မြန်မာ - ထိုင်းနယ်စပ်မြို့၌ စိတ်ကြွဆေးပြား (၄)သိန်းခွဲနီးပါး ဖမ်းဆီးရမိ



7.10.2015

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ကျပ်သိန်းပေါင်း (၁၁,၂၀၀) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယနေ့ အောက်တိုဘာလ (၇)ရက် နေ့လည် (၁)နာရီကျော်က သယ်ဆောင်လာသူနှင့် အတူ ဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။

မိုင်းဆတ်မြို့နယ်၊ နားယောင်းကျေးရွာမှ တာချီလိတ်ဘက်သို့ အိုက်ရှဲန် (ခ) အိုက်စိုင်းဆိုင် မောင်းနှင်လာသော Vigo အမျိုးအစား ခဲရောင် မော်တော်ယာဉ်သည် လွယ်တော်ခမ်း ပူးပေါင်း စစ်ဆေးရေးဂိတ် အရောက်တွင် မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ် နှင့် နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာများဖြင့် ပူးပေါင်းကာ ရပ်တန့် စစ်ဆေးရှာဖွေရာမှ မော်တော်ကား၏ ယာဉ်နောက်ဘက် ကြမ်းခင်းအောက် အံဝှက်အတွင်းမှ အဆိုပါ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိတာဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေရရှိရာတွင် တစ်ထုပ်လျှင် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၈၀၀၀)ပြားစီပါသည့် အထုပ်ကြီး (၅၆)ထုပ်ကို တွေ့ရှိရာ စုစုပေါင်းမှာ စိတ်ကြွဆေးပြား(၄၄၈,၀၀၀)ပြား ရှိကြောင်းနှင့် ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၁၁၂၀၀)ခန့်ရှိကြောင်းနှင့် သယ်ဆောင်လာသူ အိုက်ရှဲန်(ခ) အိုက်စိုင်းဆိုင် အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၃၈/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

Tachileik News Agency
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment