှ တစ်ခါမှမကြားခဲ့ဖူးပါဘူး။
ဘာတဲ့ Hip Hop လား Pop လား Rock လား ဆိုတဲ့ ringtone တွေပဲ
ကြားဖူးတယ်။ဒါကြောင့် ကျွန်တော်တို့ရှမ်းလူငယ်တွေ အနေနဲ့
ဖြစ်နိုင်ရင် ကိုယ့်လူမျိုးရိုးရာ သီချင်းတွေနဲ့ ဖြစ်ဖြစ် အိုးစည်မောင်းဆိုင်သံ
တွေနဲ့ပဲဖြစ် ထည့်ထားစေချင်ပါတယ်။ဒါကကြီးလေးပြီး မလုပ်နိုင်တဲ့
ကိစ္စတစ်ခုမဟုတ်ပါဘူး။ဒီကိစ္စလေးတွေနဲ့ ပတ်သတ်ပြီး ကျွန်တော်
ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးကို ပြောပြချင်ပါတယ်။
ကျွန်တော်တက္ကသိုလ် first year ,first Semester တက်တော့ ကျောင်းမှာ
ဆယ်တန်းတုန်းက မုံရွာ အထက ( ၃ )မှာ ကျောင်းတက်စဉ်က
ချောင်းဦးမြို့က သူငယ်ချင်းတစ်ယောက်နဲ့ပြန်တွေ့တယ်။

ဒီလိုနဲ့ သူက ကျွန်တော့်ကို အပြင်က ဆိုင်တစ်ဆိုင်မှာမုန့်လိုက်ကျွေးတယ်။အဲ့ ဒီတုန်းက ကျွန်တော်လည်း ဖုန်းringtoneကို '' မောက်ဟန်လီ ''ဆိုတဲ့ ရှမ်းသီချင်းကို ringtone လုပ်ထားမိလိုက်တယ်။ဒီလိုနဲ့ ဆိုင်မှာထိုင်ရင်း first smester က အခန်းဖော်သူငယ်ချင်းတစ်ယောက်ကtutorial.ရှိတဲ့ အကြောင်းကျွန်တော့်ကို ဖုန်းလှမ်းဆက်တော့ဖုန်းringtonက ''မောက်ဟန်လီ ''သီချင်းအစအတိုင်း 'ရှမ်းအိုစည်မောင်းဆိုင်းအသံလေး မြည်လာတယ် အဲ့ဒီနဲ့ ကျွန်တော်က ဖုန်းပြောလိုက်တယ်။ဖုန်းလည်းချပြီးရော သူကပြောလာတယ်။

'' မင်းကိုတော့ အထင်ကြီးသွားပြီသူငယ်ချင်းရေ ''တဲ့ ကျွန်တော်လည်း
သူအထင်ကြီးအောင် ကျွန်တော်က ဘာမှမလုပ်ပြသေးပဲ သူကျွန်တော့်ကို
အထင်ကြီးသွားတယ်ဆိုတော့ ကျွန်တော်အံ့သြသွားတယ်။သူပြောတာကို
ကျွန်တော်ပြန်မေးလိုက်တော့ သူကပြောတယ် ''ခဏနေတုန်းက မင်းဖုန်း
ringtone ကို မင်းရဲ့လူမျိုး တူရိယာ တီးလုံးနဲ့ လုပ်ထားတယ်လေ
အဲ့ဒါက မင်းလူမျိုးအပေါ်ဘယ်လောက်ချစ်တယ် ဆိုတာ ပြလိုက်တာ
ပဲလေ ''ပြောလိုက်တယ် ။သူလည်း ကျောင်းနေတုန်းက စာအုပ်ဖတ်တဲ့
သူတစ်ယောက်ပီပီ ကျွန်တော်ကို သေချာစေ့စပ်စွာနဲ့ ပြောလိုက်တဲ စကားကြောင့်ကျွန်တော်ကိုယ် ကျွန်တော် အံ့သြသွားမိတယ်။ဒါကြောင့် အဲ့ဒီအချိန်စပြီးကျွန်တော့် လူမျိုးအပေါ် ချစ်တတ်လာခဲ့တယ်။

ထို့နောက် မုံရွာတက္ကသိုလ်ရှမ်းတိုင်းရင်းသားများစာပေနှင့် ယဉ်ကျေးမှု
ကော်မတီမှာ စိတ်ပါဝင်စားစွာနဲ့ ကိုယ့်ထက် ဝါရင့်ပြီး အတွေ့အကြုံ
ရင့်ကျက်တဲ့ အစ်ကိုအစ်မတွေနဲ့ လက်တွဲပြီး အမျိုးသားရေးကိစ္စကို လုပ်တတ်လာခဲ့တယ်။ဒါတွေ ဟာ ဘာမဟုတ်တဲ့ Phone ringtone လေး
တစ်ခုကြောင့် ကျွန်တော် ကိုယ့်အမျိုးသားရေးကို စိတ်ပါလက်ပါ
လုပ်ချင်သွားခဲ့တယ်။ဒါကြောင့် ကျွန်တော့်ထက် အသက်ကြီးတဲ့
အစ်ကိုအစ်မ တွေ ကျွန်တော်နဲ့ ရွယ်တူတွေ ညီမလေးတွေ အနေနဲ့
ကိုယ့်ရှမ်းလူမျိုးကို ချစ်တယ်ဆိုရင် ကိုယ့်ရှမ်းအိုစည်မောင်းဆိုင်း
ဒါမှမဟုတ် ရှမ်းသီလေးတွေနဲ့ ringtone လုပ်ထားစေချင်ပါတယ်။
တခြားHip Hop ၊ Pop ၊ Rock သီချင်းတွေမထည့်ရဘူးလားလို့
မေးလားရင်လည်း ထည့်နိုင်ပါတယ်။ဒါပေမယ့် ကျွန်တော့်အမြင်အနေနဲ့
ပြောရရင် မိမိလူမျိုး သီချင်းတွေနဲ့ ထည့်ထားရင်ပိုကောင်းတယ်လို့ မြင်မိတဲ့ အတွက်ဖြစ်ပါတယ်။ကျွန်တော်လည်းHip Hop ၊ Pop.၊ Rock သီချင်းတွေကိုလည်းကြိုက်နှစ်သက်တဲ့ သူတစ်ယောက်ပါ သို့သော် ရှေးလူကြီးတွေရဲ့ဆုံးမစကားဖြစ်တဲ့ ''ဖြစ်ချင်တာထက် ဖြစ်သင့်တာကို အရင်လုပ်ရမယ် ''ဆိုတဲ့စကားအတိုင်း ထိုကိစ္စလေးသည် လုပ်သင့်သည့် ကိစ္စတစ်ခုဟုထင်မြင်မိသည့်အတွက်ကြောင့်ဖြစ်ပါသည်။ထို့ကြောင့် ရှမ်းလူငယ်မောင်မယ်များအနေနှင့် မိမိဖုန်း Wallpaper မှာ ရှမ်းရိုးရာနဲ့ဆိုင်တဲ့ပုံတွေတင် ၊ ringtone တွေကို ရှမ်းသီးချင်း အိုးစည်မောင်းဆိုင်းအသံတွေနဲ့လုပ်ပြီး တစ်ခြားလူမျိုးကြားတွင် ရှမ်းသီချင်းလေးတွေ နားထောင်ပြီးနေစေချင်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

ကျွန်တော်လည်း ယခုကျွန်တော့် ဖုန်းringtone ကို ''ဆိင်းဖုမ်းတ'း မှ
ringtone လေးတွေနဲ့ ဖုန်းringtone ကိုလုပ်ထားတယ်။
wallpaper ကိုလည်း ကျွန်တော်ငယ်ငယ်က အဖွားပြောပြတတ်တဲ့
''မိုင်းမောဝ် အင်ပါယာဘုရင် စဝ်ဆေခမ်းဖကိုအားကျပြီး စဝ်ဆေခမ်းဖရဲ့
ပန်းချီပုံကို တင်ထားတယ်။အားလုံးအားလေးစားလျှက် ။

စိုင်းခွန်ခမ်းဖ (ခ)စိုင်းနောင် [ မုံရွာတက္ကသိုလ် ]
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment