လင်းခေး ခရိုင် ရဲရုံးတွင် ဗုံးပေါက်ကွဲ


2.9.2015


သျှမ်းပြည်တောင်ပိုင်း ခရိုင်ရုံးစိုက်ရာ လင်းခေးမြို့ရှိ ခရိုင်ရဲရုံးအတွင်း ဗုံးတလုံး ပေါက်ကွဲမှုဖြစ်ပွါး ခဲ့ကြောင်း စုံစမ်း သိရှိရသည် ။စက်တင်ဘာလ ၁ ရက်နေ့ မနက် ၁ နာရီခွဲက ဗုံး ပေါက်ကွဲခြင်း ဖြစ်ကြောင်း ၊ ထိခိုက် ဒဏ်ရာ ရမှုတော့ မရှိကြောင်း ဆိုပါသည် ။

“ ခရိုင်ရဲ အသိုင်းအဝိုင်းကတော့ လက်သည်ဟာ ကားတစီးနဲ့လာပြီး ခရိုင်ရဲ ရုံးဝင်းထဲကို ဗုံးပစ်ချတာ လို့ပြောတယ်။ ဒါပေမယ့် လွယ်တဲ့ကိစ္စမှ မဟုတ်တာ ။ လုံခြုံရေး အပြည့် ရှိနေတဲ့ဟာ ။ ဒါကြောင့် ရဲတွေရဲ့ဗုံး မတော်တဆ ပေါက်ကွဲတာလို့ဘဲ ခန့်မှန်း ကြပါတယ် ။” ဟု လင်းခေး ဒေသခံတဦးက ပြောသည် ။

ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ ခရိုင်ရုံးမှ တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပေ ။လင်းခေး ခရိုင် ရဲတပ်ဖွဲ့ ရုံးသည် လင်းခေးမြို့မှ ဝမ့်ဟတ် အထွက်လမ်း ( မြို့တောင်ဘက် ) တွင် တည်ရှိပါသည် ။

မြို့နယ် ရဲစခန်းမှာမူ မိုးနဲမြို့မှ လာသည့် မြို့အဝင် လမ်းတွင် တည်ရှိပါသည် ။လင်းခေး မြို့နယ်အား ခရိုင်အဆင့်သို့ ၂၀၁၄ ခုနှစ်က တိုးမြင့် ခဲ့ခြင်း ဖြစ်ပါသည် ။

#Panglong(Burmese)
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment