သျှမ်းအမျိုးသားကို ပလောင်လူငယ်တစ်စုမှ ရိုက်နှက်


22.9.2015
နမ့်ခမ်းမြို့နယ် အောင်မေတ္တာရပ်ကွက်နေ လုံးစိုင်းရီကို ပလောင် လူငယ်တစ်စုမှ ရိုက်နှက်ကာ ဖုန်းနှင့်ငွေ ကိုယူသွားကြောင်း သိရပါတယ်။

လွန်ခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ ည ၄း၀၀ နာရီအချိန်ခန့် တွင် အောင်မေတ္တာ ရပ်ကွက်နေ လုံးစိုင်းရီ အသက် ၄၄ နှစ်နှင့် သား စိုင်းကျိန် အသက် ၁၅ နှစ် တို့ သားအဖ ဝမ်နားရပ်ကွက် အနီးရှိ တောင် ကုန်း၌ ခြံလုပ်နေစဉ် ပလောင်အမျိုးသား တစ်စု လူ(၃၀) ကျော် ခြံထဲဝင်လာပြီး ဘာညာမပြောပဲ လုံးစိုင်းရီကို ရိုက်နှက်ကာ လုံးစိုင်းရီ ပါလာသည့် လွယ်အိတ်ထဲမှ ဖုန်းတစ်လုံးနှင့် ငွေသား နှစ်သောင်းကျပ် (၂၀၀၀၀) ယူပြီးနောက် ခေါင်းကိုလွယ်အိတ်ဖြင့် စွပ် လက်နှစ်ဖက်ကိုလည်း လက်ထိပ်ခတ်ကာ လျှပ်စစ်ဖြင့် ရှော့တိုက်ပြီးနောက် ဘယ်သူ့ကိုမှမတိုင်ရ တိုင်ရင်ဒီထက်ပိုခံရမည်ဟု ခြိမ်းခြောက် သွားပြန်ကြောင်း သိရှိရပါတယ်။

လုံးစိုင်းရီကို လာရောက် ရိုက်နှက်သည့် ပလောင်လူငယ်အဖွဲ့သည် နမ့်ခမ်းမြို့နယ် စခန်းသစ်မြောက်ဘက် ရှိ သာယာကုန်းရပ်ကွက်သစ် အတွင်း၌ နေထိုင်သည့် သူများဖြစ်သည်။

လုံးစိုင်းရီ တို့သားအဖ နှင့် ထိုပလောင်လူငယ်အဖွဲ့တို့သည် တစ်ခါမှ ခိုက်ရန်ဖြစ်ပွားခြင်းမရှိပဲ ဘာကြောင့် ဒီလိုလုပ်ရသည်ကို နားမလည် ပလောင်လူငယ်များ၏ လုပ်ရပ်များဟာ ဥပဒေမဲ့ နိုင်ငံဖြစ်နေသလို ခံစားရတယ်လို့ ဒေသခံတစ်ဦးမှ သုံးသပ်ပြောပြခဲ့သည်။

လုံးစိုင်းရီ ကို ပလောင်လူငယ်တစ်စုက ဝိုင်းရိုက်သည့် အကြောင်းကို နမ့်ခမ်းလူငယ်အဖွဲ့မှ နမ့်ခမ်းကျားဖြူ ရုံးသို့ တင်သွင်းထားသော်လည်း ကျားဖြူရုံးမှ ရပ်ကွက်လူကြီးထံအကြောင်းကြားပြီး အမှုကို အရင်ဖြေရှင်း ခိုင်းပါ မပြေလည်လျှင်  ကျားဖြူပါတီမှ ကူညီဖြေရှင်းပေး မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင် လုံးစိုင်းရီကို ရိုက်သည့် သာယာကုန်းရပ်ကွက်သစ်နေ ပလောင်လူငယ်တစ်စုတို့ကိုခေါ်ပြီး ရပ်ကွက်လူကြီးနှင့် ရပ်မိရပ်ဖများ ဖြေရှင်းပေးခဲ့ရာ လုံးစိုင်းရီ ဘက်မှ ကုန်ကျသည့် ဆေးဖိုးကို ပလောင်လူငယ်ဘက်မှ တာဝန်ယူပေးရန် ဆုံးဖြတ်ပေးခဲ့သော်လည်း ပလောင်လူငယ်ဘက်မှ မပေး နိုင်ကြောင်း ပြောဆိုခဲ့သောကြောင့် လုံးစိုင်းရီ ရိုက်ခံရသည့် ကိစ္စပြီးဆုံးမှုမရှိခဲ့ကြောင်း သိရပါတယ်။

Taifreedom
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment