3.9.2015
တိုင်းရင်းသား သတင်း ဌာနများ အဓိကပါဝင်သော နိုင်ငံတကာ မြန်မာသတင်း BNI ၏ ၂၃ ကြိမ်မြောက် အစည်း အဝေးအား ထိုင်းနိုင်ငံ မွန်တို့ဌာနေ ကန်ချနူရီခရိုင် စံခလပူရီ မြို့၌ ၂၀၁၅ စက်တင်ဘာ ၂ ရက် မှ ၄ ရက်နေ့ အထိ သုံးရက်ကြာ ကျင်းပပါသည် ။
အစည်းအဝေး၌ BNI အဖွဲ့ဝင် သတင်းဌာန အသီးသီး၏ လုပ်ဆောင်ခဲ့သော လုပ်ငန်းစဉ်များ ၊ လုပ်ဖို့ရန် ပြင်ဆင်ထားသည့် လုပ်ငန်းစဉ်များ ၊ လုပ်ငန်းအတွင်း ကြုံတွေ့ရသည့် အခက်အခဲများ ၊ အားသာချက် အားနည်းချက်များအား ဆွေးနွေး ဖလှယ်ခဲ့ကြသည် ။
အစည်းအဝေး ဖြစ်မြောက်ရေးအတွက် ဦးဆောင်ပါဝင်သည့် နိုင်ငံတကာ မွန်သတင်း အေဂျင်စီ IMNA အယ်ဒီတာချုပ်လဲဖြစ် ၊ BNI ဘုတ် အဖွဲ့ဝင်လဲ ဖြစ်သည့် ဆရာနိုင်ကဆော့မွန်က - “ ဒီစံခလပူရီမြို့ဟာ မွန် လူမျိုးများရဲ့ သမိုင်းတလျှောက် မွန်အမျိုးသားရေး အတွက် ဦးဆောင်မှု အဓိကကျတဲ့မြို့ တမြို့ဖြစ် တယ် ။ ဒီ အခမ်းအနားကနေ ဒီမှာနေနေတဲ့ မွန်တို့ရဲ့ လူနေမှုဘ၀ ၊ ယဉ်ကျေးမှု ၊ အထင်ကရ စံခလပူရီကို လေ့လာ နိုင်အောင် စီစဉ် ထားတယ် ” - ဟု အခမ်း အနား၌ ပြောကြားသည် ။
အဆိုပါ BNI ၏ ၂၃ ကြိမ်မြောက် အစည်း အဝေးအား အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံတကာ မွန်သတင်း အေဂျင်စီ IMNA , ချင်းဝေါလ်ဒ် Chin World , ကန္တရ ၀တီတိုင်း(မ်) ၊ ကချင် သတင်းဌာန ၊ ကုလားတန် သတင်း ၊ လွတ်လပ်သော အရခိုင် သတင်း အေဂျင်စီ (Narinjara) ၊ ချင်း သတင်းဌာန Khonumthung , သတင်နှင့် မီဒီယာ ကွန်ယက် Network Media Group , ကရင်သတင်းစဉ် KIC , မဇ္ဈိမ ၊ သံလွင်တိုင်း(မ်) ၊ ပေါက်ထောမွန် သတင်းအတင်း Phophtaw News Assocation နှင့် သျှမ်း သံတော်ဆင့် သတင်း အေဂျင်စီ Shan Herald Agency for News စသည့် သတင်းဌာန ၁၃ ခု ပါဝင် ဖွဲ့စည်း ထားသည် ။
#သျှမ်းသံတော်ဆင့်
0 comments:
Post a Comment