ကျိုင်းလပ်ရေဘေး ရန်ပုံငွေအတွက် တာချီလိတ်၌ ဖျော်ဖြေရေး (၂)ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ရာ တစ်ဦးလျှင် ၀င်ကြေး (၃၀၀/၂၀၀/၁၀၀)ဘတ်ဖြင့် လက်မှတ်များ ၀ယ်ယူနိုင်



31.8.2015
တာချီလိတ်ခရိုင်ကျိုင်းလပ်ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ထောက်ပံ့ရန်
အတွက် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ၁.၉.၂၀၁၅ ရက် နှင့် ၂.၉.၂၀၁၅ ရက် (၂)ရက်တိုင်တိုင် ရန်ပုံငွေရှာဖွေရေး အဖြစ် ဖျော်ဖြေရေးပွဲတော်ကို ကျင်းပမှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်တွင် သရုပ်ဆောင် ကျော်ဇောဟိန်း၊ စည်သူပလပ်ကျွတ်၊ ခရစ္စတီးနား၊ နဒီဝင့်နိုင်၊ ဆုယဉ်ထွန်း၊ ဖူးပွင့်အောင် နှင့် လူရွှင်တော် မြန်မာပြည်စတားအဖွဲ့တို့မှ ဖျော်ဖြေမှာဖြစ်ရာ ပွဲကြည့်သူများ အတွက် ထိုင်ခုံ(၁)လုံးလျှင် ထိုင်းဘတ်ငွေ (၃၀၀)၊ (၂၀၀)ဘတ်၊ (၁၀၀)ဘတ် စသည်ဖြင့် သတ်မှတ်ထားရှိပြီး ကြိုတင်လက်မှတ်များကို ယနေ့ သြဂုတ်လ(၃၀)ရက်နေ့တွင် စတင်ရောင်းချပေးနေပြီး ပွဲကျင်းပပြုလုပ်မည့် ရှမ်းရိုးမ ကွင်းတွင်လည်း လက်မှတ်များကို ၀ယ်ယူနိုင်မှာ ဖြစ်ကြောင်း သိရသည်။

Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment