ရှမ်းအမျိုးသားနေ့ ရှမ်းအမျိုးသားသီချင်း နှင့်ရှမ်းအမျိုးသားအလံ ဖြစ်ပေါ်လာပုံ



27.1.2016


ရှမ်းအမျိုးသားနေ့(Shan National Day)´´ ``ရှမ်းအမျိုးသား သီချင်း(Shsn National Song )´´ ``ရှမ်းအမျိုးသားအလံ(Shan National Flag)´´တို့အကြောင်း လိုရင်းအနှစ်ချုပ် ကိုယခုခေတ်လူငယ်များ နှင့် နောင်အနာဂတ် မျိုးဆက်
သစ်လူငယ်များ သိရှိကြစေရန် (ရွှေရတုရှမ်းပြည်နယ် မဂ္ဂဇင်း)မှ ကောက်နုတ်ဖေါ်ပြပေးလိုက်ပါတယ်။

ရှေးသမိုင်းစဉ် ခေတ်အဆက်ဆက်တွင် ရှမ်းပြည်နယ် ၌ နယ်ပိုင်စော်ဘွားများတို့သည် သူ့နယ် ကိုယ့်နယ်တွင်မိမိတို့၏ 
အုပ်ချုပ်ရေးအာဏာ သီးခြားစီဖြင့် အုပ်ချုပ်ခဲ့ကြပါသည်။ရှမ်းပြည်နယ်စော်ဘွားများမှာလည်း ဆွေမျိုးမကင်းတော်
စပ်နေကြပြန်၍ စည်းလုံးညီညွတ်ပြီး အုပ်ချုပ်ရေး lတရားစီရင်ရေးl ကူးသန်းသွားလာလွယ်ကူရေး တို့အတွက် ရှမ်းပြည်
နယ်စော်ဘွားများအားလုံးတိုင်ပင်ပြီး -1928-လောက်ကအစည်းဝေးပြုလုပ်ကာ - { FEDERATED OF SHAN STATE DAY ON SEPTEMBER} ဟု သတ်မှတ်ပြုလုပ်ခဲ့ကြသည်။ နှစ်စဉ် စက်တင်ဘာလ(7)ရက်နေ့တွင် စုပေါင်း တွေ့
ဆုံဆွေးနွေးပြီး အုပ်ချုပ်ရေး တရားစီရင်ရေး အမိန်ကြော်ငြာစာများ ထုတ်ပြန်ကြပါသည်။

နှစ်စဉ် စက်တင်ဘာလ (7)ရက်နေ့တွင်တွေ့ဆုံ အစည်းဝေးပြုလုပ်ကြရာ
မိုးတွင်းမိုးရွာချိန် ကာလဖြစ်၍ သွားရေး လာရေး သိပ်အဆင်မပြေ ဖြစ်နေကြသဖြင့် 1947-ခုနှစ် February (7) ရက်နေ့တွင် ပင်လုံမြို့၌ ရှမ်းပြည်နယ် စော်ဘွားများကောင်စီ အစည်းဝေးကို ပြုလုပ်ရာ ရာသီဥတု နှင့် သွားရေးလာရေးအဆင်
မပြေဖြစ်သောကြောင့် 1947-ခုနှစ် February(11)ရက်နေ့စွဲဖြင့် ရှမ်းပြည်နယ် စော်ဘွားများကောင်စီ ဥက္ကဋ္ဌ စောဝ်ခွန်
ပန်းစိန်(နမ့်ဆန်စော်ဘွား) မှ-

`ရှမ်း အမျိုးသားနေ့ (Shan National Day)´
`ရှမ်းအမျိုးသားသီချင်း(Shan National Song)´
`ရှမ်းအမျိုးသားအလံ(Shan National Flag)´,
တို့ကို အောက်ဖေါ်ပြပါ အမိန့်စာဖြင့် ထုတ်ပြန် လိုက်ပါသည် ။

SHAN NATIONAL DAY,SHAN NATIONAL SONG,SHAN NATIONAL FLAG.
At a meeting of all the Saohpas and representatives of the people of the Shan State held at PANGLONG, on the 11th February 1947, it was unanimously decided that the SHAN NATIONAL DAY be celebrated on the 7th February every year instead of as previously on the 7th September.

1947-ခုနှစ်တွင် ရှမ်းပြည်နယ် စော်ဘွားများကောင်စီအစည်းအဝေး လုပ်ချိန်
နှင့် လွပ်လပ်ရေးရရန်ကြိုးစားအားခုတ်ချိန်နှင့် တိုက်ဆိုင်နေ၍ ပင်လုံမြို့ အ
စည်းဝေးသို့ ကချင် ကရင် ကယား ချင်း မြန်မာခေါင်းဆောက်များကိုပါ
ဖိတ်ကြားခဲ့ပါသည်။ တိုင်းရင်းသားများစည်းလုံးညီညွှတ်ကြောင်းကို 1947-
ခုနှစ် February 12-ရက်နေ့တွင် ပင်လုံစာချုပ်လက်မှတ်ရေးထိုး
လိုက်သောကြောင့် အင်္ဂလိပ်အစိုးရများမှ မလွဲမရှောင်သာဘဲ 1948-ခုနှစ် January လ 4-ရက်နေ့တွင်
လွတ်လတ်ရေးကြီးကို ပေးအပ်လိုက်ရပါသည်။

၁။ ဗိုလ်ချုပ်အောင်ဆန်း
၂။စောဝ်ခွန်ပန်းစိန် (နမ့်ဆန်စော်ဘွား)
၃။စောဝ်ရွှေသိုက်(ညောင်ရွှေစော်ဘွား)
၎။စောဝ်ဟုံဖ(သိန္နီစော်ဘွား)
၅။စောဝ်နွံ(လဲချားစော်ဘွား)
၆။စောဝ်စံထွန်း(မိုင်းပွန်စော်ဘွား)
၇။စောဝ်ထွန်းအေး(အောင်ပန်းစော်ဘွား)
၈။ဦးခွန်ဖုံး
၉။ဦးတင်ဧ
၁၀။ဦးကြာပု
၁၁။စောဝ်ယိပ်ဖ
၁၂။ဦးခွန်ထီး
၁၃။ဦးထွန်းမြင့်
၁၄။ဦးခွန်စော
၁၅။ဦးဖြူ
၁၆။ဆမားဒူးဝါဆင်ဝါနောင်
၁၇။ဒူဝါ ဇော်ရစ်
၁၈။ဦးဒိန်ရတန်
၁၉။ဒူဝါဇော်လွန်း
၂၀။ဦးလဘန်ဂရောင်
၂၁။ဦးလှူမှုန့်
၂၂။ဦးသောင်ဇာခုတ်
၂၃။ဦးကီးယိုးမာန်
လွတ်လပ်ရေး ရပြီးနောက် Februaryလ 12-ရက်နေ့ နေ့ကို တိုင်းရင်းသားများ စည်လုံးညီညွတ်ရေးသမိုင်း မှတ်တိုင်
အဖြစ် အသိမှတ်ပြု့သည့် အနေနှင့် နိုင်ငံတော်၏ ''ပြည်ထောင်စုနေ့''ဟူ၍သတ်မှတ်လိုက်ရပါသည်။ ထို့ကြောင့် 1947-
ခုနှစ် February 7-ရက်နေ့ကို ``ရှမ်းအမျိုးသားနေ့´´(SHAN NATIONAL DAY´´{{1960 ကျော်ဝန်းကျင်မှစ၍ February 7-ရက်နေ့ကို
ရှမ်းပြည်နယ်နေ့ဟူ၍ နှစ်မျိုးလုံး သုံးစွဲလာခဲ့ပါသည်}}။သည်ပြည်ခောင်စုသား
ချင်း ညီကိုမောင်နှမများ၏ စည်းလုံးညီညွတ်မူ ချစ်ခင်ရင်းနှီးမူကို နိုင်ငံတကာသိ ကမ္ဘာသိဖြစ်စေရန် ဖေါ်ညွှန်းလိုင်စေ
သည့်နေ့ ဖြစ်သည့်အပြင် ကျွန်ဘဝ မှ လွတ်မြောက်အောင် လွတ်လတ်ရေးကြီး ရရှိအောင် ထောက်ခံအားပေးဖေါ်ညွှန်း
လိုက်သော နေ့ထူးနေ့မြတ် ဖြစ်သည်ဟုဆိုလျှင်မမှားနိုင်ပေ။

ထို့ကြောင့် ``ရှမ်းအမျိုးသားနေ့´´''SHAN NATIONAL DAY'' ၏ ဂုဏ်သိက္ခာ မကျဆင်းအောင် သားစဉ်မြေးဆက် တန်ဖိုးသိရှိကာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြရန် ထုတ်ဖေါ်ရေးသားတိုက်တွန်းလိုက်ရပါသည်။

#ခေမရဌ်တိုင်း ဂုံရှမ်းဌာနေ ကျိုင်းတုံမြေ
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment