ထိုင်း-တရုတ် R 3A အမြန်လမ်းမကြီးနှင့် မူးယစ်ဆေးဝါးဂိုဏ်းများ



1.9.2015

R 3A အမြန်လမ်းမကြီးဟာ ထိုင်းနိုင်ငံချင်ခွန်ရိုင်း ပြည်နယ် ချင်ခွန်ခရိုင် ကစပြီး လာအိုနိုင်ငံကိုဖြတ်ကာ တရုတ်နိုင်ငံယူနန်ပြည်နယ်ကူမင်းမြို့အထိ ၁၈၆၁ ကီ လိုမီတာရှည်လျားပါတယ်။ ဒီလမ်းမကြီးဖောက်လုပ်ခဲ့ တဲ့ ရည်ရွယ်ချက်ကတော့ တရားဝင်စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုး လာဖို့နဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတွေ ဖွံ့ဖြိုးရေးကို ရည်ရွယ်တာဖြစ်တယ်။ အဓိက အချက်ကတော့ တရုတ်ပြည် ထုတ်ကုန်တွေကို လာအို နဲ့ ထိုင်းနိုင်ငံတွေဆီ အလွယ်တကူသယ်ယူနိုင်ဖို့ဖြစ်တယ်။ ဒါပေမဲ့ ဒီလမ်းမကြီးမှာ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေဟာ ဗြောင်ကျကျသွားလာ လှုပ်ရှားနေကြတယ်လို့ ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေး အရာရှိတွေကပြောခဲ့ကြတယ်။ ဒီလမ်းမကြီးကိုအသုံးပြုပြီး ကူးလူးဆက်ဆံ မှုကြောင့် နိုင်ငံခြားတိုင်းပြည် တွေရဲ့ ယဉ်ကျေးမှုတွေအပြင် ကုန်သည်တွေ အပြန်အလှန်ကုန်စည်ကူးသန်းမှု များဖြင့် ဒေသတွင်း ဖွံ့ဖြိုးရေး ကိုလဲ ဖြစ်ထွန်းလိမ့်မယ် လို့မျှော်မှန်းထားခဲ့ကြတယ်။

R 3A အမြန်လမ်းမကြီးကို ၂ဝ၁၁ ခုနှစ်က ဖွင့်လှစ်ခဲ့ပါတယ်။ ဒီလမ်းမကြီးမဖွင့်မီ မူးယစ်ဆေးဝါး ဂိုဏ်းတွေ ဟာ မဲခေါင်မြစ်ကိုအသုံးပြုပြီး တရုတ်၊ လာ အို၊ မြန်မာနဲ့ထိုင်းနိုင်ငံတွေအကြားမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီအမြန်လမ်းမကြီး ပေါ်လာတဲ့အခါ မူးယစ်ဆေးဝါး သယ်ယူရာတွင်ပိုပြီးမြန် ဆန်လာတယ်လို့ဆိုတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အောင်မြင် မှုရရှိနေတာနဲ့အမျှ ခရီးသွားတွေစည်ကားတဲ့ ပင်လယ်ကမ်းခြေတွေ၊ ကျွန်းနယ် မြေတွေမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေရော ရောင်းဝယ်သူ တွေပါ များပြားလာခဲ့တယ်။ တချို့ကမ္ဘာလှည့်ခရီးသည် တွေဟာ မူးယစ်ဆေးဝါးအသုံးချဖို့အတွက် တမင်ရည် ရွယ်ပြီးလာကြတာလို့ဆိုတယ်။ ဒါကြောင့်ထိုင်းနိုင်ငံမှာ မူးယစ် ဆေးဝါးမှုခင်းတွေဟာ နေ့စဉ်နဲ့အမျှမြင့်တက်လျက် ရှိတယ်လို့သိရတယ်။

မူလကမဲခေါင်မြစ်ကိုအသုံးချရောင်းဝယ်မှုအပေါ်မှာ အာဏာပိုင်တွေက အာရုံစိုက်ပြီးနှိမ်နင်းလာခဲ့တာ ရယ်၊ R 3A အမြန်လမ်းမကြီးပေါ်လာလို့ အာဏာပိုင်တွေက ဂရုတစိုက်ဖမ်းဆီးမှုမရှိတာရယ်ကြောင့် မူးယစ်ဆေးဝါး ဂိုဏ်းတွေဟာ ဒီအမြန်လမ်းမကြီးကိုအသုံးပြု တာများလာခဲ့ကြတာဖြစ် တယ်လို့ ထိုင်းအရာရှိတွေက ဆိုတယ်။

မဲခေါင်မြစ်အထက်ပိုင်းမှာ မူးယစ်ဆေးဝါးနှိင်နင်း ဖို့အတွက် တရုတ်၊ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ပူးပေါင်း ပြီးမဲခေါင်မြစ်လုံခြုံရေးပူးတွဲစစ်ဆင်ရေး စင်တာ(SMJOC)ကို ဖွင့်လှစ်ထားခဲ့တယ်။ ဒီအဖွဲ့ရဲ့ ညွှန်ကြားရေး မှူးဟာ ထိုင်းနိုင်ငံက ဆူချစ်ခိုချာရင်ဖြစ်တယ်။ ၄င်း SMJOC အဖွဲ့အနေနဲ့ မဲခေါင်မြစ်တစ်လျှောက်သာမကျွ ၃ဗအမြန်လမ်းမကြီးကိုပါ စစ်ဆင်ရေးတွေ တိုးချဲ့လုပ်ရ မယ်လို့ပြောခဲ့တယ်။ ဒီအမြန်လမ်းမကြီးပေါ်က ဖြတ် သွားနေကြတဲ့ မူးယစ်ဂိုဏ်းတွေကိုလာအိုနိုင်ငံဘက်အ ပိုင်းမှာ စိစစ်ရှာဖွေ မှုတွေ အားနည်းနေ တယ်လို့ ဆူချစ် ကဆိုတယ်။ လာအိုနိုင်ငံရဲ့ လမ်းမကြီးပေါ်မှာ စစ်ဆေး ရေးစင်တာတွေ ဖွင့်လှစ်ဖို့ စီမံချက်လဲ မရှိတာကြောင့် အားနည်းမှုတွေရှိနေတယ်လို့ ¤င်းကပြောခဲ့တယ်။

ရွှေတြိဂံလို့ခေါ်တဲ့ မြန်မာ၊ လာအို၊ ထိုင်းသုံးနိုင်ငံ နယ်စပ်နဲ့ အိန္ဒိယ-မြန်မာနယ်စပ်တွေမှာ မူးယစ်ဆေး ဝါးမှောင်ခိုဂိုဏ်း ၁ဝ ခုလောက်ရှိတယ်လို့ ထိုင်းအာဏာ ပိုင်တွေကဆိုတယ်။

မူးယစ်ဆေးဝါးတွေရဲ့ ၈ဝ ရာခိုင်နှုန်းဟာ အိန္ဒိယ နယ်စပ်ကလာတာ လို့ဆိုတယ်။ အမှန်က မူးယစ်ဆေးဝါး အများစုဟာ ဓာတုဗေဒဆေးဝါးတွေနဲ့ ပြုလုပ်ထားကြတာ ဖြစ်တယ်။ စိုက်ပျိုးလို့ရတဲ့ဘိန်းပင်ကထွက်တဲ့ ဘိန်းမည်း၊ ဘိန်းဖြူတွေဟာ ဈေးကြီးလွန်းလို့ အသုံးပြုသူတွေ၊ မူးယစ်ဆေး စွဲသူတွေ သိပ်ပြီးမတတ်နိုင်ကြဘူးလို့ဆိုတယ်။ ဒါကြောင့် ဆေးပြား၊ ဆေးတောင့်နဲ့ ပုံဆောင်ခဲအဖြစ်ထုတ်လုပ်ထား တဲ့ မူးယစ်ဆေးတွေပိုပြီးအရောင်းတွင် ကျယ်တယ်လို့ ထိုင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးအာဏာပိုင်တွေက ဆိုတယ်။

တရုတ်နိုင်ငံမှာ ဓာတုဗေဒပစ္စည်းထုတ်လုပ်တဲ့မြို့ ငါးမြို့၊ ခြောက်မြို့ လောက်ရှိတယ်။ ဒီမြို့တွေကထွက်တဲ့ ဓာတုပစ္စည်းတွေဟာ တရားဝင်ကုန် ပစ္စည်းထုတ်လုပ် တဲ့နေရာတွေမှာ အသုံးပြုဖို့အတွက်ဖြစ်တယ်။ ဒါပေမဲ့ တချို့ဓာတုပစ္စည်းတွေဟာ မဲခေါင်မြစ်အတိုင်းသွားပြီး မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေလက်ထဲကို ရောက်သွား ကြတယ်လို့ တရုတ်အရာရှိတွေက ပြောခဲ့တယ်။ ထိုင် ဝမ်အာဏာပိုင်တွေက ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းသူ SMJOC အရာရှိတွေကို ပြောကြားရာမှာ ထိုင်ဝမ်နိုင်ငံ သား ဓာတုဗေဒ ကျွမ်းကျင်သူ တချို့ဟာ ထိုင်ဝမ်အစိုးရ က နာမည်ပျက်စာရင်းထဲမှာ ထည့်ထားသူတွေဖြစ်ပြီး ၄င်းတို့ဟာ ရွှေတြိဂံဒေသက မူးယစ်ဆေးဝါးဂိုဏ်း တွေ နဲ့ဆက်သွယ်ပြီးအလုပ်လုပ်ကြတယ်လို့ဆိုတယ်။ သူတို့ ဟာမြန်မာနိုင်ငံ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံကမြို့တွေမှာနေကြ တယ်လို့ပြောခဲ့တယ်။

R 3A အမြန်လမ်းမကြီးရဲ့ ယူနန်ပြည်နယ်အဝင်လမ်း နန်ဆင်းနယ်ခြားဂိတ်၌ မသင်္ကာတဲ့ ကားတွေကိုစစ်ဆေး ရာမှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ တရုတ်၊ ထိုင်း နဲ့ စင်ကာပူနိုင်ငံသားတွေကို ဖမ်းမိခဲ့တယ်။ သူတို့ဟာ ခရီးသွားဧည့်သည်ဟန်ဆောင်ပြီး မူးယစ်ဆေးဝါးသယ်ကြ တယ်လို့ဆိုတယ်။ ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ် အဖွဲ့ အထွေထွေအတွင်းရေးမှူး ပမ်ပေါင်ချာဗလစ်က မူးယစ်ဆေးဝါးနှိမ်နင်းရာမှာ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကိုပါ ပါဝင် ပူးပေါင်းဖို့ ဖိတ်ခေါ်သွားမယ်လို့ဆို တယ်။ ယခုအခါ မဲခေါင်မြစ်ကြောင်းတစ်လျှောက်ကို အာ ရုံစိုက်ခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်းဟာ R3A အမြန်လမ်းမကြီးဆီကိုပါ ပြောင်းလဲတာဝန်ထမ်းဆောင် နေရပြီလို့ ဆိုတယ်။ မူးယစ်ဆေးဝါး ဂိုဏ်းတွေဟာ အာ ဏာပိုင်တွေမစိစစ်နိုင်တဲ့ အမျိုးသား ဒီမိုကရက်တစ် မဟာ မိတ်တပ်(NDAA)ရဲ့ နယ်မြေ၊ 'ဝ'နယ်မြေနဲ့ တရုတ်ကိုးကန့် နယ်မြေတွေက မူးယစ်ဆေးဝါးတွေ ထွက်ရှိနေတယ်လို့ ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေးအာဏာပိုင်တွေက ဆို တယ်။

မဲခေါင်မြစ်တစ်လျှောက် ကျေးရွာတွေအပါအဝင် လှေဆိုက်တဲ့နေရာတွေမှာ မူးယစ်ဂိုဏ်းစုစုပေါင်း ၁ဝ ခုထက် မနည်းရှိတယ်လို့ ထိုင်းအာဏာပိုင်တချို့က ဆိုတယ်။ ဒီဂိုဏ်းတွေဟာ လှေတွေ၊ ဖောင်တွေနဲ့ မဲခေါင် မြစ်ကိုစုံပြီး စပိဒ်နဲ့ ဟီးရိုးအင်းတွေကို ထိုင်းနိုင်ငံထဲ သွင်းကြတယ်လို့ဆိုတယ်။ ထိုင်းနိုင်ငံ ဒါမှမဟုတ် လာအို မှတစ်ဆင့် R3A အမြန်လမ်းကြောင်းကနေ တရုတ်ပြည် ထဲကို သွင်းကြတယ်လို့ဆိုတယ်။ အထူး သဖြင့် ဒီအမြန် လမ်းမကြီးပေါ်က နယ်စပ်ဖြတ်ကျော်ဂိတ်တွေမှာ စနစ် တကျမစိစစ်နိုင်ဘူး၊ မရှာဖွေနိုင်ဘူး ဆိုရင် မူးယစ်ဆေးဝါး တွေရဲ့ အဝင်အထွက်ကို တားဆီးဖို့မလွယ်ဘူးလို့ ဆိုတယ်။ အထူးသဖြင့် လာအိုနိုင်ငံ ရဲ့လမ်းပိုင်းမှာ အစစ်အဆေးမရှိ ခြင်းကြောင့် မူးယစ်ဆေးဝါးရောင်းချသူတွေ လွတ် မြောက်နေတယ်လို့ ဆိုတယ်။ ဒါကြောင့် ဒေသတွင်းနိုင်ငံ အချင်းချင်း ကုန်သွယ်ရေးတိုးမြှင့်ပြီး ယဉ်ကျေးမှုချင်း ဖလှယ်ဖို့ ရည်ရွယ်တဲ့ အမြန်လမ်းမကြီးဟာ မူးယစ်ဆေး ဝါးမှောင်ခိုရောင်းဝယ်သူတွေရဲ့ ကြီးစိုးတဲ့လမ်းမကြီးမဖြစ် ရအောင် ပတ်သက်တဲ့နိုင်ငံအားလုံးကကာကွယ်ပြီး မူးယစ်မှောင်ခိုဂိုဏ်းတွေကို တိုးမြှင့်နှိမ်နင်း သွားကြရမှာဖြစ် ပါတယ်။

Ref : Bangkok Post
YMG
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment