အစိုးရစစ်တပ်နှင့်RCSS/SSA ကြား လွိုင်လင်မြို့နယ်တွင်တိုက်ပွဲဖြစ်ပွား


9.9.2015

လွန်ခဲ့တဲ့ စက်တင်ဘာလ ၇ရက်နေ့ ၂၀၁၅ တွင် လွိုင်လင်ခရိုင်အခြေစိုက် အစိုးရစစ်တပ် ခလယ ၁၂နှင့် RCSS/SSAကြား RCSS/SSA ထိမ်းချုပ် နယ်မြေအတွင်းတိုက်ပွဲဖြစ်ပွားကာ အစိုးစစ်တပ်မှ ၃ဦး ကျဆုံးသွားသည်ဟု သိရပါတယ်။

တိုက်ပွဲယာ ညနေခင်း ၅နာရီကျော်လောက် ပစ်ခတ်မှုစတင်ကာ ၆ နာရီကျော်လောက်အထိဖြစ်ကာ လွိုင်လင် ခရိုင် အခြေစိုက် အစိုးရစစ်တပ် ခလယ ၁၂ မှ RCSS/SSA ထိမ်းချုပ်နယ်မြေအတွင်းရှိ RCSS/SSA တပ်တည်ရှိ ရာသို့ ဦးတည် လှုပ်ရှားပြီး မိုင်းပွန်မြို့နယ် ဝမ်ထမ်မို ကျေးရွာအုပ်စု ဝမ်စံပူးကျေးရွာအနီးတွင် တိုက်ဖြစ်ပွား ခဲ့ ကြောင်း အစိုးရစစ်တပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားမှုကြောင့်တိုက်ပွဲပွားရခြင်း ဖြစ်ကြောင်းနှင့် ဝမ်စံပူးကျေးရွာ ယာ မိုင်းပွန်မြိ့နှင့် ၆ ကွာဝေးကြောင်း သိရှိရပါတယ်။

RCSS/SSAမှ အမည်မဖေါ်လိုတဲ့ အရာရှိတစယောက်က အခုလိုပြောပါတယ် တိုက်ပွဲတွင်းမှာ အစိုးစစ်တပ်ဖက် ၃ ယောက် ကျတယ် ရိုးရိုးရဲဘော် ၂ ယောက်ရယ် ဗိုလ်ကြီုးအဆင့် ၁ ယောက် ကျပါတယ် တိုက်ပွဲကညနေခင်း ၅ နာရီကျော် ကျော်လောက်စဖြစ်ပါတယ် တစ်နာရီဝန်းကျင်လောက် ပစ်ကြပါတယ် ပြီးတော့ နှစ်ဖက်စလုံးတိုက် ပွဲဖြစ် တဲ့နေရာကနေ ဆုတ်ခွာခဲ့ကြတယ် တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း တိုက်ဖြစ်တဲ့ကွင်မှာ မိုင်းပွန်အခြေစိုက်တပ်က အင်အား လာဖြည့်တာတွေ့ရတယ် တိုက်ပွဲမှာတော့ မိုင်းပွန်တပ်မပါဘူး ဟုပြောကြားခဲ့ပါတယ်။

ဆက်ပြီးတော့ ကျွန်တော်တို့အတွေ့အကြုံအရဆိုရင် ၂၀၁၀ ရွေးကောက်ပွဲ ဝန်းကျင်ကာလမှာလဲ အခုလိုရွေး ကောက်ပွဲနီး ကာလမှာ အစိုးရစစ်တပ်က လှုပ်ရှားစစ်ကြောင်းတွေပုံမှန်နေခြနေအထက်ပိုတာတွေက အခု ၂၀၁၅ ရွေးကောက်ပွဲခါနီး အစိုးရစစ်တပ်ရဲ့ စစ်ကြောင်းလှုပ်ရှားမှုနဲ့ တိုက်ပွဲတွေက ၂၀၁၀ ရွေးကောက်ပွဲနီး ကာလ တိုက်ပွဲများနဲ့ ဆင်တူနေတယ် ကွာခြားချက်သိပ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment