7.10.2015
အင်းလေးကန်အတွင်း နှစ်ပေါင်းများစွာအနည်တင်ကျန်နေသောနွံများအား ဆယ်ယူရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရေး ကျပ်သိန်းတစ်သောင်းခွဲ တန်ဖိုးရှိသော နုန်းမှုတ်စက်များကို နယ်သာလန်နိုင်ငံမှ မှာယူထားကြောင်း သိရှိရသည်။
အင်းလေးကန်အတွင်းရှိ နုန်းများဆယ်ယူမှုလုပ်ငန်းကို ဆည်မြောင်း ဦးစီးဌာနက ဇုန်ငါးခုခွဲကာ ဆောင် ရွက်လျက်ရှိပြီး ဇုန် ၄ ဧရိယာဖြစ်သည့် ငါးဖယ်ချောင်းတွင် သုံးမိုင်ခန့် ဆောင်ရွက်ပြီး ဖြစ်ကြောင်း အင်းလေးဒေသခံ ကိုအောင်ကျော်နိုင်ထံမှ သိရသည်။
“ လိုအပ်နေတဲ့မှုတ်စက်တွေ နယ်သာလန်နိုင်ငံကနေ သမ္မတကြီးက မှာပေးထားပြီဆိုတာ ကျွန်တော်တို့ကို ဒီတစ်ခေါက်သတင်းစကား ပါလာတာရှိပါတယ်။ ပြည်နယ်အစိုးရက သိန်းခြောက်ထောင်၊ သမ္မတကြီးရဲ့ အလှူငွေက သိန်းလေးထောင်နဲ့ ကျန်တဲ့လုပ်ငန်းရှင်တွေရဲ့ အလှူငွေကသိန်း ငါးထောင်နဲ့ ဆောင်ရွက်မယ်။ အမြန်ဆုံးရောက်လာတော့မယ်လို့ ကြားပါတယ်။ ဒီအတွက်လည်း အင်းတိုင်းရင်းသူ၊ တိုင်းရင်းသားများ ကိုယ်စား ဝမ်းမြောက်မိပါတယ် ” ဟု ကိုအောင်ကျော်နိုင်က ပြောသည်။
အင်းလေးကန်၏ အဓိကနုန်းဆည်ကန်များဖြစ်သည့် သာစည်ကန်၊ နဒီကန်များတွင် စက်ယန္တရား များအသုံးပြု၍ တူးဖော်ဆောင်ရွက်ပေး ခဲ့ကာ မြေကြီးကျင်းပေါင်း နှစ်သိန်းခွဲကို ဆယ်ယူနိုင်ခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူးဦးဝင်းတင့်ထံမှ သိရသည်။
“အင်းလေးကန်ဆိုတာ ဒယ်အိုးကြီးလိုပဲပေါ့။ မိုးတွင်းရေများတဲ့အချိန် အင်းလေးကန်နှုတ်ခမ်း အထိ ရေရောက်သလိုပဲ၊ နွေရာသီရေကျချိန်မှာတော့ အင်းလေးကန်ရဲ့ကန်စပ်က ရွာတွေ ကတော့ ရေကျကောင်း ကျမယ်။ ဒါပေမဲ့ အင်းလေးကန်ရဲ့အဓိက ဖောင်တော်ဦး သွားတဲ့ လမ်းကြောင်းကတော့ ကျွန်တော်တို့ဌာနအနေနဲ့ အမြဲတမ်းထိန်းသိမ်းမှာဖြစ်ပါတယ် ” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းတင့်က ပြောသည်။
အင်းလေးကန်အတွင်းမှ နုန်းများဆယ်ယူရန် ယခုနှစ်ဇွန်လအတွင်းက သမ္မတ၏အင်းလေးခရီးစဉ်တွင် တင်ပြခဲ့ကြခြင်းဖြစ်ကာ အင်းလေးကန်ရေ ရရှိရေးနှင့် ထိန်းသိမ်းရေးအတွက် လိုအပ်ချက်များ ကို ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆောင်ရွက်ရန်ကျန်ရှိနေသည့် လုပ်ငန်းများကို ယခုအောက်တိုဘာ ၂ ရက်က ထပ်မံရောက်ရှိစဉ် ဆွေးနွေး ခဲ့ကြောင်းကိုလည်း သိရသည်။
#The Ladies News Journal
Home / သတင်း /
တောင်ကြီး
/ အင်းလေးကန်မှနုန်းများကို ကျပ် သိန်းတစ်သောင်းခွဲတန် နော်ဝေနိုင်ငံ လုပ် နုန်းမှုတ်စက်ဖြင့် ဆယ်ယူမည်
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment