တာချီလိတ်ခရိုင်၌ ကျားခေါင်းပါတီမှ ကိုယ်စားလှယ်လောင်း အဖြစ်(၁၀)ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ တာချီလိတ်မြို့နယ်၌ (၄)ဦး ပါဝင်






18.9.2015

၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် တာချီလိတ်ခရိုင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(ကျားခေါင်း)သည် တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းစသည့် မဲဆန္ဒနယ်များတွင် ကိုယ်စား
လှယ်လောင်းအဖြစ် စုစုပေါင်း (၁၀)ဦး ၀င်ရောက်ကာ ရွေးချယ်ခံကြမှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းသိန်းအောင်မှ
လည်းကောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းလုံမှ လည်းကောင်း၊
 ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းအောင်ဟိန်းမွန်း (မဲဆန္ဒနယ် အမှတ်(၁) )မှ
လည်းကောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဒေါက်တာစိုင်းဝင်းလျှိုး ( မဲဆန္ဒနယ်
အမှတ်(၂) )မှ လည်းကောင်း ၀င်ရောက် ရွေးချယ်ခံကြမှာဖြစ်သည်။

မိုင်းဖြတ်မြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းရှဲန်မှ လည်းကောင်း၊
 ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းဆု (မဲဆန္ဒနယ် အမှတ်(၁) )မှ လည်းကောင်း၊
 ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းဆမ်တစ်ဖေ ( မဲဆန္ဒနယ် အမှတ်(၂) )မှ
လည်းကောင်း ၀င်ရောက် ရွေးချယ်ခံကြမှာဖြစ်သည်။

မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းသန်းထွန်းဦးမှ
လည်းကောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းရှဲန် (မဲဆန္ဒနယ် အမှတ်(၁) )မှ လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းယောဇက်( မဲဆန္ဒနယ် အမှတ်(၂) )မှ လည်းကောင်း ၀င်ရောက် ရွေးချယ်ခံကြမှာဖြစ်သည်။

Tachileik
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment