အစိုးရတပ်မတော်ထိုးစစ်ဆင်မှုကြောင့် မိုင်းရှူးဒေသခံရွာသား ရာဂဏန်း စစ်ဘေးရင်ဆိုင်ရ

                                    ဓါတ်ပုံ- မိုင်းအတ် စစ်ဘေးရှောင် လူထု

အစိုးရတပ်မတော် စစ်ကြောင်းထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးဒေသခံ ရွာသူရွာသား ၂၀၀ ကျော် မိုင်းရှူးမြို့အနီး ရွာမကြီး တခုသို့ထပ်မံစစ် ဘေး ရှောင်နေရသည်ဟု သိရသည်။

အောက်တိုဘာ ၁၆ -၁၇ ရက် အတွင်း သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာန ချုပ် အနီး တပ်စခန်းတခု အား အစိုးရတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက် မှုကြောင့် ကျေးသီး- မိုင်းရှူး မြို့နယ်ကြား ဝမ့်ဆော့ အုပ်စုဝင် မိုင်းအတ်၊ ဝမ့်လွေ၊ ဝမ့်ဆော့ ဒေသခံများ နေရပ်မှ စစ်ဘေးရှောင်နေရသည်ဟု ဆိုသည်။

ဝမ့်ဆော့ရွာမ ရောက်စစ်ဘေးဒုက္ခသည်တဦးက - “ကျမ ဘာမှ ရမလာဘူး။ ကလေးတွေ တောင်ဆော့ရင်းကစားရင်းကြားက ချီလာရတာ။ စားစရာတွေ၊ အဝတ်အစားတွေဆို ပြောမနေနဲ့တော့ ယူချိန်တောင်မရလိုက်ဘူး။ ပြောင်း ဖူးသွား ကောက်ပြီးပြန် လာတာ လေ။ ထမင်းဟင်းတောင် မချက်ရသေး ဘူး။ သေနတ် သံက ရွာနားပေါက်တော့ ကလေး တွေကို ကောက်ချီပြီး ထွက်ပြေးလာတာ” - ဟု မျက်ရည်လည်ရွဲဖြင့် သျှမ်းသံတော်ဆင့်သို့ပြော သည်။

အောက်တိုဘာ ၆ ရက် နောင်ခိတ် နားပေ ကျေးရွာ၊ ဟိုင်းပါကျေးရွာအုပ်စု အတွင်းရှိ သျှမ်းပြည် တပ်မတော် တပ်စခန်းအား အစိုးရ စတင်ထိုးစစ်တိုက် ခိုက်မှုကြောင့်လည်း ဒေသခံ ထောင်ကျော် စစ်ဘေးရှောင်ရသည်။

လက်ရှိတွင်လည်း ဟိုင်းပါဘုန်းကြီးကျောင်းတွင် ဒေသခံ ၇၀၀ ကျော် စစ်ဘေးရှောင် လျက်ရှိနေပါသည်။

မိုင်းရှူးမြို့ ဆွေမျိုးများနေအိမ်များ၌သော်လည်းကောင်း၊ တောတောင်အတွင်း၌ သော် လည်းကောင်း ပုန်းအောင်းနေထိုင်သူ ရာဂဏန်းရှိနေသည်။

အစိုးရတပ်မတော်မှ သျှမ်း ပြည်တပ်မတော် SSPP/SSA အပေါ် ထိုးစစ်ဆင် မှုကြောင့် ဒေသခံ သုံးထောင်ကျော် စစ်ဘေးရင်ဆိုင်နေရသည်ဟု မိုင်းရှူးမြို့ခံ ရပ်မိ ရပ်ဖတဦးကပြောသည်။

အစိုးရတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA သည် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် အပစ်ရပ်လက် မှတ်ရေးထိုးကာ ငြိမ်းချမ်းရေးတည် ဆောက်ထား သည့် သျှမ်းလက်နက် ကိုင် တပ်ဖွဲ့ ဖြစ်သည်။

သျှမ်းသံတော်ဆင့်

Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment