မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တွင် စက်တင်ဘာလ အတွင်း တရားမ၀င်သစ် ၁၅၈ တန်ကျော် သိမ်းဆည်းရမိ

                                     သိမ်းဆည်းရမိသော တရားမ၀င်သစ်များအား တွေ့ရစဉ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အတွင်း မိုးမိတ်၊ မဘိမ်းမြို့နယ်အတွင်းရှိ ရွှေလီမြစ်ကမ်း နံဘေးအနီးနှင့် ငအိုး မဟာဗျူဟာ လမ်းဘေးတစ်လျှောက်တို့ရှိ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများတွင် တရားမ၀င်သစ်များ ခိုးထုတ်နေမှုများအား ဖမ်းဆီး သိမ်းဆည်းလျှက်ရှိရာ စက်တင်ဘာလ အတွင်း သစ်မျိုးစုံ တန်ချိန် ၁၅၈ ဒသမ ၁၅၇၉ တန် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် သစ်များအနက် ကျွန်းသစ်မှာ အများဆုံးဖြစ်ပြီး တမလန်း၊ ပိတောက်၊ သစ်မာမျိုးစုံ စုစုပေါင်းတန်ချိန် (၁၅၈ ဒသမ ၁၅၇၉) တန် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“စက်တင်ဘာတစ်လ အတွင်းမှာ ကျောက်မဲခရိုင် အတွင်းမှာရှိတဲ့ မိုးမိတ်၊ မဘိမ်းမြို့နယ်တွေထဲက ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောတွေမှာ ဖမ်းဆီးရမိတဲ့ သစ်တန်က ၁၅၀ ကျော်ပါတယ်။ ရွှေလီမြစ်ကမ်း တစ်လျှောက် နဲ့ မိုးမိတ်၊ မဘိမ်း၊ ငအိုးမဟာဗျူဟာ လမ်းဘေးတွေကနေ အမြဲတမ်းစိုးမိုးရေး စစ်ကြောင်း အသွင်နဲ့ ဖမ်းဆီးနေပါတယ်” ဟု ကျောက်မဲခရိုင် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

တရားမ၀င် သစ်များအား တရုတ်သို့ နည်းမျိုးစုံဖြင့် ခိုးထုတ်တင်ပို့ ရောင်းချလျက်ရှိရာ စက်တင်ဘာ ၂၉ ရက်တွင် မန္တလေး -မူဆယ် မှန်လုံယာဉ်ပေါ်တွင် တရားမ၀င် သယ်ဆောင်လာသော ပိတောက်ခွဲ သား၂၀၈ ချောင်း ၁ ဒသမ၂၁၇၄ တန်၊ တမလန်းခွဲသား နှစ်ချောင်း ၀ ဒသမ ၁၁၇၄ တန်နှင့် အတူ ခရီးသည်တင် မှန်လုံယာဉ် တစ်စီးအား သီပေါမြို့ တိုးဂိတ်တွင် ရှာဖွေ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။




Eleven Media
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment