အင်ဒိုနီးရှား၏ သစ်တောမီးလောင်မှု စံချိန်တင် အဆိုးရွားဆုံး မီးလောင်မှုဖြစ်လာနိုင်ကြောင်း နာဆာပြောကြား အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်း၌ တောမီးများ လောင်ကျွမ်းနေခြင်းအား


ငြိမ်းသတ်နေသည်ကို စက်တင်ဘာ ၂၃ ရက်ကတွေ့ရစဉ် (Photo: AFP) အင်ဒိုနီးရှားတွင် သစ်တောများ မီးလောင်မှုသည် အဆိုးရွားဆုံး စံချိန်တင်လောင်ကျွမ်းမှု ဖြစ်လာနိုင်ဖွယ်ရှိကြောင်း နာဆာမှ သိပ္ပံပညာရှင်များက သတိပေးခဲ့သည်။ မီးခိုးမြူပြဿနာသည် ရှည်လျားသော ခြောက်သွေ့ ရာသီကြောင့် လောင်ကျွမ်းမှုကို လျှော့ချရန် အခက်အခဲများဖြစ်စေနိုင်ကြောင်း နာဆာက သတိပေးခဲ့သည်။

 အင်ဒိုနီးရှားတွင် စိမ့်တောများနှင့် စိုက်ခင်းများကို မီးရှို့ဖျက်ဆီးရာမှ ထွက်ပေါ်လာသော မီးခိုးမြူများကို မလေးရှား၊ စင်ကာပူနှင့် အင်ဒိုနီးရှားနယ်မြေ အများအပြားတွင် ခံစားနေရသည်မှာ ရက်သတ္တ ပတ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ မီးခိုးမြူပြဿနာသည် ခြောက်သွေ့ရာသီတွင် နှစ်စဉ်နီးပါး ကြုံတွေ့နေရသော ပြဿနာဖြစ်ပြီး မီးခိုးမြူများကြောင့် လေယာဉ်ခရီးစဉ်များ ရပ်နားရခြင်း၊ ကျောင်းများ ပိတ်ထားရခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံများအကြား သံတမန်ရေး တင်းမာမှုများ ဖြစ်စေခဲ့သည်။

သို့သော်လည်း ယခုနှစ် မီးခိုးမြူပြဿနာ သည် အဆိုးရွားဆုံးဖြစ်ရပ်တစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာအတွင်း အရှည်ကြာဆုံး မီးခိုးမြူဖုံးလွှမ်းမှု ဖြစ်သည်။ အယ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် အင်ဒိုနီးရှားတွင် ယခုနှစ်၌ ယခင်ကထက် ပိုမိုခြောက်သွေ့ပြီး မိုးရွာရန်လည်း အချိန်အတော်ကြာ စောင့်ဆိုင်းရဦးမည် ဖြစ်သည်။ ယခုနှစ် အင်ဒိုနီးရှားမီးခိုးမြူလွှမ်းမှုသည် ၁၉၉၇ ခုနှစ်ဖြစ်ရပ်နှင့် ဆင်တူပြီး စံချိန်ကို ချိုးနိုင်မည့် အလားအလာရှိသည်။ “စင်ကာပူက အခြေအနေနဲ့ ဆူမတ်တြား အရှေ့တောင်ပိုင်းက အခြေအနေတွေဟာ ၁၉၉၇ ခုနှစ်ကနဲ့ ဆင်တူနေပါတယ်” ဟု နာဆာ၏ အာကာသလေ့လာရေးဂို့ဒတ်သိပ္ပံတွင် အခြေစိုက်သော ကိုလံဘီယာတက္ကသိုလ်မှ သိပ္ပံပညာရှင် ရောဘတ်ဖီးက ပြောကြားခဲ့ကြောင်း နာဆာက ကိုးကားဖော်ပြခဲ့သည်။ ခြောက်သွေ့ရာသီ ပိုမိုကြာရှည်မည်ဟု ခန့်မှန်းချက်များအတိုင်း ဖြစ်လာပါက ၂၀၁၅ ခုနှစ်သည် စံချိန်တင် အဆိုးရွားဆုံးဖြစ်ရပ် စာရင်းဝင်မည်ဟု ၎င်းက ဆိုသည်။ အင်ဒိုနီးရှားအခြေစိုက် အပြည်ပြည်ဆိုင်ရာ သစ်တောသုတေသနသိပ္ပံမှ မီးခိုးမြူ ဆိုင်ရာ ကျွမ်းကျင်သူ ဟာရီပါနိုမိုက ယခုနှစ် သစ်တောမီးလောင်မှု ပမာဏသည် အန္တရာယ်ရှိအဆင့်ဖြစ်ပြီး ၁၉၉၇ ခုနှစ်က အခြေအနေနှင့် ဆင်တူကြောင်း ထောက်ခံပြောကြားခဲ့သည်။ အင်ဒိုနီးရှားသည် သစ်တောမီးကို ငြှိမ်းရန်အတွက် ရေဗုံးများကြဲချခြင်း၊ ဓာတုမိုးရွာသွန်းခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ဆူမတ်တြား နှင့် ကာလီမန်တန်တို့တွင် ရဲနှင့်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀၀၀ ကျော် တပ်ဖြန့်ထားသည်။

ယခုနှစ် အင်ဒိုနီးရှား သစ်တောမီးလောင်မှုကြောင့် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ တန် သန်း ၆၀၀ ခန့်ထွက်ရှိခဲ့ကြောင်း၊ ယင်းပမာဏသည် ဂျာမနီ၏ တစ်နှစ်တာထုတ်လုပ်မှု နှင့် ညီမျှကြောင်း နာဆာနှင့် ချိတ်ဆက်ထားသည့် Global Fire Emissions Database က ခန့်မှန်းထားသည်။ လွန်ခဲ့သောနှစ် ၂၀ နီး ပါးက စတင်ဖြစ်ပွားခဲ့သော တောမီးပြဿ နာကို ဖြေရှင်းရန် အင်ဒိုနီးရှားသည် ဖိအားများနှင့် ရင်ဆိုင်နေရသည်။

Eleven Media Group
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment