နာဂလက်နက်ကိုင် NSCN-K အဖွဲ့ကို ဥပဒေဘောင်အတွင်း မရှိသော အဖွဲ့အစည်းအဖြစ် အိန္ဒိယ ကြေညာ

17.9.2015

မြန်မာ-အိန္ဒိယနယ်စပ်တွင် အခြေစိုက်ပြီး အိန္ဒိယအစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကို တိုက်ခိုက်ခဲ့သော နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ခပ်ပလန် NSCN-K အဖွဲ့ကို ငါးနှစ်တာ ဥပဒေဘောင်အတွင်း မရှိသော အဖွဲ့အစည်းအဖြစ် အိန္ဒိယအစိုးရက စက်တင်ဘာ ၁၆ ရက်နေ့တွင် ကြေညာကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံဘက် အခြမ်းတွင် အခြေစိုက်သော အက်စ်အက်စ် ခပ်ပလန် ခေါင်းဆောင်သည့် NSCN-K အဖွဲ့သည် အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည့်အဖွဲ့ ဖြစ်ပြီး ဥပဒေဘောင်အတွင်း မရှိသော အဖွဲ့အစည်းအဖြစ် ကြေညာရန် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေးတွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ (Narendra Modi) က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် F.INDIA သတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါ NSCN-K အဖွဲ့သည် ချုံခိုတိုက်ခိုက်ခြင်းနှင့် မိုင်းထောင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သောကြောင့်
အိန္ဒိယနိုင်ငံ၏ ၁၉၆၇ ခုနှစ် ဥပဒေမဲ့ ပြုမူဆောင်ရွက်မှုများ (ကာကွယ်တားဆီးရေး) ဥပဒေအရ 
ဥပဒေဘောင်အတွင်း မရှိသော အဖွဲ့အစည်းအဖြစ် ငါးနှစ်တာ ပိတ်ပင်တားမြစ်ကြောင်း အိန္ဒိယနိုင်ငံ
ဆက်သွယ်ရေးဝန်ကြီး ရာဗီရှန်ခါပရာဆက်က ပြောကြားသည်။

နှစ်နိုင်ငံ နယ်စပ်အနီး အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချန်ဒေးခရိုင်၊ Moltuk ရွာအနီးတွင် အိန္ဒိယ
တပ်မတော်မှ လုံခြုံရေး ဆောင်ရွက်နေသော ယာဉ်တန်းကို ဇွန် ၄ ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ
အခြေစိုက် နာဂလက်နက်ကိုင်တပ်ဖွဲ့ NSCN (IM) အဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့
ကျဆုံးခဲ့သည်။

ယင်းနောက် အိန္ဒိယ တပ်မတော်က တိုက်ခိုက်ခံရသော ချန်ဒေးခရိုင်အတွင်းရှိ နယ်စပ်တစ်လျှောက်တွင်
 နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဇွန်လ ဒုတိယပတ်အတွင်း မြန်မာ-အိန္ဒိယ နယ်နိမိတ်မှတ်တိုင် အမှတ် (၁၁၉) အနီး တစ်ဖက်နိုင်ငံအတွင်းရှိ မိုဘိုင်လွတ်ရွာအနီးတွင် NSCN (IM) အဖွဲ့နှင့် တွေ့ဆုံ
တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းကိစ္စရပ်တွင် မြန်မာနိုင်ငံ အခြေစိုက် NSCN-K အဖွဲ့ ပါဝင်ပတ်သက်နိုင်ကြောင်း အိန္ဒိယ သတင်းဌာနအချို့တွင် ဖော်ပြထားသည်။

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN ကို လွတ်လပ်သော နာဂပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် ၁၉၈၀ ပြည့်နှစ်တွင် အိန္ဒိယ-မြန်မာ နယ်စပ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း NSCN အဖွဲ့သည် ၁၉၈၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် အခြေချ
လှုပ်ရှားသော NSCN (IM) နှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နာဂလူမျိုးများ နေထိုင်ရာ
လဟယ်မြို့နှင့် နန်းယွမ်းမြို့နယ်များတွင် အခြေချလှုပ်ရှားသော NSCN-K အဖွဲ့ဟူ၍ နာဂလက်နက်ကိုင်
 နှစ်ဖွဲ့ကွဲသွားကြောင်း ဆွီဒင်နိုင်ငံသား သတင်းစာဆရာ ဘာတေးလ်လစ်တနာ ရေးသားသော ကျောက်
စိမ်းမြေ စာအုပ်တွင် ဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံ အခြေစိုက် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (ခပ်ပလန်) NSCN-K အဖွဲ့သည် ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော လက်နက်ကိုင် အဖွဲ့အစည်း
 ဖြစ်သည်။
အလားတူ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် နာဂလက်နက်ကိုင်
တပ်ဖွဲ့ ပါဝင်လာရေးအတွက် အိန္ဒိယအစိုးရ၏ သဘောထားကို ရယူသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောဆိုထား
သည်။

The Voice Weekly
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment