တောင်ကြီးမြို့နယ် SNLD ရုံးဆိုင်းဘုတ်တင်ပွဲ RCSS/SSA စစ်ကြောင်း တက်ရောက်အားပေး





5.10.2015

တောင်ကြီးမြို့နယ် နန်းဟောင်းမွေတော်ကျေးရွာတွင် အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပခဲ့သော SNLD ကျားခေါင်းပါတီ၏ ဆိုင်းဘုတ်တင်ပွဲ သို့ ဒေသအတွင်း လှုပ်ရှားနေသည့် RCSS/SSA သျှမ်းပြည် တပ်မတော်မှ တပ်ဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

"တပ်ဖွဲ့ဝင် ၅၀ လောက်ရှိတယ် ရောက်လာကြတာ။ အားလုံးနွေးနွေးေ ထွးထွေးပါပဲ။ အခမ်းအနားပြီး မှ ပြန်သွားကြတယ်။ တွေ့ရလိမ့်မယ်လို့တောင် မမျှော်လင့်မိဘူး။ တွေ့ရတော့လည်း ကိုယ့်တိုင်းရင်း သားအချင်းချင်းဆိုတော့ အတိုင်းမသိ ၀မ်းသာပါတယ်။" - ဟု တောင်ကြီးမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် ကျားခေါင်းပါတီ၏ ပြည်နယ် လွှတ်တော်ကိုယ်စား လှယ်ေ လာင်း ဖြစ်သူ နန်းမြဦးက ပြောသည်။

ယခုကဲ့သို့ လာရောက်အားပေးမှုမှာ သျှမ်းပြည်နယ်တောင်ပိုင်း ရှိ ကျေးလက်ဒေသများတွင် မဲဆွယ်စည်းရုံးခွင့်ပြန်လည်ခွင့်ပြုကြောင်း RCSS/SSA မှ ကြေငြာပြီးသည့် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မဲဆွယ်စည်းရုံးမှုများကို လာရောက်အားပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

လွန်ခဲ့သည့် စက်တင်ဘာလအတွင်းက တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့တို့အကြား သျှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များေ ကြာင့် မြို့နယ်အချို့ရှိ ကျေးရွာများတွင် မဲဆွယ်စည်းရုံးမှုခေတ္တ ရပ်နား ထားကြရန် RCSS/SSA မှ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

ယင်းနောက်ပိုင်းအောက်တိုဘာလ ၁ ရက်နေ့မှစ၍ မဲဆွယ်စည်းရုံးေ ရးဆင်းမည့် ပါတီများအနေဖြင့် ဆက်ဆံရေးရုံးများတွင် အကြောင်းကြားပြီး စည်းရုံးရေးဆင်းကြရန် ဆိုသည့်အချက်ဖြင့် RCSS/SSA မှ အောက်တိုဘာလ ၁ ရက်နေ့တွင် မဲဆွယ်စည်းရုံးခွင့် ပြန်လည် ခွင့်ပြုပေးခဲ့သည်။

"ကျမကတော့ ကိုယ်ကလည်း တိုင်းရင်းသား ဆိုတော့ မကြောက်ပါဘူး။ တိုင်းရင်းသားအရေးနဲ့ ငြိမ်း ချမ်းရေးက တိုက်ရိုက်ဆက်နွယ်နေတယ်။ တချို့ကလည်း ကျမပြိုင်မဲ့ နယ်မြေထဲမှာ သူတို့ ရှိနေ မှန်းတောင် သေချာ မသိဘူး။ ဖေ့စ်ဘုခ်မှာ ပုံတွေ တင်လိုက်တော့ တချို့ကလည်း ၁၇ (၁) နဲ့ ညှိနိုင်တယ်လို့ သတိပေးတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီးမှ အဲဒီပုဒ်မနဲ့ ညှိစွန်း မယ်ဆိုရင်လည်း မတတ်နိုင်ပါဘူး။ ကျမ ကလည်း တိုင်းရင်းသားအရေး လုပ်မဲ့ သူဆိုတော့လေ" - ဟု နန်းမြဦး က ပြောပါသည်။

အန်အယ်လ်ဒီပါတီ အပါအ၀င် ပါတီအချို့မှ တိုင်းရင်းသား လက်နက်ကိုင် များအပါဝင် မတရားအသင်း များနှင့် ဆက်သွယ်မှု မပြုလုပ်ရန် တရား ၀င် ကြေငြာချက် ထုတ်ပြန်ထားသည်။

ယမန်နှစ်က ဖွဲ့စည်းထားသည့် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU တွင် ကျားခေါင်း SNLD အပြင် ကျားဖြူပါတီ SNDP ၊ သျှမ်းပြည်တပ်မတော် RCSS, SSPP နှင့် ဆင်ကျော့ဌာနေပြည်သူ့စစ် တို့ ပါဝင်ပါသည်။

သျှမ်းသံတော်ဆင့်

Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment