ပညာရေးမကောင်းရင်ဘာမှလုပ်နိုင်မှာမဟုတ်ဘူး



(သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီ တောင်ကြီး ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဒေါက်တာ နန်းအေးဆွေ နှင့်တွေ့ဆုံမေးမြန်း)

လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပါတီအသီးသီးက အမျိုး သမီး ကိုယ်စား လှယ်လောင်းတွေ ဟာ တူညီတဲ့ ရည်မှန်းချက်တွေ ဆီကို အရောက်လှမ်းနိုင်ဖို့အတွက် ကိုယ့်နည်း ကိုယ့်ဟန် ကိုယ့်လမ်းနဲ့ကြိုးစား လျှောက် လှမ်းသွားနေကြပါတယ်။ ကျားဖြူပါတီထဲက အမျိုးသမီးလွှတ်တော် ကိုယ် စားလှယ်လောင်း တဦးဖြစ်တဲ့ ဒေါက်တာနန်းအေးဆွေကတော့ ကျားဖြူ ပါတီ က သျှမ်းပြည်နယ် အစိုးရ ဖွဲ့နိုင်မယ်ဆိုရင် ကလေး သူငယ် တွေရဲ့ ပညာေ ရးကို မြင့်တင်ပေးမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ လာမယ့်ေ ရွးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ် လို့ပြောပါတယ်။ တကယ်လို့မျှော်လင့်ချက် အတိုင်းဖြစ်မလာခဲ့ဘူး ဆိုရင် ကော် ဘယ်လိုဆက်လုပ်သွားမလဲ။ သျှမ်းသံတော်ဆင့်က ယိင်းတိုင်းကနေ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ အမျိုးသမီးကိုယ်စားလှယ်တစ်ဦးအနေနဲ့ ရွေးကောက်ပွဲမှာ ၀င် ရောက်ယှဉ်ပြိုင်ဖို့ဘယ်လိုအရာတွေ ကများ တွန်းအားပေးခဲ့တာလဲ ။

ဖြေ ။ ။ မြန်မာနိုင်ငံမှာ မှာ အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက် တစ်ဝက်ကျော်တောင်ရှိတယ်။ ဒါပေမဲ့ လွှတ်တော်ထဲရောက်တဲ့အမျိုး သမီးလွှတ်တော်အမတ်ကရာခိုင်နှုန်းနည်းနေတယ်။ တောင်ကြီးမြို့နယ် ၂၀၁၀-၁၅ အတွင်းမှာ ၄.၃ ပဲရှိတယ် ၊ ကျမတို့ကျားခေါင်းပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ကလည်း သျှမ်းပြည်နယ်အစိုးရဖွဲ့နိုင်တယ်လို့ပြောတဲ့ အတွက် အဲ့ဒီမှာအားသန်ပြီး လုပ်ဖြစ်သွားတာပါ ။

မေး ။ ။ စည်းရုံးမဲဆွယ်တဲ့အခါ ၊ ဘယ်အရာတွေ ဘယ်အချက်တွေကို အဓိကထားပြောချင်သလဲ ။

ဖြေ ။ ။ အဓိကပညာရေး ၊ ပညာရေးက အခုအချိန်မှာ ချွတ်ခြုံကျနေ ပြီလေ။ ဒါကြောင့်ပညာရေး မ ကောင်းရင်ဘာမှဖြစ်လာမှာ မဟုတ်ဘူး ။ နောက် တစ်ခုက သျှမ်းပြည်နယ် အစိုးရဖွဲ့ဖြစ်အောင် ကြိုးစားသွားမယ် ၊ ရခဲ့ရင် သျှမ်းပြည်နယ်မှာရှိတဲ့ကျောင်း သား/သူ ပြည်သူတွေအတွက် ပညာရေး တိုး တက်အောင်ဆောင်ရွက် သွား မယ့်အကြောင်းေ တွ ပြော ချင်တယ် ။

မေး ။ ။ အနိုင်ရခဲ့ရင်အမျိုးသမီးနဲ့ကလေး သူငယ်တွေအတွက်ဘာ တွေလုပ်ေ ဆာင်ပေး မှာလဲ နောက်ပြီး နိုင်ငံရေးလုပ်ဆောင်ချက်တွေ ၊ အထူး သဖြင့် သျှမ်းပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ ပတ်သက်ပြီးဘယ်လို ပြုပြင်ပြောင်းလဲမှု မျိုးတွေလုပ်ဆောင်ချင်သလဲ ။

ဖြေ ။ ။ သျှမ်းပြည်နယ်ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပညာရေး ၊ကျန်း မာ ရေး ၊ တရားဥပဒေအကာ အကွယ် ရရှိရေး ၊ လူ့အခွင့်အရေး အပြည့် အ၀ရရှိ ရေး ၊ ဆင်းရဲမွဲတေမှုလျှော့ချနိုင်ရေး ၊ စီးပွားရေး တိုးတက် အောင် မြင်ရေး ၊ ဆင်းရဲနွမ်းပါးတဲ့ကလေးများရဲ့ဘ၀ အာမခံချက်ရရှိရေး ဒီမိုကရေစီ လူ့ ဘောင်သစ် တည်ဆောက်နိုင်ရေး တို့တွက် တရားမျှတခိုင်မာတဲ့ ၊ ပြည်သူ အားထားသော ကမ္ဘာကလေးစားသော ၊သိက္ခာရှိသော အစိုးရ ပေါ်ပေါက် လာနိုင်ရေးကို အဓိကဦးတည်ထားတယ် ။

မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာထွက်ပေါ်လာမယ့် အစိုးရအ သစ် တစ်ရပ်အတွက် ဘယ်လိုအစိုးရမျိုးကို မျှော်လင့်ထားသလဲ ။

ဖြေ ။ ။ တရားမျှတဲ့ ရွေးကောက်ပွဲဖြစ်စေချင်တယ် ၊ တရားမျှတတဲ့ အစိုးရတစ်ရပ်ထွက်ပေါ်လာ ဖို့မျှော်လင့်တယ် ။

မေး ။ ။ အနိုင်မရခဲ့ရင် ဘာတွေဆက်လုပ်ဆောင်သွားဖို့ရှိသလဲ ။

ဖြေ ။ ။ အနိုင်မရခဲ့ရင်လဲ သျှမ်းပြည်နယ်အစိုးရကို ကူညီသွားမှာပါ ။

မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲကြီး ကို ၀င်ရောက်ယှဉ်ပြိုင်မယ့်ကိုယ် စားလှယ်လောင်တစ်ဦးအတွက် ဘယ်လို အရာတွေကစိုးရိမ်စိတ်ေ တွဖြစ်ေ ပါ် စေခဲ့သလဲ ။

ဖြေ ။ ။ စည်းရုံးရေးအတွက်၊ မဲစာရင်းအတွက် စိုးရိမ်တယ်။ သျှမ်းပြည် နယ်အစိုးရမဖွဲ့ဖြစ်မှာကို စိုးရိမ်တယ် ။ကျေးဇူးတင်ပါတယ်ရှင်။

လာမယ့် နိုဝင်ဘာလ မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သျှမ်း တိုင်းရင်း သား ပါတီ တခု ဖြစ်တဲ့ ကျားဖြူ ပါတီ ခေါ် သျှမ်း တိုင်းရင်းသား များ ဒီမို ကရက်တစ် ပါတီ ကနေ သျှမ်းပြည်နယ် အပြင် ၊ မန္တလေးတိုင်း ၊ စစ်ကိုင်း တိုင်း၊ ကချင် ပြည်နယ်၊ ကယား ပြည်နယ် တွေမှာ လွှတ်တော် အမတ် နေ ရာ ၂၀၀ ကျော်ယှဉ်ပြိုင် မှာ ဖြစ်ပါတယ် ။ လက်ရှိ မှာလည်း ကျားဖြူပါတီဝင် အင်အား ၄ သိန်းကျော် ရှိပြီမို့ သျှမ်းပြည် လူထု ထောက်ခံ မှုကို အပြည့် အဝ ရရှိ ကြောင်း နဲ့ ရွေးကောက်ပွဲ မနိုင်မှာကို မစိုးရိမ် ရကြောင်း ပါတီဥက္ကဌကြီး ကလည်း သျှမ်းသံတော်ဆင့်ကို ပြောပြခဲ့ဖူးပါတယ် ။

သျှမ်းသံတော်ဆင့်
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment