အမေရိကန် အပါချီ ရဟတ်ယာဉ်တစီး တောင်ကိုရီးယားနိုင်ငံမှာ နိုဝင်ဘာ ၂၃
ရက်နေ့က ပျက်ကျခဲ့လို့ လေယာဉ်မှူးနဲ့ တခြား အမှုထမ်းတဦး သေဆုံးတယ်လို့
ရဲတွေနဲ့ စစ်တပ် အရာရှိတွေက ပြောပါတယ်။
တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ ဂန်းဝန်ခရိုင် ဝမ်ဂျူးမြို့နားမှာ ပျက်ကျခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။
မြောက်ကိုရီးယားကို တန်ပြန်ရေး တောင်ကိုရီးယားတပ်နဲ့ ပူးတွဲ
တာဝန်ထမ်းဆောင်ဖို့ အမေရိကန်စစ်သည် အယောက် ၂၈၅၀၀ ကို တောင်ကိုရီးယားမှာ
တပ်ချထားတာပါ။
နိုဝင်ဘာ ၂၃ ရက်နေ့က တောင်ကိုရီးယားစစ်တပ်ဟာ မြောက်ကိုရီးယားနဲ့
အငြင်းပွားနေတဲ့ ပင်လယ်ပိုင်နက်နားက ကျွန်းတွေပေါ်မှာ
အမြောက်ပစ်ခတ်လေ့ကျင့်မှု ၅ ကြိမ် လုပ်ခဲ့ပါတယ်။
တကယ်လို့ ပစ်ခတ်မှုတခုခုက မြောက်ကိုရီးယားပိုင်နက်ထဲ ရောက်လာခဲ့ရင်
ပြန်ပစ်မယ် လို့ မြောက်ကိုရီးယား အစိုးရက ခြိမ်းခြောက်ထားပေမယ့်
တောင်ကိုရီးယားက လျစ်လျူရှုခဲ့တာပါ။
တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံဟာ ၁၉၅၃ ကိုရီးယားစစ်ပွဲအပြီး
အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ် မချုပ်ရသေးတာကြောင့်
သဘောတရားအရ စစ်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
DVB
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment