တေးရေး ၊ အဆိုတော် ဆခဟ ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အောက်မေ့ ဂုဏ်ပြု အခမ်း အနား နမ့်ခမ်း လူငယ်များ စုပေါင်း ကျင်းပမည်


ဓါတ်ပုံ- ၂၀၁၁ ဆခဟ၏ အသုဘအခမ်းအနားတွင်

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း သျှမ်း လူငယ်များ စုပေါင်းပြီး နာမည်ကြီး သျှမ်း တေးရေး / အဆိုတော် ဆခဟ ခေါ် စိုင်းသျှဲန်ဇင့် ခေါ် ဦးစိန်ကြည် ကွယ်လွန်ခြင်း (၄) နှစ်ပြည့် လွမ်းဆွတ် အောက်မေ့ခြင်း အခမ်းအနားနှင့် ရေစက်ချ လှူဒါန်းပွဲကို ယခုလ အတွင်း၌ ကျင်းပမည် ဖြစ်ကြောင်း သတင်း ရရှိသည် ။
သြဂတ်စ်လ ၃၀ ရက်နေ့၌ နမ့်ခမ်းမြို့ရှိ သျှမ်း လူငယ် ခေါင်းဆောင်များ အစည်းအဝေးထိုင်ပြီး ယခုလ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ၄င်း အခမ်း အနား ကျင်းပရန် သဘော တူညီချက် ရရှိ ခဲ့ကြကြောင်း ဒေသခံ သျှမ်းလူငယ် စိုင်းယီက ဆိုသည် ။
“ လာမယ့် စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ မန့်ဟောင်းရွာ ဘုန်းကြီးကျောင်းမှာ ဆခဟအတွက် အလှူအဒါန်းပွဲ ပြုလုပ်ကြမယ် ၊ ပြီးရင် ကောင်းနောင် မိုရပ်ကွက် တိုင်း မင်္ဂလာခန်းမ မှာ ညနေ (၃:ဝဝ) မှ စတင်ပြီး လုင်းဆခဟ ရဲ့ကိုယ်ရေး အထ္တုပတ္တိ သမိုင်း ဟောပြောပွဲ နဲ့ လုင်းဆခဟ ရေးစပ်သီဆိုထား တဲ့ တေး သီချင်း တွေကို သီဆို ဂုဏ်ပြုတဲ့ အခမ်း အနား ကိုလည်း ကျင်းပ သွားမယ် ” ဟု ၄င်းက ဆိုသည် ။
အမျိုးသားရေး တေးသီချင်းများ ရေးစပ် သီဆိုသူ ဆခဟ အောက်မေ့ ဂုဏ်ပြုခြင်း အခမ်းအနား၌ ဆခဟ၏ ပုံပါသော တီရှပ်များကို အခမ်းအနား တက်ရောက်လာသူများအား ရောင်းချပေးသွား မည်ဖြစ် ကြောင်း ၊ အဆိုပါ အခမ်း အနားသို့ နမ့်ခမ်းမြို့နယ်အတွင်းရှိ လူမူရေးအဖွဲ့များ ၊ နိုင်ငံရေးပါတီတစ်ချို့ နှင့် ဘောလုံး အသင်းများကို ဖိတ်ကြားရန် စီစဉ် ထားကြောင်း ပွဲဖြစ်ရေး ကူညီ ဆောင်ရွက် ပေးနေသော နမ့်ခမ်း သျှမ်းလူငယ် တစ်ဦးက ပြောသည် ။
သျှမ်းပြည်သားများအကြား နာမည်ကြီးခဲ့သော အဆိုတော် ဆခဟခေါ် စိုင်းသျှဲန်ဇင့်ခေါ် ဦးစိန်ကြည်သည် ၂၀၁၁ စက်တင်ဘာလ ၁၅ ရက် ကွယ်လွန်ချိန်အထိ သျှမ်းသံတော်ဆင့်သတင်းဌာန၏ လက်ထောက်အယ်ဒီတာ တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည် ။
အလားတူ ထိုင်းနိုင်ငံ ချင်းမိုင် မြို့တွင်လည်း သျှမ်းသံတော်ဆင့် မိသားစုမှလည်း စိုင်းသျှဲန်ဇင့် ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အောက်မေ့ လွမ်းဆွတ်ခြင်း အခမ်းအနားနှင့် အတ္ထုပတ္တိ လှုပ်ရှားမှုသမိုင်း ဟောပြောခြင်း အခမ်းအနားကို ၀ပ်ကူတောက် ဘုန်းတော်ကြီး ကျောင်း၌ စက်တင်ဘာလ ၁၃ ရက်နေ့ တွင် ကျင်းပမည် ဖြစ်ပါသည် ။

#သျှမ်းသံတော်ဆင့်
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment