17.10.2015
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် ကျားဖြူပါတီမှနှုတ်ထွက်သည့် သီပေါမြို့နယ် ကျားဖြူပါတီဥက္ကဌ စိုင်းကာလိန်ဝမ်းမှ တသီးပုဂ္ဂလ ပါတီ အနေဖြင့် လွှတ်တော်ကိုယ်စား လှယ် ၄ နေရာစလုံး ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်းသိရသည်။
“ ကျမတို့တသီးပုဂ္ဂလက ၄ နေရာလုံးဝင်မယ်။ ပြည်နယ်အမှတ် ၁ က စိုင်းနော်ခမ်း၊ ပြည်နယ်အမှတ် ၂ က နန်းဆိုင်လင်းခမ်းအူ၊ စိုင်းယွန့်မိန်းအူ က ပြည်သူ့လွှတ်တော်နဲ့ စိုင်းမိုးမြင့်သူ (ခေါ်) စိုင်းဖှဆုံ ကတော့ အမျိုးသား လွှတ်တော်မှာဝင်ပြိုင်မယ်။ ဥက္ကဌကြီး ဦးကာလိန်ဝမ်း ကတော့ ဝင်မပြိုင်ဘူး” - ဟု တသီးပုဂ္ဂလ အဖွဲ့ဝင် နန်းဟွမ်ဆိုင်ယင်းက သျှမ်းသံတော် ဆင့် အား ရှင်းပြသည်။
လူထုဘက်မှရပ်တည်ကာ ဒေသတွင်းလူထုအားလုံး လွတ်လပ်ခြင်း၊ တရား မျှတခြင်း၊ အခွင့်အရေးများ ရရှိခြင်းအတွက် လုပ်ဆောင်ပေး မည်ဖြစ်ကြောင်း အဖွဲ့ ဥက္ကဌ ဖြစ်သူ စိုင်းကာလိန်ဝမ်းကပြောသည်။
သျှမ်း/မြောက် ပြည်သူ့အကျိုးဆောင် အောင်မြင်ခြင်း ရှေ့သို့ အသင်း အမည် ရ The Public Service And Success Orientation Association (PSSOA) ကို ၂၀၁၅ ဩဂတ်စ်လက ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ကျနော်တို့မှာ ရည်ရွယ်ချက်က ၅ ချက်ရှိပါတယ်။ ၁- ဒီမိုကရေစီရရှိရေး အ တွက် လွှတ် တော်ထဲကနေပြီး ကျနော်တို့ကြိုးစားသွားမယ်၊ ၂- ဒေသတွင်း လူထူ လူ့အခွင့်အရေး မဆုံးရှုံးစေရေးအတွက် ကြိုးစားမယ်၊ ၃- ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း လူထုနဲ့ လက်တွဲပြီး ဆောင်ရွက် သွား မယ်၊ ၄- အချင်းချင်းကြားကွဲပြားမှုမရှိစေရေးအတွက် စည်းလုံးညီညွတ်ရေး ကိုအထူးအလေးထားဆောင်ရွက်မယ် ၊ ၅- တိုင်းရင်းသားလုံးတန်း တူညီမျှမှုနဲ့ အခွင့်အရေးများရရှိစေရေးအတွက်ဆောင်ရွက်သွားမယ်” ဟု ပြောသည်။
PSSOA ကို ဒေသတွင်းလူထုက ခေါဝ်ကပ်ခမ်း အမည်ရ ရွှေပြောင်းဖူး အဖွဲ့ ဟုလည်း ခေါ်ဆိုကြပါသည်။
သျှမ်းသံတော်ဆင့်
Home / သတင်း /
ရွေးကောက်ပွဲ
/ ကျားဖြူပါတီထွက် သီပေါ ဥက္ကဌ တသီးပုဂ္ဂလဖြင့် လွှတ်တော် ၄ နေရာစလုံး ယှဉ်ပြိုင်မည်
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment