SSPP / SSA လည်း ဒီပုတ်ထဲကဒီပဲပါပဲ




ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်နဲ့ မိုင်းနောင်မြို့နယ်ထဲမှာ အစိုးရတပ်တွေနဲ့ SSPP/SSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာ အခုဆိုရင် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါ တယ်။ အောက်တိုဘာ ၉ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ SSPP/SSA အဖွဲ့ဟာ လူ၊ လက်နက် အင်အားလည်း ဆုတ်ယုတ်လာတဲ့အတွက် သူတို့နဲ့ မိုက်ဖော်မိုက်ဖက် KIA၊ TNLA နဲ့ `` ၀ ´´ တွေဆီကနေ အကူအညီတောင်းရတဲ့ အခြေအနေဖြစ်လာပါတယ်။ 
 
လိုအပ်တဲ့လက်နက်ခဲယမ်းတွေဖြည့်တင်းဖို့ SSPP/SSA ဟာ သိမ်းထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ထုတ်ရောင်းရတဲ့အထိယိမ်းယိုင်လာခဲ့ပါတယ်။ ကူတိုက်ပေးတဲ့ လက်နက်ကိုင် တွေကိုလည်း တန်ရာတန်ကြေးပေးရမှာ ဆိုတော့ ငွေလိုလာမှာပေါ့။ SSPP/SSA ရဲ့ အဓိက စီးပွားရေးလုပ်ငန်းဟာ သစ်မှောင်ခို၊ ကျောက်စိမ်းနဲ့ ရွှေမှောင်ခိုတွေအပြင် မူးယစ်ဆေးဝါးမှောင်ခို လည်း အပါ အ၀င်ဖြစ်ပါတယ်။

တိုက်ပွဲတွေပြင်းထန်လာတာကတစ်ကြောင်း၊ ၀မ်ဟိုင်းဌာနချုပ်ကို အစိုးရတပ်တွေက သိမ်းပိုက်တော့မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေ ကလည်းတစ်ကြောင်းမို့ SSPP/SSA အနေနဲ့ ကြံရာမရဖြစ်နေပါတယ်။ ၀မ်ဟိုင်း ဌာနချုပ်ကို ကာကွယ်ရင်း သေကြေဒဏ်ရာရတဲ့သူတွေကလည်း များလာတော့ မိသားစုတွေကို နှစ်သိမ့်ဖို့ ထောက်ပံ့ရမယ်၊ ဒဏ်ရာရ သူတွေကို ကုသဖို့ဆေးဖိုးဝါးခ လိုလာတယ်။ ဒီတော့ စိတ်ကြွရူး သွပ်ဆေးပြားတွေ ထုတ်ရောင်းဖို့ လုပ်ရတော့တာပေါ့။ ဒါပေမယ့် SSPP/SSA ကံဆိုးပါတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသ လို စိတ်ကြွရူး သွပ်ဆေးပြားတွေ ထုတ်ရောင်းကာမှ ဖမ်းဆီးခံရပြန်ပါတယ်။ အဖမ်းခံရတဲ့ တရားခံတွေရဲ့ ထွက်ဆိုချက်အရ SSPP/SSA က ရောင်းခိုင်းတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေဆိုတာ ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါ တယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်သွားကားလမ်း၊ ပန်ခေါက် ၀ိုးကျေးရွာဘုန်းကြီးကျောင်းအနီး မှာ နိုဝင် ဘာ ၂ ရက်နေ့က ကာလတန်ဖိုး ကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းဖမ်းဆီး ရမိခဲ့ တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတရားခံတွေကတော့ ကားသမားခွန်ကျော်သက်၊ ဆရာတော် ဦးဝိမလ (ခေါ်) ဇော်ဦးနဲ့ စိုင်းဆမ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။ စိတ်ကြွရူးသွပ်ဆေးပြားတွေ သယ်ဆောင်လာတဲ့ အဓိက တရားခံ ဟာ စိုင်းဆမ်ဖြစ်ပြီး ဆရာတော်နဲ့ ကားသမားကို လိုက်ပါပို့ဆောင်ခအဖြစ် တစ်ဦးကို ကျပ်သိန်း ၅၀ ပေးမယ် ဆိုပြီး ခေါ်လာခဲ့တယ်လို့ သိရပါတယ်။ `

ဖြစ်စဉ်ကတော့ အဓိကတရားခံ စိုင်းဆမ်ဆီကို SSPP/SSA အဖွဲ့မှ စုမှူးအဆင့်ရှိ စိုင်းထွန်းရီဆိုသူ က ဆေးပြား ၂ သိန်းလာရောက်ပို့ဆောင် ခဲ့ပြီး ဆေးပြား များရောင်းချပြီးပါက ငွေကျပ်သိန်း ၈၀၀ ပေးမယ်လို့ ပြောကြား ခဲ့ကြောင်း၊ ခွန်ကျော်သက်၊ ကိုသိန်းတို့နဲ့အတူ မြ၀တီမြို့သို့ သွားရောက်ရောင်းချရန် သဘောတူခဲ့ပြီး လမ်းခရီး တွင် စစ်ဆေးတဲ့အခါ အဆင်ပြေစေဖို့ ဆရာတော် ဦးဝိမလအားကျပ်သိန်း ၅၀ ပေးမယ်လို့ပြော ကာ ခေါင်း ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း၊ နမ့်စန်မှ လွိုင်လင်သို့လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း လွိုင်လင် မြို့နယ်ရဲ စခန်းမှ တာဝန်ကျရဲအရာရှိ တစ်ဦးရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ အခြားနည်းလမ်းတွေနဲ့ ထုတ်ရောင်း နေတာတွေလည်း ရှိတာကို သတင်းများလည်း ရရှိထားပါတယ်။

ဒါဆိုရင် စိတ်ကြွရှုးသွပ်ဆေးပြားတွေရဲ့ ပိုင်ရှင်ဟာ SSPP/SSA အဖွဲ့ဆိုတာ သေချာသွားပြီဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ထဲမှာ မူးယစ်ဆေးဝါးနာမည်ဆိုးနဲ့ ကျော်ကြားတာဆိုလို့ `` ၀ ´´ ဒေသက မူးယစ်ရာဇာတွေ၊ KIA ခေါင်းဆောင်တွေ၊ NDAA (မိုင်းလား)ခေါင်းဆောင် စိုင်းလင်း၊ TNLA အဖွဲ့နဲ့ MNDAA အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင် တို့လောက်သာ ရှိခဲ့တာပါ။ အခု SSPP/SSA ခေါင်းဆောင်တွေဟာလည်း စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ စီးပွားရှာနေတဲ့ လက်နက်ကိုင်အဖွဲ့ဆိုတာ ဘူးပေါ်သလိုပေါ်သွားပါပြီ။ မူးယစ် ဆေးဝါးမှောင်ခိုလုပ်ငန်းက ရနေတဲ့ငွေတွေနဲ့ ရပ်တည်နေတဲ့ SSPP/SSA ဟာ ၀မ်ဟိုင်းဌာနချုပ်မှာ သာမက နယ်မြေကျူးကျော်ပြီး စခန်းသစ်တွေဆောက်ပြီး အင်အားတိုးချဲ့ လာတာ တွေ့ရပါတယ်။ အစိုးရနဲ့ ပြည်ထောင်စု အဆင့် အပစ်ရပ်လက် မှတ်ထိုးခဲ့တာကို အခွင့်ကောင်းယူပြီး နယ်မြေကျော်လွန်အခြေချဖို့ ကြိုးစားလာခဲ့တာ ဖြစ် ပါတယ်။ မိုင်းရှူးမြို့နယ်၊ တာစံဖူး၊ တူးယား၊ တာကောင်းမူ ရွာတွေအနီးမှာ SSPP/SSA အဖွဲ့က စခန်း သစ်တွေဆောက်လို့ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရတာပါ။

ဒီနေ့အချိန်ထိ တိုက်ပွဲတွေပြင်းထန်နေတာမို့ မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီး စတဲ့မြို့နယ်တွေ မှာ ရွေးကောက်ပွဲမ ကျင်းပနိုင်တော့ဘူးလို့ ကော်မရှင် က ကြေညာခဲ့ပြီးဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတုန်းပါပဲ။ ဒီတိုက်ပွဲတွေဘယ်တော့အဆုံး သတ်မလဲ။ မူးယစ်ဆေးဝါးမှောင်ခို လုပ်ငန်းနဲ့ ရပ်တည်နေတဲ့အဖွဲ့၊ ငြိမ်းချမ်းရေး ကတိက၀တ်တွေကို ဖောက်ဖျက်ပြီး တိုက်ပွဲတွေဖြစ်အောင် ဖန်တီးတဲ့အဖွဲ့၊ ဒေသခံတွေကို ဒုက္ခသည်အဖြစ် အသုံးချတဲ့အဖွဲ့ အမြင်မှန်မရသရွေ့တိုက်ပွဲတွေ ဆက်ဖြစ် နေဦးမှာပဲ။ ဒေသခံတွေရဲ့ ကံကြမ္မာဟာ မူးယစ်ရာဇာ ဂိုဏ်းတဖြစ်လဲ SSPP/SSA ရဲ့ လက်ထဲမှာ ရှိတယ်လို့ပဲ မြင်ပါတယ်။ ငြိမ်းချမ်းရေးမယူတဲ့ လက်နက်ကိုင်ခေါင်း ဆောင်တွေဟာ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းနဲ့ ကိုယ်ကျိုးစီးပွားရှာနေကြသူတွေဖြစ်ပြီး ရာထူးအာဏာတည်မြဲဖို့ ဒေသခံတွေ ကို အကြောက်တရားနဲ့ အသုံးချ နေကြပါတယ်။ အဲဒီအထဲမှာ SSPP/SSA ဟာလည်း ဒီပုတ်ထဲက ဒီပဲလို့သာ ပြောချင်ပါတယ်။

စိုင်းအောင်ခမ်း
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment