တာဝန်ရှိရဲများထံ ဆက်ကြေးပေးသွင်းလျှင် မူးယစ်ဆေးဝါး လွတ်လပ်စွာ ရောင်းဝယ်သုံးစွဲနိုင်

22.9.2015

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများကို အစိုးရ  နယ်မြေထိန်းသိမ်းသူရဲများထံသို့ ဆက်ကြေးဆောင်ပြီး လွတ်လပ်စွာ ရောင်းဝယ်သုံးစွဲနိုင်ကြောင်း သိရပါတယ်။

လွန်ခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁း၀၀ နာရီအချိန်ခန့်တွင် မိုးနဲမြို့နယ် နယ်မြေထိန်းသိမ်းရေးရဲ မှ သိန်းကျော်မြင့် ဦးဆောင်ပြီး လက်အောက်ငယ်သား ၂ ဦးနှင့်အတူ မိုးနဲမှ မိုက်ဟိုင်းအုပ်စု ကုန်းမောက် စီလီရွာထဲသွားပြီး ရွာအတွင်း မူးယစ်ဆေးဝါး လွတ်လပ်စွာရောင်းဝယ် သုံးစွဲရန်အတွက် နယ်မြေထိန်းသိမ်းရေး တာဝန်ရှိ ရဲ များထံ တပတ်လျှင် လေးသောင်းကျပ် (၄၀၀၀၀) ဆက်ကြေးဆောင်ရန် မဆောင်ပါက ရောင်းခွင့်မပြုဟု ပြောကြားခဲ့ကြောင်း။

သိန်းကျော်မြင့် (မိုးနဲမြို့နယ် နယ်မြေထိန်းသိမ်းရေး တာဝန်ရှိ ရဲ)မှ  ဆက်ကြေးဆောင်ပြီး ရောင်း ခွင့်ပြုခဲ့သောကြောင့် ကုန်းမောက်စီလီ ရှိ ရပ်ကွက် ၂ ရပ်ကွက်မှ မူးယစ်ဆေးဝါးရောင်းဝယ်သည့် အိမ် ၉ အိမ် ဆက်ကြေးဆောင်ခဲ့ပြီး မူးယစ်ဆေးဝါးများကို လွတ်လပ်စွာ ရောင်းဝယ် ခဲ့သောကြောင့် ယခုအချိန်တွင် မူးယစ်ဆေးဝါး (ယာဘ) များကျေးရွာအုပ်စု အတွင်း၌ များပြားလာသည်ဖြစ်ကြောင်း ဒေသခံတစ်ဦး မှ သတင်းပေးပို့ခဲ့ပါတယ်။

အစိုးရ တာဝန်ရှိရဲများမှ ဆက်ကြေးပေးဆောင်ပြီး လွတ်လပ်စွာ မူးယစ်ဆေးဝါးများ ရောင်းဝယ် နိုင်သောကြောင့် မူးယစ်ဆေးဝါး များ ပေါများလာခြင်းကို ဒေသခံပြည်သူများ စိုးရိမ်သောကြောင့် ပေါ များလာသည့် မူးယစ်ဆေးဝါးများပပျောက်အောင် ကူညီပေးရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့ ထံ ဒေသခံများ တောင်းဆိုလိုက်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

ကုန်းမက်စီလီရွာ၌ လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့တွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီမှ တာဝန်ရှိသူများနှင့် ဒေသခံများ ပူးပေါင်းပြီး  မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများကို စစ်ဆေးဖမ်းဆီး ခဲ့ပြီး နောက်ပိုင်း မူးယစ်ဆေးဝါးများ ပပျောက်သွားခဲ့ပြီ ဖြစ်သော်လည်း ယခု ရဲများမှ ဆက်ကြေးဆောင် ပြီး လွပ်လပ်စွာရောင်းဝယ်မှုပြုခဲ့သောကြောင့်မူးယစ်ဆေးဝါးများ နောက်တစ်ကြိမ် ပေါများလာသည်ဖြစ်ကြောင်း
 ဒေသခံတစ်ဦးမှ သတင်းပို့ခဲ့ပါတယ်။

ကုန်းမောက်စီလီ ရွာသည် အိမ်ခြေပေါင်း ၂၀၀ ခန့်ရှိပြီး လူဦးရေ ၁၂၀၀ ကျော် ရှိသည့် ရွာဖြစ်ပြီး လီဆောလူမျိုးနှင့်ပဒေါင်းလူမျိုးများ အများဆုံးနေထိုင်သည့် ရွာတစ်ရွာဖြစ်ကာ မိုးနဲမြို့နှင့် ၃ မိုင်ဝေးသည်။

#Taifreedom
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment