31.8.2015
ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လှည့်၍ စာအုပ်များ ရောင်းချနေသည့် စစ်မှုထမ်းဟောင်းနှစ်ဦုးကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တစ်ခုက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သတင်းရရှိသည်။
ယမန်နေ့(သြဂုတ် ၃၀)နေ့လယ်က ကျောက်မဲမြို့နယ် နောင်ပစ်ကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၅၀ကျော် အရွယ်ခန့် စစ်မှုထမ်းဟောင်းနှစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့သည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က အတည်ပြုသည်။
သေဆုံးသူ နှစ်ဦးမှာ တပ်မတော်တွင် တပ်ကြပ်အဆင့်ဖြင့် အငြိမ်းစားယူခဲ့သည့်  ဦးအောင်နိုင်အေးနှင့် ဦးစောလွင်ဖြစ်ပြီး တာဝန်ထမ်းဆောင်ခဲ့စဉ်က တိုက်ပွဲမှရသော ဒဏ်ရာများကြောင့် မသန်စွမ်းသူများဖြစ်ခဲ့ကာ နောင်ချိုနှင့် မိုင်းရယ်မြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း ၁၁၅ နှင့် ၆၇ မှ ဖြစ်သည်ဟု သတင်းရရှိသည်။
ပစ်ခတ်သွားသည့် လက်နက်ကိုင်အဖွဲ့ကို ရဲတပ်ဖွဲ့က စုံစမ်းဆဲဖြစ်ပြီး ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်ထားသည်ဟု သတင်းရရှိသည်။
-
7Day Daily
0 comments:
Post a Comment