ကျောက်မဲမြို့အတွင်း ဂက်စ်ပိုက်လိုင်းမှ ပူစပ်အငွေ့များယိုစမ့် ပါတီများနှင့်အာဏာပိုင်များအား ကွင်းဆင်းစစ်ဆေးရန် ဒေသခံ တောင်းဆို


1.9.2015

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အတွင်းဖြတ်သန်းသော ဂက်စ်ပိုက်လိုင်း ယိုစမ့်သည်ဟု ယူဆရသည့် အနီးတ၀ိုက်တွင် ပူစပ်အနံ့နှင့် မြက်ပင် သစ်ရွက်များ ပိုမိုခြောက်သွေ့လာသဖြင့် အာဏာပိုင်များ တာဝန်ရှိ သူများနှင့် နိုင်ငံရေးပါတီများအား ထပ်မံကွင်းဆင်း စစ်ဆေးပေးစေလိုကြောင်း ကျောက်မဲဒေသခံများ ကပြောသည်။ 

ပြီးခဲ့သည့် သြဂတ်စ်လ ၂၈ ရက် သောကြာနေ့ နေ့လည်ပိုင်းက ကျောက်မဲမြို့နယ် ချောင်းခြောက်ရွာနှင့် (တမိုင်ခန့်ဝေးသော) ပြောင်းခြံဘေးဖြတ်သန်းသည့် ဂက်စ်ပိုက်လိုင်းမှ ထူးခြားသည့်အနံ့နှင့် မျက်စိစပ်စေ သည့် ဓါတ်ငွေ့ များယိုစိမ့်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။ 

သို့သော် အာဏာပိုင်များနှင့် တရုတ်တာဝန်ရှိများ သွားရောက်စစ်ဆေးကြည့်ရှုစဉ် မိုးရေေ ကြာင့်လမ်းပေါ် တွင်ဖြစ်ပေါ်နေသော ချိုင့်ခွက် ၂ ခု မှရသည့်အနံ့ ဖြစ်သည်ဟု ဆိုကာ မြေဖို့ပေးလိုက်သည်ဟု ဆိုပါသည်။ 

အဲတာ ရွာသားတွေ ဒီနေ့ထပ်သွားကြည့်တော့ မျက်စိ လည်ချောင်းစပ်စေတဲ့ အနံ့က မပျောက်သေးဘူး ။ အဲဒီဘေးနားတ၀ိုက်က သစ်ရွက်တွေ မြက်ပင်တွေတောင်မှ ဟိုတနေ့ကထက်ပိုပြီး ညှိုးရော် ခြောက်သွေ့ တယ်။ မြို့ပေါ်က နိုင်ငံရေးပါတီတွေဆီကို ရွာသားတွေ ဆက်သွယ်အကြောင်း ကြားထားပေမယ့် ကနေ့ထိ ကွင်းဆင်းကြည့်ရှုပေးတာမရှိသေးဘူး။ အဲဒီလိုသာဆက်သွားမယ်ဆိုရင်တော့ ကျနော်တို့ ရွာသားတွေ အတွက် စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ် -ဟု ကျောက်မဲမြို့ ချောင်းခြောက်ဒေသခံ စိုင်းစိုင်းက ပြောသည်။ 

သောကြာနေ့က ချောင်းရေတွင်ရေဆော့နေသော ကျွဲကျောင်းသားများက ထူးခြားသည့်အနံ့နှင့်အတူ မျက်လုံး စပ် မျက်ရည်ယိုမှုများဖြစ်ပွါးခဲ့ကြောင်း အဆိုပါ တ၀ိုက်က မြက်ပင်များ သစ်ရွက်များ ညိုးနွမ်း နေသည် ကိုထူးထူးခြားခြားတွေ့ရကြောင်း ရွာပြန်ကာ လူကြီးမိဘများအားပြောပြ ခဲ့သည်ဟု ကျောက်မဲမြို့ ခံ စိုင်းစိုင်းက ပြောသည်။ 

"လွယ်ခေါ်နဲ့ ဟောင့်ဟိန်း(ချောင်းခြောက်)ရွာ ကြားက ပိုက်လိုင်းပေါ့။ အဲ့နားမှာလူနေအိမ်ခြေတော့ မရှိဘူး ဟောင့်ဟိန်း ရွာနဲ့ တမိုင်လောက်ေ ၀းတယ်။နောက်တရက် စနေနေ့မနက်ပိုင်းက အာဏာ ပိုင်တွေ တာဝန်ရှိ သူ တွေလာကြည့်တော့ ကျောက်မီးသွေးတင်ကားတွေကြောင့်ဖြစ် တာဆိုပြီး အဲ့ဒီချိုင့်ခွက်ကို မြေဖို့လိုက်တယ်။" 

အဆိုပါဂက်စ်ပိုက်လိုင်းသည် ကားလမ်းဘေးတွင်တည် ရှိရာ ကျောက်မီးသွေး တင်ကားများဖြတ် သန်းသွား လာမှုကြောင့် ကျောက်မီးသွေးများ အဆိုပါနေရာ တွင် ဖိတ်ကျသွားသဖြင့် မိုး၊ ရေ၊ လေ တို့နှင့် ထိတွေ့ ဓါတ်ပြုရာမှ ထိုသို့သော အနံ့များထွက်လာခြင်းဖြစ်ကြောင်း၊ ဂက်စ်ယိုစိမ့်မှုမဟုတ် ကြောင်း တရုတ် တာဝန်ရှိ သူများ က ပြောဆိုခဲ့သည်ဟုလည်း လိုက်ပါဆောင်ရွက်ရသည့်ေ ဒသခံ စိုင်းစိုင်းကပြောသည်။ 

မည်သို့ပင်ဆိုစေ ဒေသတွင်းအာဏာပိုင်များနှင့် နိုင်ငံရေးပါတီများအား လာရောက်ကြည့်ရှု စေလို ကြောင်း ရွာသားများကပြောဆိုနေပါသည်။ 

အလားတူ သီပေါမြို့နယ်သည် ဆားထွက်ရာဒေ သဖြစ်ရာ မြေသားမြေထုမှာ လည်း ဆားဓါတ်ပါနေ သဖြင့် ဖြတ်သန်းသော ပိုက်လိုင်းများသံ ချေး တက် လွယ်ကာ အချိန်မရွေး ပိုက်လုံးပေါက်ကွဲမှုဖြစ်လာ နိုင် ကြောင်း၊ ပိုက်လိုင်း သွယ် တန်းစဉ်ကလည်း ပေါက်နိုင်သည့် နေရာအား ကတ္တရာစေးပါးပါး သာလူးထားသည်ဖြစ်ရာ သီပေါဒေသခံများနေ့စဉ်နှင့်အမျှ ပူပန်နေကြောင်း ဆိုပါသည်။ 

ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှ တရုတ်ပြည် ယူနန်ပြည်နယ်အထိ သွယ်တန်းမည့် ရွှေဂက်စ်၊ ရွှေရေနံ ပိုက်လိုင်း စီမံကိန်းသည် မြန်မာ- တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကို တရုတ် အစိုးရ ပိုင် တရုတ်အမျိုးသားရေနံကော်ပို ရေးရှင်း China National Petroleum Corporation (CNPC) ကတာဝန်ယူကာ ၂၀၁၀ ပြည့်နှစ်တွင်စတင်ခဲ့ပြီး မကွေး၊ မန္တလေး နှင့် သျှမ်းပြည် မြောက် ပိုင်း အပါအဝင် မြို့နယ် ၂၀ ကျော်ဖြတ် သန်း ကာ တရုတ်သို့ ပို့လွှတ်ရောင်းချနေပြီဖြစ် ပါသည်။

Panglong(Burmese)
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment