မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ခုတုံးလုပ်ပြီး လောင်းကစားဝိုင်းဖွင့်







17.10.2015

တာချီလိတ်ခရိုင် တာကော့ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း ပြုပြင်မွမ်းမံရန် အတွက် အလှူဒါယိကာ မရှိသောကြောင့် ရန်ပုံငွေရှာရန် ဘုန်းကြီးကျောင်း၌ မဟာပဌာန်းပါဋိတော်ရွတ်ဖတ်ပူဇော်ပွဲကျင်းပပြီး ပွဲတော်အတွင်း လောင်း ကစား ဝိုင်းများဖွင့်လှစ်ရန် တာဝန်ရှိ ရဲများထံ ခွင့်တောင်းပြီး ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်

အောက်တိုဘာလ ၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၁၃ ရက်ကြာ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ တွင် ည ၆း၀၀ နာရီမှ နံနက် ၄း၀၀ နာရီထိ လောင်းကစားဝိုင်းများဖွင့်လှစ်ရန် နယ်မြေအုပ်ချုပ်ရေးရဲများထံ ခွင့်တောင်း ရာ ရဲများမှ တစ်ညလျှင် ထိုင်းဘတ်ငွေ ၁၂၀၀၀ ၁၃ ရက်အတွက် ထိုင်းဘတ်ငွေ ၁၅၀၀၀၀ (၁ သိန်းခွဲ) မြန်မာငွေကျပ် သိန်း ၅၀ ဖြင့် လောင်း ကစားဒိုင်များမှ တာဝန်ရှိ ရဲများထံ အခွန်ဆောင်ပြီးဖွင့်လှစ် ခွင့်ရခဲ့သည် ဟု ဒေသခံတစ်ဦးမှ သတင်းပေးပို့ခဲ့ပါတယ်။

ပွဲတော်အတွင်းတွင် လောင်းကစားဝိုင်းမျိုးစုံဖွင့်လှစ်ထားပြီး ဒေသခံလူထောင် ပေါင်းများစွာ လာရောက် လောင်းကစားနေသည်ဟု သတင်းရရှိပါတယ်။

Taifreedom






Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment