တရုတ်နိုင်ငံတွင် နှစ်ပေါင်း ၆၀ အတွင်း အကြီးမားဆုံး ဖမ်းဆီးမိ ခဲ့သည့် ငွေအတု စက်ရုံ
ယခုလို့  တရုတ်ငွေစက္ကူအတု ယွမ် သန်းပေါင်း ၂၁၀ (ဒေါ်လာသန်း ၃၂သန်းခန့်  )နဲ့  အတူ အရည်သွေးကောင်း တဲ့ ငွေတု ထုတ် စက်တွေကိုပါGuangdong Province ကွမ်တုံ ပြည်နယ် ဟိုင်ဇောင် Huizhou မြို့ ကစက်ရုံတရုံ မှာ ရဲတွေက ၀င်ရောက်စီးနင်းခဲ့ပါတယ်။
အလုပ်သမားပေါင်း ၂၉ ဦးနဲ့ အတူ အဓိက ဦးဆောင်လုပ်နေသူ ငါးဦးကိုပါဖမ်းဆီး နိုင်ခဲ့ပါတယ်၊ အတုငွေစက္ကူတွေကတော့ ၁၀၀ တန် ၅၀ တန်တွေဖြစ်ပြီး ငွေစက္ကူအတုတွေကို စက်တင်ဘာလ၂၇ရက် လပြည့်ည ဆုတောင်းပွဲတော်မှာ ပြည်တွင်းနဲ့  နယ်စပ် မြို့ တွေမှာ စတင် ဖြန့် မှာဖြစ်ပြီး ဖမ်းမိ
တဲ့သူတွေမှာ တရုတ်အစိုးရ ငွေစက္ကူထုတ် တဲ့နေရာမှာလုပ်ဘူးတဲ့  ၀န်ထမ်းဟောင်တဦးပါဝင်ကြောင်း တရုတ်ရဲတွေက ထုတ်ဖေါ်ပြော ဆိုခဲ့ပါတယ်။
ယခုပြုလုပ်နေတဲ့  ငွေအတု စက်ရုံက ယွမ်ငွေ တွေဟာ နယ်စပ်တ လျှောက်က မှောင်ခို ဖြန့် ဖြူး ပေးမယ့် သူတွေကို ယွမ်အတု ၁၀၀ တန်တရွတ်ကိုလေးဒေါ်လာ (ပုံမှန်မှာ ယွမ်ငွေ ၁၀၀ လျှင် ၁၆ ဒေါ်လာ)နဲ့ ရောင်းဘို့  ဈေးစပ်ပြီးမှ တရုတ်ရဲတွေက ငွေအတုစက်ရုံကို ခြေရာခံမိခဲ့ကြောင်း၊ ခုလို နိုင်ငံတော်အတွက်ထိခိုက်ဆုံးအန္တရယ်ပေးနေတာမို့ ပါဝင်ပါတ်သက် နေသူတွေကိုဆက်လက်ဖေါ်ထုတ်
အရေးယူသွားမှာဖြစ် တယ်လို့  တရုတ်နိုင်ငံ အေဂျင်စီ သတင်းတွင် ဖေါ်ပြထားပါတယ်။
Social Action for Women - SAW.
0 comments:
Post a Comment