အိန္ဒိယနှင့်တရုတ်မှ အစွန်းရောက်ဖောက်ခွဲရေးသမားများ မြန်မာပြည်ထဲဝင်ရောက်နေဟုဆို

31.8.2015

အိန္ဒိယဘက်မှ အစွန်းရောက်ဖောက်ခွဲရေးသမား ၂ဝနှင့် တရုတ်နိုင်ငံဘက်မှ ဖောက်ခွဲရေးသမား တချို့  မြန်မာနိုင်ငံထဲသို့ဝင်ရောက်နိုင်သည်ဆိုသောသတင်းများကို အင်တာပိုက မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်သို့ သတင်းပေးပို့ထားသဖြင့် နယ်စပ်ဝင်ထွက်ပေါက်နေရာများတွင် လုံခြုံရေးလုပ်ငန်းများ တင်းကျပ်စွာ ဆောင်ရွက်ထားကြောင်း နေပြည်တော်ဒက္ခိဏသီရိခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲတပ်ဖွဲ့ မှုးဒုရဲမှူးကြီးဝင်းချွန်က ပြောကြားသည်။

ဒုရဲမှူးကြီးဝင်းချွန်က ''ထိုင်းနိုင်ငံ မှာဖောက်ခွဲရေး လုပ်သွားတဲ့အစွန်းရောက် ဖောက်ခွဲရေးသမားအဖြစ် မသင်္ကာသူကို စီစီတီဗွီကင်မရာထဲမှာတွေ့ရတယ်။ တွေ့ရှိ တဲ့သူ၊ သတင်းပေးတဲ့သူကို ဆုကြေးငွေပေး မယ်လို့သိရတယ်။

အဲဒီဖောက်ခွဲရေးသမား က မြန်မာနိုင်ငံထဲကိုဝင်လာမလားဆိုပြီး အင်တာပို ကစောင့်ကြည့်နေပြီးတော့ လိုအပ် တဲ့လုံခြုံရေးလုပ်ဖို့နဲ့စောင့်ကြည့် ဖို့ အကူအ ညီတောင်းထားတာတွေရှိတယ်။ ပါကစ္စတန် ဘက်မှာ အစွန်းရောက် ဖောက်ခွဲရေးသမား ၂ဝဝလောက်လေ့ကျင့် နေတယ်။ အဲဒါကို ပါကစ္စတန် အစိုးရကသိတယ်။ သိတော့လိုက် စုံစမ်းရင်းနဲ့ နောက်ကျတော့အိန္ဒိယနိုင်ငံ ဘက်ကိုဝင်သွားတဲ့အခါ အိန္ဒိယရဲတပ်ဖွဲ့ကို သတင်းပေးတယ်။

အိန္ဒိယကဖမ်းလာတာအ ယောက် ၁ဝဝမိတယ်။ ကျန်တဲ့သူတွေက မြန်မာနိုင်ငံနဲ့ ဘင်္ဂလားနယ်စပ် ဘက်ထွက်သွားတယ်လို့သတင်းပေးချက် တွေအရလိုက်ရှာတယ်။ နောက်ဆုံးသတင်းအရအဲဒီထွက် ပြေးတဲ့ အုပ်စုထဲက အယောက်၂ဝလောက် ကမြန်မာရခိုင်စကား ကျွမ်းကျွမ်း ကျင်ကျင် တတ်ပြီးတော့ မြန်မာနိုင်ငံ ထဲကိုသွားဖို့အတွက် တမူးလမ်းကြောင်း ကနေလွှတ်လိုက် တယ်လို့သိရတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အ နေနဲ့ ကြိုတင်သတင်းရပြီး ပိတ်ဆို့တော့သူ တို့တွေကရခိုင်နဲ့ ချင်းတောင် နယ်စပ်ဘက် ကဝင်ဖို့ ကြိုးစားတယ်။

အဲဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အ နေနဲ့ အဲဒီဘက်တွေမှာလုံခြုံရေး အတွက် ဆောင်ရွက်မှုတွေ၊ ရှာဖွေမှုတွေ လုပ်နေပေ မယ့် အခုအချိန်ထိသတင်းပျောက်နေတယ်။ တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်ဘက်က အစွန်းရောက်အကြမ်းဖက်သမားတွေ မြန်မာ နိုင်ငံထဲ ကိုရောက် လာတယ်လို့ သတင်းရ ထားတယ်။ သူတို့ကတရုတ်နိုင်ငံကို ဖောက် ခွဲဖို့အတွက်လာ တယ်လို့သတင်းအရ သိရ တယ်။ အခြေအနေမပေးရင် မြန်မာနိုင်ငံ ထဲမှာပဲဖောက်ခွဲမှုတွေလုပ်မယ်လို့ သတင်း ရထားတယ် ''ဟု ပြောသည်။

နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှရဲ မှုးချုပ်စိုးမြိုင်က ''ကျွန်တော်တို့အနေနဲ့ ဘန် ကောက်မှာ ဗုံးပေါက် ကွဲပြီးနောက်ပိုင်းနယ်စပ် ဝင်ထွက်ပေါက်နေရာတွေမှာ ရှိတဲ့လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေကို တပ်လှန့်ထား ပါတယ်။ သတိအနေအထား အရ အမြဲဆောင်ရွက် နေတာပါ''ဟုပြောသည်။

ယင်းတို့ကိုကာကွယ်နိုင်ရန်အ တွက် ပြည်သူများအနေဖြင့်မသင်္ကာဖွယ် လူများနှင့် အခြေအနေများကိုတွေ့ ရှိပါက နီးစပ်ရာရဲစခန်များသို့ အကြောင်းကြားပေး ကြပါရန် ယင်းကတိုက်တွန်းပြောဆိုသည်။

#Yangon Media Group
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment