အပစ်ရပ်စာချုပ်မှာ တိုင်းရင်းသား ၁၇ဖွဲ့ အနည်းဆုံးပါဝင် လက်မှတ်ထိုးဖို့ သဘောတူပြီ

9.9.2015

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း စုစုပေါင်း ၂၁ဖွဲ့ထဲက အနည်းဆုံး ၁၇ဖွဲ့ပါဝင်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA ကို လက်မှတ်ရေးထိုးဖို့ ဒီကနေ့ (စက်တင်ဘာ ၉)မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေကြား သဘောတူလိုက်ပါပြီ။

မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ အားလုံးပါဝင် လက်မှတ်ရေးထိုးရေးကို သဘောတူပေမယ့် လက်တွေ့ဆန်တဲ့ ချဉ်းကပ်မှုမျိုးနဲ့သွားကြဖို့ တိုက်တွန်းခဲ့သလို တအာန်းအဖွဲ့ TNLA နဲ့ ရခိုင့်တပ်မတော် AA တို့နဲ့ ထိန်းထိန်းသိမ်းသိမ်း နေပြီး နည်းလမ်းရှာကြဖို့ဖြစ်တယ်လို့ မြန်မာ ငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။ စက်တင်ဘာ ၂၉ရက်နေ့ကို စာချုပ်လက်မှတ်ထိုးကြဖို့ ဦးသိန်းစိန်က တိုက်တွန်းခဲ့ပေမယ့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေ ကတော့ အောက်တို ဘာလထဲမှာ ထိုးနိုင်ဖို့ကိုသာ အဆိုပြုခဲ့ပါတယ်။

တိုင်းရင်းသားအဖွဲ့အစည်း ၂၁ဖွဲ့ရှိတဲ့အထဲ အစိုးရဖက်က ၁၅ဖွဲ့ကိုသာ လက်မှတ်ထိုးစေလိုပြီး ကျန်တဲ့ ၆ဖွဲ့ကို မပါဝင်စေလို တာကြောင့် စာချုပ်လက်မှတ်ထိုးရေး ရှေ့မတိုးနောက်မဆုတ်ဖြစ်နေရာက အခုတော့ နောက်ထပ် ၂ဖွဲ့ကိုတိုးပြီး လက်ခံ လိုက်တာကြောင့် လက်မှတ်ထိုးရာမှာ အဖွဲ့ ၄ဖွဲ့ ပါဝင်နိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ ကိုးကန့်အဖွဲ့ MNDAA ခေါင်းဆောင်နဲ့ သမ္မတကြား တိုက်ရိုက်ဆက်သွယ်ပြီး ဆောင်ရွက်နေတယ်လို့လည်း ဦးလှမောင်ရွှေက ဆိုပါတယ်။

(ကမာရွတ်မီဒီယာ)
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment