2.9.2015
သျှမ်းပြည်နယ်တောင်ပိုင်း ပင်လုံတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီ အဖွဲ့ချုပ်မှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံဆွေးနွေးပွဲနှင့် ပါတီအောင်နိုင်ရေး အစည်းအဝေးများကို ကျင်းပသွား မည်ဖြစ်ကြောင်း ပါတီ ဥက္ကဌ ခွန်ထွန်းဦးက ပြောသည်။
“၀င်ရောက်ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် လိုက်နာရမယ့် စည်းကမ်းတွေနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာမှာ ဆောင်ရန် ရှောင်ရန် ကိစ္စတွေကို သင်တန်းတွေပေးမယ်။ ပါတီအောင်နိုင်ရေး အတွက် ဆွေးနွေးမယ်ပေါ့ဗျာ” ဟု SNLD ပါတီ ဥက္ကဌ ခွန်ထွန်းဦးက ပြောသည်။
စက်တင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ သုံးရက်တာ ကျင်းပမည့် အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် မြို့နယ် အသီးသီးမှ ပါတီတာဝန်ရှိသူများ တက်ရောက်ကြမည် ဖြစ်သည်။
သျှမ်းပြည်နယ်အတွင်းအပါဝင် ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်းနှင့် မန္တလေး တိုင်းအတွင်း ရှိမဲဆန္ဒနယ်ပေါင်း ၁၅၀ ခန့်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့်SNLD ပါတီ အနေဖြင့် ပါတီ စတင်တည်ထောင်ခဲ့သည့် ကာလက ချမှတ်ထားသည့် မူဝါဒအတိုင်း ပင်လုံကတိက၀တ်များကို အကောင်ထည်ဖော်လာစေရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး ဆိုသည့် မူဝါဒကို ဆက်လက်စွဲ ကိုင်သွားမည် ဖြစ်ကြောင်းလည်း ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောသည်။
#Panglong(Burmese)
0 comments:
Post a Comment