ကွန်လုံဒေသတွင် SNLD နှင့် ကိုးကန့်ပါတီ SKDP တို့ ပူးပေါင်းမဲဆွယ်စည်းရုံး

သျှမ်းနှင့်ကိုးကန့်တိုင်းရင်းသားများ ရောနှောနေထိုင်သည့် ကွန်လုံမြို့နယ်တွင် ၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားမဟာမိတ် ပါတီများဖြစ်သည့် SNLD ကျားခေါင်းပါတီနှင့် သျှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ် ပါတီတို့ ပူးပေါင်း၍ မဲဆွယ်စည်းရုံးမှုများပြုလုပ်နေကြောင်း သျှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ် ပါတီ တာဝန် ရှိသူက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကျနော်တို့က မဟာမိတ်တွေဖြစ်တဲ့အတွက် အတူပူးပေါင်းမဲဆွယ် တာ ပါ။ တော်တော်လေးလည်း အားရ စရာကောင်းတယ်။ သျှမ်းတွေ ကို တွေ့ ရင်လည်း SNLD က ပြည်နယ်လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဆိုရင် ကျနော့်ကို မဲထည့်ပေးကြဖို့ လိုက်ပြောပေးတယ်။ ကျနော်တို့က ကိုးကန့်တွေ ကို တွေ့ရင်လည်း SNLD ပြိုင်တဲ့ အမျိုးသား လွှတ်တော်မှာ သူတို့ကို မဲထည့်ဖို့ ကျနော်တို့ ပြောပေးတယ်”- ဟု ၉၀ ရွေးကောက် ပွဲတွင် ကွန်လုံ မဲဆန္ဒနယ်မှ အနိုင်ရခဲ့သည့် သျှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအန်တိုနီဆူးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ကွန်လုံမဲဆန္ဒနယ်တွင် SKDP သျှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ မှ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် နှစ်နေရာနှင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ကျားခေါင်း SNLD ပါတီမှာမူ လားရှိုးတစ်ခရိုင်လုံးအကျုံးဝင်သည့် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၃ မှ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

၉၀ ရွေးကောက်ပွဲတွင် အနိုင်ရဖူးသည့် SKDP ပါတီ အနေဖြင့် ကိုးကန့် ဒေသ တွင်လည်း ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဦးစီးအဖွဲ့ ဖွဲ့နိုင်ရန်အတွက် ရည်မှန်းထားကြောင်းလည်း သိရသည်။

“လူဦးရေ တသိန်းလေးသောင်းကျော်မှာ မဲစာရင်းက ၄သောင်းကျော်ပဲရှိတာ ၊ စစ်အုပ်ချုပ်ရေး ရှိနေသေး တာ ၊ တပ်တွေအများကြီးရှိနေတဲ့အပေါ် လူတွေ ကကြောက်ရွံ့မှုတွေရှိနေပါသေး တယ်။ နေ့ခင်းပိုင်း ဆို လောက်ကိုင်လာလိုက် ညဘက်ဆို တရုတ်ဘက်က စခန်းတွေမှာ ပြန်အိပ်လိုက်နဲ့ နောက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းတယောက်က အငြိမ်းစားယူပြီး လောက်ကိုင်ကနေ ပြည် ခိုင်ဖြိုးကိုယ်စားပြုပြီး လာပြိုင် မှာကတော့ ကျနော်တို့အတွက် စိန်ခေါ် မှုတွေ ပါပဲ” - ဟု ဦးအန်တိုနီစူးက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များတွင် အများ စု အနိုင်ရသည့်ပါတီမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဦးစီး အဖွဲ့ဖွဲ့စည်းရာတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခွင့်ရရှိ မည်ဖြစ်သည်ဟု သိရသည်။

ကိုးကန့်ဒေသတွင် လောက်ကိုင်နှင့် ကုန်ကြမ်း မြို့နယ်နှစ်ခုရှိပြီး မော်ထိုက်မြို့ နယ်ခွဲအပါဝင် MNDAA ဖုန်ကြားရှင် အဖွဲ့ သိမ်းယူထားသည့် ကျေးရွာ အချို့မှာ ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ကြောင်းလည်း သိရသည်။

သျှမ်းသံတော်ဆင့်
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment