31.8.2015
ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်အတွင်းရှိစစ်ဘေးဒုက္ခသည်စခန်းများ တွင် နေထိုင်ကြသော မိသားစုဝင်တွေထဲမှအစိုးရစစ်ဖြစ်သည့် ၄တန်းနှင့် ၈ တန်း တက်ရောက်လျှက်ရှိသော ကျောင်းသူ၊ကျောင်းသား ကလေးငယ်များမှာ ပြင်ပကျူရှင် မတက်နိုင်၍ ပညာသင်ကြားရေးတွင် အခက်အခဲဖြစ်လျှက်ရှိကြောင်း သတင်း ရရှိသည်။
စစ်ဘေးဒုက္ခသည်စခန်းများမှ ကျောင်းသူ၊ ကျောင်းသား ကလေးငယ်များကို စခန်းနှင့် နီးစပ်ရာ အစိုးရကျောင်းများမှာပင် ပညာသင်ကြားနေကြကြောင်း၊ အစိုးရစစ်ဖြစ်သော ၄ တန်းနှင့် ၈ တန်း တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်သူ များ၏ ပြင်ပကျူရှင်လခမှာဘာသာစုံကို ၁ သောင်းကျပ်မှ ၂ သောင်းကျပ်ထိ ပေးရနေရသည့်အတွက် ယင်းဒုက္ခသည် စခန်းရှိ ကျောင်းသားမိဘ အများစုမှာ ပြင်ပကျူရှင် မထားနိုင်ခြင်းကြောင့် ကလေးတွေ၏ ပညာရေးအတွက် စိုးရိမ်နေ ကြကြောင်းယင်းဒုက္ခသည် စခန်းရှိ ကျောင်းသားမိဘများက ပြောသည်။
“ဒီမှာရှိတဲ့ ကျာင်းသားတွေက အများဆုံးက တောင်ပေါ်က ပြောင်းလာတာ ဆိုတော့ မြို့ပေါ်က ကျောင်းသားတွေနဲ့ ယှဉ်ပြီး အမှီလိုက်နိုင်အောင်က ကျူရှင်မထားရင်မရဘူး၊ ထားပြန်ရင်လည်း ငွေကြေးမတတ်နိုင်ဘူး၊ အလုပ်အကိုင် မရှိတော့ ၀င်ငွေ လည်း မရှိဘူး၊ ကလေးတွေရဲ့ ပညာရေး အတွက် စိုးရိမ်နေရတယ်” ဟု ကွက်ခိုင်မြို့နယ် RC ဒုက္ခသည် စခန်းမှ ကျောင်းသား မိဘဖြစ်သူ ဦးနော်ဒင်က ပြောသည်။
အဆိုပါ စစ်ဘေးဒုက္ခသည်စခန်းရှိ ကျူရှင်မထားနိုင် သည့် ကျောင်းသူ၊ ကျောင်းသားတွေကို ကျောင်းသားမိဘများနှင့် စခန်း တာဝန်ခံများက အချိန်ပိုင်း ပညာသင်ကြားပေးမှုတွေရှိပေမယ့်လည်း လုံလောက်မှု မရှိကြောင်း၊ စာမလိုက်နိုင်သည့် အတွက် အချို့ ကျောင်းသား၊ ကျောင်သူ များမှာ ကျောင်းလိုက်ရမှာကို ကြောက်ရွံ့ပြီးကျောင်းပြေး သည် အထိဖြစ်နေ တာ တွေရှိကြောင်း KBC စစ်ဘေးဒုက္ခသည်စခန်းမှာ အချိန်ပိုင်း ပညာသင်ကြားပေးနေသော ဆရာမ မခေါင်ဆိုင် က ပြောသည်။
“ကျွန်မတို့လည်း ကျူရှင်မထားနိုင်တဲ့ စခန်းက ကလေးတွေကို အချိန်ပိုင်း သင်ပေးပါတယ် ဒါပေမယ့် သူတို့အတွက် မလုံလောက်ဘူး၊ ကျူရှင်ခက အတန်းကြီးလေ၊ ဈေးပိုကြီးလေဆိုတော့ မိဘတွေက မထားနိုင်ဘူး၊ မထားနိုင်တော့ စာမရ၊ စာမရတော့ ကလေးတွေ ကျောင်းမနေချင်ဖြစ် ပြီး ကျောင်းပြေးတဲ့အထိအချို့ဖြစ်လာတယ်၊ အဓိက အလုပ်အကိုင် မရှိတော့
ငွေကြေး အခက်အခဲဖြစ်လို့ မထားနိုင်တာပါ၊ ရေရှည်မှာ ကလေးတွေ ပညာရေးအတွက် စိုးရိမ်စရာဖြစ်လာတယ်” ဟု ၄င်းက ဆက်လက် ပြောပြသည်။
ငွေကြေး အခက်အခဲဖြစ်လို့ မထားနိုင်တာပါ၊ ရေရှည်မှာ ကလေးတွေ ပညာရေးအတွက် စိုးရိမ်စရာဖြစ်လာတယ်” ဟု ၄င်းက ဆက်လက် ပြောပြသည်။
အဆိုပါ စစ်ဘေးဒုက္ခသည်စခန်းများကို လွန်ခဲ့သည့် ၆ လခန့် ကစ၍ ထောက်ပံ့မှုတွေ လျော့နည်းလာခြင်းကြောင့် စခန်းမှာနေထိုင်ကြသည့်မိသားစုဝင်တွေနှင့် ကလေးငယ်များ၏ ပညာရေးမှာ ပိုမိုခက်ခဲလာပြီး စိုးရိမ်စရာဖြစ်လာရကြောင်း စခန်းတာဝန်ခံတစ်ဦးထံက သိရသည်။ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ စစ်ဘေးဒုက္ခသည်စခန်း ၁၀ ခုကျော်တွင်
ကျောင်းသား၊ကျောင်းသူဦးရေ ၁၅၀၀ ကျော်ခန့်ရှိ ကြောင်းသိရသည်။
ကျောင်းသား၊ကျောင်းသူဦးရေ ၁၅၀၀ ကျော်ခန့်ရှိ ကြောင်းသိရသည်။
#The Myanma Age
0 comments:
Post a Comment