2.9.2015
ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းနှစ်ဦးမှာ အသက်မပြည့်သေးဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ကြောင်း SNDP အထွေထွေ အတွင်းရေးမှူး စိုင်းလှကျော်က ပြောသည်။
“ကိုယ်စားလှယ်လောင်းတွေဟာ အသက် ၃၀ ပြည့်တဲ့သူတွေဖြစ်ရမယ်ဆိုတော့ ဒီကိုယ်စား လှယ်လောင်းတွေက ရွေးကောက်ပွဲမကျင်းပမှီမှာ သူတို့ အသက် ၃၀ ပြည့်မယ်။ ကျနော်တို့ကအဲလို ချိန်ပြီးထည့်လိုက်တာ အခုပယ်ချခံရတယ် ပြည်နယ်အဆင့်ဆက်တက် နေတယ်ဆိုပေမဲ့ ဒီကနေ့ အထိဘာမှ မသိရသေးတော့ ဒီအတိုင်းအတည်ဖြစ်သွားပြီထင်တယ် ”- ဟု စိုင်းလှကျော်က စက်တင်ဘာလ ၁ ရက်နေ့တွင် ပြောသည်။
အဆိုပါ ကိုယ်စားလှယ်များမှာ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်ေ လာင်း များဖြစ်ပြီး လက်ရှိ ကိုယ်စားလှယ်လောင်းစီစစ်ချိန်တွင် အသက် ၃၀ မပြည့်သေးဟု ဆိုပါသည်။
“ကော်မရှင်ကထုတ်ပြန်ထားတာက ကိုယ်စားလှယ်လောင်းဟာ အသက် ၃၀ ပြည့်ရမယ် လို့ပဲသတ်မှတ် ထားတာလေ။ ဒါပေမဲ့ စီစစ်ချိန်မှာပြည့်ရမှာလား ရွေးကောက်ပွဲနေ့မှာပြည့်ရမှာလားဆိုတာ တိတိကျကျ မပါဘူးလေ” - ဟု စိုင်းလှကျော်က ပြောသည်။
မြန်မာနိုင်ငံတ၀ှမ်း ပယ်ချခံရသည့် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၈၈ ဦးရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက စက်တင်ဘာလ ၁ ရက်နေ့က ပြောသည်။
#Panglong(Burmese)
0 comments:
Post a Comment