ဓါတ်ပုံ- နိုဝင်ဘာလ ၆ ရက်နေ့ ကျောက်မဲမြို့တွင်း ကျားခေါင်းပါတီ စည်းရုံးရေးဆင်းသည့်ပုံ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD နောက်ဆုံး မဲဆွယ် စည်းရုံးရေးအခမ်းအနားကို ပါတီ ဥက္ကဋ္ဌကြီး ခွန်ထွန်းဦး ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
“နောက်ဆုံးမဲဆွယ်စည်းရုံးရေး အခမ်းအနားကိုတော့ ကျားငါးကောင်ဆေး တိုက်ဝန်းထဲမှာ လုပ်တယ်။ ဥက္ကဋ္ဌကြီး ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းနွတ်၊ တွဲဖက်အတွင်းရေးမှူး စိုင်းလိတ်တို့ တက်ရောက် တယ်။ နောက် ကျောက် မဲ၊ နောင်ချို၊ သီပေါ၊ နမ္မတူက ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းေ တွလည်း ဖိတ်ထားတယ်။ ၈၈ ကျောင်း သားခေါင်းဆောင် ဦးကိုကိုကြီးလည်း တက်ရောက် တယ်။ ပြည်သူ ကတော့ ၃၀၀၀ လောက် တက်ရောက်ပါတယ် ”… ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းသန်းမောင် က ပြောသည်။
နိုဝင်ဘာလ ၆ ရက် နံနက် ၈ နာရီက ပါဝင်သူလူထုက ကျားခေါင်းပါတီရုံးတွင် စုဝေးပြီး ကျောက်မဲမြို့ အတွင်း ကားအစီးပေါင်း ၆၀ နှင့် ဆိုင်ကယ်တချို့ဖြင့် လှည့်လည်မည်ဖြစ်ကြောင်း၊ နံနက် ၉ နာရီတွင် ဆင်ငါးကောင်ဆေးတိုက် ၀န်းထဲတွင် အခမ်းအနားကျင်းပခဲ့ပါသည်။
“ကျောက်မဲမြို့ထဲက သျှမ်းလူမျိုးအပြင် တခြားတိုင်းရင်းသားလူမျိုးတို့လည်း ကျားခေါင်းပါတီကို အားပေးပါတယ်။ ခွပ်ဒေါင်း ပါတီလည်း ကျားခေါင်းပါတီ ကို ပြိုင်ဖက်လို့ သဘောမထားဘူး။ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးတာလည်း မတွေ့ရ ဘူး။ ကျားခေါင်းပါတီကို ရှေ့တန်းတင်ကြပါတယ်။ ဒါကြောင့် အော င်နိုင် မယ်လို့ ယုံကြည်ပါတယ်”ဟု စိုင်းသန်းမောင် က ပြောပါသည်။
အောက်တိုဘာလ ၂၀ ရက်နေ့ ကျောက်မဲမြို့ နယ် တောင်နောက်ကျေးရွာ တွင်လည်း ကျားခေါင်းပါတီက ထိုသို့သော စည်းရုံးရေးမျိုး ပြုလုပ်ရာ ပြည်သူ လူထု ၃၀၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။
သျှမ်းသံတော်ဆင့်
0 comments:
Post a Comment