(သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကျားခေါင်းပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း နန်းမိုခမ်း နှင့်တွေ့ဆုံမေးမြန်း)
7.10.2015
အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အားသွန်ခွန်စိုက် ကြိုးပမ်းေ နတဲ့ တပြည်လုံးအပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးပွဲရောက်လုရောက် ခင်မှာဘဲ တိုင်းရင်းသားဒေသတွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေ ဆဲဖြစ်ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးတွေရဲ့ ဘ၀ဟာ ပိုပြီးဒုက္ခရောက်နေတယ်လို့ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကျားခေါင်းပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ေ လာင်း နန်းမိုခမ်းကပြောပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် သူတို့ လေးတွေ ရဲ့ ဘ၀ကို ဘယ်လိုမြင့်တင်ပေးမလဲ။ သျှမ်းသံတော်ဆင့် ကနေ တွေ့ဆုံမေးမြန်း ထားပါတယ်။
မေး ။ ။ အမျိုးသမီးကိုယ်စားလှယ်တစ်ဦးအနေနဲ့ ရွေးကောက်ပွဲမှာဝင် ရောက် ယှဉ်ပြိုင်ဖို့ဘယ်လို အရာတွေကများ တွန်းအားပေးခဲ့တာလဲ ။
ဖြေ ။ ။ ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့ အမျိုးသမီးနဲ့ကလေးသူငယ် အခွင့် အရေးတွေကို ကျမတတ်နိုင်သမျှ အကာအကွယ်ပေးချင်တဲ့ဆန္ဒရယ် သူတို့ တွေ ရဲ့ဘ၀ကိုမြှင့်တင်ပေးချင်တဲ့ဆန္ဒတွေကြောင့်ဖြစ်ပါတယ် ။ ဒါကလည်း လွှတ်တော် ထဲမှာထိရောက်တဲ့ ဥပဒေတွေပြဌါန်းပြီး အဲ့ဒီဥပဒေ တွေ စိုးမိုးအောင်ကြိုးစားရမှာပါ ။ ဒါတွေကိုအမျိုးသားတွေထက် အမျိုးသမီး တွေ ကိုယ် တိုင်လှုပ်ရှားဆောင်ရွက် ဖို့လိုအပ်တယ် ဆိုတဲ့ အသိက ကျမကို ကိုယ် စားလှယ်တစ်ဦးအဖြစ်ဝင်ပြိုင်ဖို့တွန်းအား ဖြစ်စေခဲ့တာပါ။
မေး ။ ။ စည်းရုံးမဲဆွယ်တဲ့အခါ ၊ ဘယ်အရာတွေ ဘယ်အချက်တွေကို အဓိကထားပြောချင်သလဲ ။
ဖြေ ။ ။ ပြည်သူလူထုကအလုပ်ရှင်ကျမတို့ကလုပ်သားတွေပါ ။ ပြည်သူလူ ထု အကျိုးကိုကောင်းမွန်စွာ သယ်ပိုးပေးနို င်တဲ့လုပ်သားကောင်းတွေကို ပြည်သူလူထုကိုယ်တိုင်ရွေးချယ်ပေးရမှဖြစ်ပါတယ် ။ အရည် အချင်း ရှိတဲ့ ပါတီနဲ့ကိုယ်စားပြုထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြည်သူလူထု မဲထည့်ကြဖို့ လိုပါတယ် ။ငွေကို မကြည့်ပဲကိုယ်ကျိုးမဖက်ပဲ ပြည်သူအတွက် လုပ်ကိုင်ပေးမဲ့ မူဝါဒကောင်း လက်စွဲထားတဲ့ပါတီကိုယ်စားလှယ် လောင်း ကို မဲထည့်ပေးကြဖို့ပြောချင်ပါတယ် ။
မေး ။ ။ အနိုင်ရခဲ့ရင်အမျိုးသမီးနဲ့ကလေး သူငယ်တွေအတွက် ဘာ တွေလုပ်ဆောင်ပေး မှာလဲ နောက်ပြီး နိုင်ငံရေးလုပ်ဆောင်ချက်တွေ ၊ အထူး သဖြင့် သျှမ်းပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ ပတ်သက်ပြီးဘယ်လို ပြုပြင်ပြောင်း လဲမှု မျိုးတွေလုပ်ဆောင်ချင်သလဲ ။
ဖြေ ။ ။ လုပ်ဆောင်ပေးရမှာတွေတော့အများကြီးပါပဲ ။ အထက်မှာပြော ခဲ့သလိုပဲ အမျိုးသမီးနဲ့ကလေး သူငယ်တွေကို ကာကွယ်ပေးနိုင်တဲ့ကဏ္ဍ၊ ငြိမ်းချမ်းရေးကဏ္ဍတွေ လဲ လိုအပ်တယ် ။ ငြိမ်းချမ်းရေးမရှိ မရှိပဲ စစ်ဖြစ်နေ ဦးမယ်ဆိုရင် အမျိုးသမီးနဲ့ ကလေးတွေက ပိုပြီးဒုက္ခရောက်ကြရတယ် ။ နောက်ပြီးမသန်စွမ်း လူတွေ အတွက်အခွင့်အလန်းတွေလုပ်ဆောင်ပေး ရမယ် ။ ပြည်သူလူထုတစ်ရပ်လုံး သူ့ကဏ္ဍနဲ့ သူ့အခွင့် အရေးရ ရှိ အောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် ။
မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာထွက်ပေါ်လာမယ့် အစိုးရအသစ် တစ်ရပ် အတွက် ဘယ်လိုအစိုးရမျိုး ကို မျှော်လင့်ထားသလဲ ။
ဖြေ ။ ။ ရွေးကောက်ပွဲအပြီးမှာ ပြညသူလူထုတစ်ရပ်လုံးက မျှော်လင့်တောင့် တနေတဲ့ ပြည်သူ့အကျိုး ကို ကောင်းမွန်စွာသယ်ပိုးပေးမယ့် အစိုးရ သစ် တစ်ရပ်ကိုမျှော်လင့် ပါတယ် ။
မေး ။ ။ အနိုင်မရခဲ့ရင် ဘာတွေဆက်လုပ်ဆောင်သွားဖို့ရှိသလဲ ။
ဖြေ ။ ။ အနိုင်မရခဲ့ရင်လည်း လွှတ်တော်ပြင်ပကနေ ကိုယ်လုပ်ေ ဆာင် ပေးနိုင်မယ့် အပိုင်းတွေကို ဆက်လက်ပြီး ပါတီကနေ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ် ။
မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲကြီး ကို ၀င်ရောက်ယှဉ်ပြိုင်မယ့်ကိုယ် စား လှယ်လောင်တစ်ဦးအတွက် ဘယ်လို အ ရာတွေကစိုးရိမ်စိတ်ေ တွဖြစ်ေ ပါ် စေ ခဲ့စသလဲ ။
ဖြေ ။ ။ မျှော်လင့်ထားတဲ့အတိုင်း လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲ မဖြစ်လာ ရင်ဆိုပြိးစိုးရိမ်မိတယ် ။နောက်တစ်ချက်က တိုက်ပွဲတွေဖြစ်နေ တဲ့အတွက် စည်းရုံးရေးမဆင်းနိုင်တဲ့ဒေသတွေရှိမယ် ။ အဲ့ဒီက ပြည်သူလူ ထုတွေမဲေ ပးနိုင်ဖို့မသေချာမှာကို စိုးရိမ်မိတယ် ။
လွှတ်တော်ထဲဝင်နိုင်ဖို့ ကျားခေါင်းပါတီက ကိုယ်စားလှယ်လောင်းတွေဟာ လက်ရှိမှာ စည်းရုံးရေးဆင်း ကြိုးစားနေပြီး တစ်ခြား တစ်ဖက်ကလည်း လွှတ်တော်ပြင်ပ နိုင်ငံရေးအတွက် ခေါင်းဆောင်တွေ ရှိ နေဖို့ လိုအပ်တယ်လို့ သုံးသပ်တဲ့ အတွက် ၊ အခြေခံဥပဒေ ကိစ္စနဲ့ ပတ်သက်လာရင် လွှတ်ေ တ်ာပြင်ပ နိုင်ငံရေး လောက ဟာ ကြီးမားတဲ့ လိုအပ်ချက် ဖြစ်နေတဲ့အတွက် ကျားခေါင်းပါတီထဲက ထိပ်သီးခေါင်းဆောင် ၅ ဦးကတော့ ရွေးကောက်ပွဲဝင် မှာမဟုတ်ဘူးလို့သိရပါတယ်။
သျှမ်းသံတော်ဆင့်
Home / တိုင်းရင်းသားရေးရာ /
အင်တာဗျူး
/ အမျိုးသမီးနဲ့ကလေးသူငယ်တွေအရေး အမျိုးသမီးကိုယ်တိုင်လုပ်မှရမယ်
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment