အပစ်ရပ်စာချုပ် ယခုလကုန် လက်မှတ်ထိုးရေး သမ္မတဦးသိန်းစိန်ပန်ကြား

ယနေ့ နေပြည်တော် သမ္မတဦးသိန်းစိန်နှင့်တိုင်းရင်းသားများ တွေ့ဆုံပွဲ
9.9.2015

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ကို စက်တင်ဘာလ မကုန်မီ လက်မှတ်ရေးထိုးနိုင်ရေး မျှော်လင့်ထားပြီး အပစ်ရပ်စာချုပ် လက်မှတ်မရေး ထိုးနိုင်လျှင် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိမည်မဟုတ်ကြောင်း သမ္မတဦးသိန်းစိန် က ပြောဆိုလိုက်သည်။

သမ္မတဦးသိန်းစိန်က စက်တင်ဘာလ ၉ ရက်တွင် နေပြည်တော်ရှိ Myanmar International Convention Center -2 တွင်ကျင်းပသည့် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေး အစည်းအဝေးတက်ရောက်လာသည့်တိုင်းရင်းသား ခေါင်းဆောင် များ သို့ ယင်းသို့ ပန်ကြားလိုက်ခြင်းဖြစ်သည်။

“ စက်တင်ဘာလ မကုန်မှီမှာလက်မှတ်ရေးထိုးနိုင်ဖို့ ဒီကနေ့ အစည်းအဝေး မှာ ကျနော် တို့ ညှိနှိုင်းနိုင်မယ်လို့ မျှော်လင့် ပါတယ်” ဟု သမ္မတ ဦးသိန်းစိန် က ပြောသည်။

သမ္မတဦးသိန်းစိန်က NCA ကို အပြီးသတ် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးရာတွင် တိုင်းရင်းသားခေါင်း ဆောင်များ ဘက်မှ စိတ်ရှည်သည်းခံ ပေးရန်နှင့် NCA မထိုးနိုင်ပါက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နိုင်မည် မဟုတ်ကြောင်း ဆက်လက်ပြောဆိုသည်။

တိုင်းရင်းသားများဘက်မူ ယခုအစည်းအဝေးတွင် ယုံကြည်မှု တည်ဆောက် ရေး ဆွေးနွေးလိုကြောင်း၊ သမ္မတဦးသန်းစိန် အနေဖြင့် တိုင်းရင်းသားများ အတွက် အလျော့အတင်း ပြုလုပ်စေလိုကြောင်း ပြောဆိုကြသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU ) ဥက္ကဌ ၊ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ဖြစ် ပွားနေပြီး တပ်မတော်ဘက်မှ ထိုးစစ်ဆင်မည်ဟူသည့်အသံများ ကြားနေရသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်များအနေဖြင့် စိုးရိမ်မှု ရှိနေကြောင်း ပြောဆိုသည်။

“လက်မှတ်ရေးထိုးမယ့် အဖွဲ့တွေ အတွက် အဖုအထစ် ဖြစ်နေတဲ့ ညီနောင် တိုင်းရင်းသားတွေအားလုံးအတွက် လက်တွေ့အခြေအနေကို ကိုက်ညီတဲ့ အလျော့အတင်းလ်ုပဖို့ သမ္မတကြီးကို တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။
ယနေ့ အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် အားလုံးပါဝင်ရေးကို လက်ခံပေးရန်လည်း ဆွေးနွေး သွားမည်ဟု တိုင်းရင်းသားခေါင်းဆောင် များက ပြောဆိုသည်။

ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP) မှ ဥက္ကဋ္ဌ ခွန်းအေဘယ်တွိဒ်က “ တိုင်းရင်းသားအဖွဲ့တွေ ဘယ်တော့မှ ခွဲထွက်ဖို့ မရှိပါဘူး “ ဟု သမ္မတကို ပြောသည်။

ယနေ့နေပြည်တော်တွင်း ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့်တွေ့ဆုံပွဲသို့ အစိုးရဘက်မှ သမ္မတဦးသိန်းစိန် နှင့်အတူ ဦးအောင်မင်း၊ ဦးသိန်းဇော် ၊ ဦးစိုးသိန်း ၊ ဦးရဲထွဋ် ၊ ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ဦးဝင်းမြင့်၊ ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးအောင်သိမ်း၊ ဦးထွန်းထွန်းဦး၊ ဦးခင်ဇော်ဦး ၊ ဦးခင်ရီ ၊ ဦးသန်းဌေး တို့ တက်ရောက် ကြပြီး တိုင်းရင်းသားများဘက်မှ ကချင်လွတ်လပ်ရေးတပ်မတော် (KIA ) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ၊ ကရင် အမျိုး သား အစည်းအရုံး ( KNU ) ဥက္ကဋ္ဌ မူတူးဆေးဖိုး ၊ မွန်ပြည်သစ်ပါတီ ( NMSP ) ဥက္ကဋ္ဌ နိုင်ထောမွန် ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) နာယက ဒုတိယဗိုလ်ချုပ်ကြီး ဆေထင် ၊ ကရင်နီ အမျိုးသားတိုးတတ်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခွန်းအေဘယ်တွိဒ် ၊ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) မှ ပဒိုနော်ဇီဖိုးရာစိန် ၊ ဒေါက်တာလဂျာ၊ ပူးဇင်ကျုံးနှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT ) ပဒိုကွယ်ထူးဝင်းတို့ တက်ရောက်ကြသည်။

(ဧရာဝတီ)
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment