ဘန်ကောက်မြို့ မြန်မာသံရုံး၌ အောက်တိုဘာလ(၁၇)ရက်နေ့တွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်မည်



8.10.2015

၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ထိုင်းနိုင်ငံအတွင်း တရားဝင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အနေဖြင့် ကြိုတင်ဆန္ဒမဲပေးမှု ကို အောက်တိုဘာလ (၁၇)ရက်နေ့တွင် ပေးနိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှ အသိပေးကြေညာထားသည်။

ထိုသို့ ဆန္ဒမဲပေးရာတွင် မိမိတို့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်မှ မြို့နယ်များရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများကို မဲပေးနိုင်မှာဖြစ်သည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် မဲပေးနိုင်ရေးအတွက် စာရင်းပေးသွင်းနိုင်ရေးကို စက်တင်ဘာလ (၁၆)ရက်နေ့အထိ သတ်မှတ်ခဲ့ပြီးနောက် မဲပေးရမည့် ရက်ကို အောက်တိုဘာလ(၁၇) ရက်နေ့ ဒေသစံတော်ချိန် နံနက်(၉)နာရီမှ ညနေ(၄)နာရီခွဲအချိန်ထိ သတ်မှတ်ထားရာ ဘန်ကောက်မြို့ ရှိ မြန်မာသံရုံးတွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

#Tachileik News Agency
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment