တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် RCSS/SSA လက်မှတ်ထိုးမည်


7.10.2015
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် RCSS/SSA အနေနှင့် ယနေ့ (အောက်တိုဘာလ ၇ ရက်) ပြုလုပ်သည့် ဗဟိုကော်မတီ အစည်းအဝေး အပြီးတွင် ဆုံးဖြတ် လိုက်ကြောင်း RCSS/SSA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလ က ဆိုသည်။

“NCA ကို လက်မှတ်ထိုးဖို့ ဒီနေ့မှ ဗဟိုက ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက လတ်မှတ်ထိုးဖို့ အသင့်ရှိတယ်လို့ ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ တရားဝင်ဖြစ်အောင် ဗဟိုကော်မတီဝင်တွေ အားလုံးရဲ့ သဘောထားကို ထပ်တောင်းခံပြီး အခုလို ဆုံးဖြတ်လိုက် တာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းလ က  ရှင်းပြသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီး အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့က NCA စာချုပ်ကို လက်မှတ်ရေးထိုး မည်ဟု သဘောထားပေးထားပြီး ယခု RCSS/SSA အဖွဲ့က လက်မှတ်ရေး ထိုးရန် ထပ်မံ ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။

“ကျွန်တော်တို့ မနက်ဖြန် ရန်ကုန်မှာလုပ်မယ့် NCA လက်မှတ်ထိုးပွဲနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာလည်း အသိပေးသွားမှာပါ။ ဒီနေ့ ညနေပိုင်းကလည်း အစိုးရဘက်ကို ဖုန်းဆက် အကြောင်းကြားထားပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းလက ဆိုသည်။

‪#‎The‬ Voice Weekly
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment