တုံဂရဆီရသေ့၎ပါးနှင့် နှောင်တုံကန်သမိုင်းအကျဉ်းချုပ်
ဖယားကာဟမ်(Pa Ya Ka Ham) ဂေါပါလမင်း ဒမ္မိလပ်(Dam Me Larp) ခေါ် ကျိုင်းတုံမြို့မှထွက်ခွါ သွားပြီးနောက် နှစ်များမကြာမီ ခုနှစ်ရက် ခုနှစ်ည ပတ်လုံး မိုးသည်ထန်စွာ ရွာသွန်းမူကြေင့် တောတောင် များ ပြိုကျကာ မြစ်ချောင်းများ ပိတ်ဆို့သွားခဲ့ပါသည်။ သို့ဖြစ်ရာ ရေထွက်ပေါက်များမရှိတော့သဖြင့် ဒမ္မိလပ်ခေါ် ကျိုင်းတုံမြို့သည် ရေကန်ကြီးသဖွယ် ရေလွှမ်းမိုးခြင်းခံခဲ့ရပေသည်။
ရေမလွှမ်းနိုင်သောနေရာများမှာ (၁) တွမ်ဖူးလုံ(Don Foo Long) ယခုလွယ်လုံကျေးရွာ(၂)ဒေါင်းဖါဆက် (Dong Pa Sart) ယခု ဖကန်ကျေးရွာအနီးရှိ ကတ်ဖအုပ်စုတစ်ဝိုက် (၃)ဆရီမိန်း (Sri Mong)ယခုစွမ်ဆရီ ကုန်းမြေ (၄)လွယ်မွန်တုံ (Doi Mon Tung)ယခု ဓါတ်မွန်တုံစေတီတော် တည်နေရာ မိန်းလန်းကျေးရွာ အုပ်စု (၅)စွမ်ဆတ်(Zom Suk)ယခု စွမ်ဆတ်ကုန်း (၆)ယန်းဖဟင်(Yang Pha Hin)ယခုစွမ်မွန်းကုန်း (၇)စွမ်ဆန့် (Zom Kham)စေတီတော် တည်နေရာကုန်း တို့ဖြစ်ပေသည်။
ကျိုင်းတုံသမိုင်းအရ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနှစ်ပေါင်း(၁၅၀)သို့မဟုတ် သာသနာ သက္ကရာဇ် (၁၅၀)နှစ်ခန့် တွင် တရုတ်လူမျိုး ဝမ်တီဖန်းမင်း(Wang De Fang) ၏သားဖြစ်ကြသော ရသေ့ညီနှောင်လေးပါးတို့သည် နှစ်ကာလကြာရှည်စွာ ကမ္မဌာန်း တရားများကိုနေ့စဉ်မပြတ် ကြိုးစားအားထုတ်မူကြောင့် လောကီဈာန်အဘိန်ညဏ် ရခဲ့ကြသည်။သိ့ဖြစ်ရာ ရသေ့ညီနှောင်တို့သည် ဖခမည်းတော်ထံ ခွင့်ပန်၍ တောင်ဘက်ဒေသသို့ ခရီးထွက်ခွါလာရာ ရှေးဦးစွာ(ဆန်းထိုက်ဖေါ်) တောင်ပေါ် သို့ ကြွရောက်တော်မုသည်။ဆန်းထိုက်ဖေါ် တောင်ပေါ်တွင် အကြီးဆုံးရသေ့သည် အရှေ့ဘက်အရပ်ရှိ နံ့သာနီပင်ကို အမှီပြု၍ တရားကျင့်သဖြင့် နံ့သာနီပင်ကိုအကြောင်းပြုပြီး စန္ဒသိက္ခတုံ (တုံဂရဆီ)ဟူ၍ လည်းကောင်း ဒုတိယရသေ့သည် တောင်ဘက်အရပ်ရှိ ကမ်းပါးကျောက်တောက်ကို အမှီပြု၍တရား ကျင့်ကြံသည့်အတွက် ကမ်းပါးကျောက်ကို အကြောင်းပြုပြီး သုသာနရသေ့ ဟူ၍လည်းကောင်း တတိယရသေ့ အနှောက်ဘက်ရှိ နံ့သာဖြူပင်ကို အမှီပြု၍တရားကျင့် ကြံခဲ့သဖြင့် ပဗာနရသေ့ ဟူ၍လည်းကောင်း စတုတ္တရသေ့သည် မြောက်အရပ်ရှိ ဖလိကကျောက်ကုန်းကို အမှီပြု၍တရာကျင့်ကြံ ခဲ့သဖြင့် ဖလိကကျောက်ကုန်းကိုအကြောင်းပြုပြီး ဖလိကရသေ့ဟူ၍လည်းကောင်း အသီးသီးဘွဲ့အမည် တွင်ကြသည်။
ထိုအရပ်၌ရသေ့ညီနှောင်လေးပါတို့သည် သုံးနှစ်သုံးမိုး ထပ်မံကျင့်ကြံခဲ့ပြီးနှောက် အာယဝီ(Ar Ra Wee)ခေါ် ကျိုင်းဟုန်(Keng Hoong)သို့ ကြွရောက်ကာ ထိုမှတဆင့် ထမ့်ဖါရှဲန်(ပတ္တမြားလှိုင်ဂူ) သို့ကြွရောက်ခဲ့ကြသည်။ ထမ်ဖါရှဲန်မှတဆင့် ကျယ်ဝန်းလှသော ဒမ္မိလပ်(ကျိုင်းတုံ)ရေကန်ကြီးသို့ ကြွရောက်လာကာ ရေမမြှုပ်သော တွမ်းဖူးလုံ (လွယ်လုံ)တောင်ပေါ်တွင် ခေတ္တအနားယူပြီးနှောက် စွမ်ဆတ်ကုန်း ပေါ်သို့ဆက်လက်ကြွရောက်တော် မူသည်။ဂေါတမမြတ်စွာဘုရားသည် ဘုရားဖြစ်ပြီး တစ်ဆယ့်နှစ်ဝါအရ မဟာသက္ကရာဇ် (၁၁၅)ခုနှစ်တွင်စွမ်ဆတ်ကုန်းတော်ပေါ်သို့ကြွရောက်ပြီး ဗျာဒိတ်တော် ထားခဲ့သည် ၄င်းဗျာဒိတ်တော်တွင် မြောက်အရပ်မှ ကြွရောက်လာသော စန္ဒသိက္ဓာတုံ ခေါ်(တုံဂရဆီ) ရသေ့ညီနှောင်ျလးပါးတို့ ဒမ္မိလပ်ရေကန်ကြီးကို တန်ခိုးအာနုဘော်ဖြင့် ခန်းခြောက်စေတီး မြို့ရွာအဖြစ် တည်ထောင်လိမ့်မည်ဖြစ်ကြောင်း ဗျာဒိတ်တော်မူခဲ့သည်။ရသေ့ညီနှောင်တို့သည် ထိုမှတစ်ဆင့် ဆင်ပုံသဏ္ဌာန်ရှိ တောင်ကုန်းပေါ်သို့ကြွရောက်ပြန်သည်။ထိုအခါ သုသာနအမည်တွင်သော ဒုတိယရသေ့သည် ဒမ္မိလပ်ရေကန်ကြီး ကိုဆည်လိုသော ဆန္ဒရှိသဖြင့် စွမ်ဆတ်ကုန်းတော်ပေါ် သို့ပြန်လည်ကြွရောက်ပြီး မိမိကိုင်ဆောင်သောတောက်ဝှေးကို အဓိဋ္ဌာန်ပြု၍ ရေကန်ကြီးကို တောင်ဘက် အရပ် သို့ ဖေါက်ချခဲ့သည်။
တစ်ပတ်ခန့်ကြာသောအခါ ရသေ့ညီနှောင် လေးပါးတို့သည် တောင်ဘက်အရပ်ရှိယိုးဒယားနယ်။ လွယ်အိုက်လုတ်နိုင်း(Doi Aik Look Nai)တွင် သုံးနှစ်ကြာသွားရောက်သီတင်းသုံးခဲ့ပါသည်။ တနေ့သောအခါ လွန်စွာအံ့သြဖွယ်ကောင်းသော ထန်းပင်လုံးအရွယ်ပမာဏရှိ အလင်းရောင် သည် ကောက်းကင်သို့ဖြာထွက်သွားသည်ကို တွေ့မြင်လိုက်ရာ ရသေ့ညီနှောင်တို့သည် အလင်းရောင်ဖြာထွက်လာရာ သို့သွားရောက်ကြည့်ရှု့သော အခါ မြတ်စွာဘုရား၏ ဓါတ်တော်တစ်ဆူကို ဖူးတွေ့ရလေသည်။ ထိုအခါ ရသေ့ညီနှော်လေးပါးနှင့်အတူ လိုက်ပါလာသေား ကျိုင်းတုံချိုင့်ဝှမ်းမှရသေ့ ညီးတစ်ပါနှင့်အတူ ရသေ့၅ပါးတို့သည် ဈာန်အဘိန်ညဏ်တန်ခိုးဖြင့် ပင်လယ်သို့ကြွရောက်ကာ အလျှား(၅)လံခန့်ရှိသော(ဆုတိတ်)ခရုသင်းခွံ(၅)ချပ် ကို ဆောက်ယူခဲ့ကြသည်။ထို့နှောက် ဓါတ်တော်ကို ခရုသင်းခွံ၎ချပ်ဖြင့်ကာရံပြီး ကြန်ခရုသင်း၁ချပ်ဖြင့် အုပ်မိုးကာ စေတီတစ်ဆူအဖြစ် တည်ထားခဲ့ကြသည်။ ထို့နှောက်အကြီးဆုံးရသေ့ကို ကန်တော့ပြီးသော် ဖေါက်ချခဲ့သေားဒမ္မိလပ် ရေကန်ကြီး ခန်း/မခန်းသိ လိုသောကြောင့် ရေကန်ကြီးတည်ရှိရာအရပ်သို့ပြန်လည် ကြွရောက်ခဲ့ကြသည်။ ၎င်းနှောက် မွန်တုံတောင်ကုန်းပေါ်တွင် ခတ္တနားနေပြီး ရေကန်ကြီး သို့သွားရောက်ကြည့်ရှုသောအခါ ရေ လုံးဝမခန်းဘဲ တောင်ဘက် အရပ်သို အနည်းငယ်သာ စိမ့်ထွက်သွားသည်ကိုတွေ့ရလေသည်။ သို့ဖြစ်၍ ရှဲန်စင်း(Shen Zim)ဟူ၍ ယနေ့ထက်တိုင်ခေါ်ဝေါ်ကြပါသည်။''စင်း'' ဂုံရှမ်းဘာသာစကားအရ စိမ့်ထွက်သည်ဟု အဓိပ္ပါယ်ရပါသည်။
ထိုအခါအကြီးဆုံးရသေ့ စန္ဒသိက္ခာတုံ (တုံဂရဆီ)သည် ပန့်မိန်းစေတီတော်ရှိရာအရပ် သိကြွရောက်ပြီးနှောက် အဓိဋ္ဌာန်ကာ ဤဒမ္မိလပ်ရေကန်ကြီး ခန်းခြောက်သွားပါက အလယ်တွင်ရေ ကန်ငယ်လေး သဖွယ်ကျန်ရှိစေရန်အဓိဋ္ဌာန်ပြုပြီးမြောက်အရပ်သိဖေါက်ချခဲ့သည်။ထို့နှောက် သီတင်းသုံးရာ ထမ့်ဖါရှဲန် (ပတ္တမြားလှိုင်ဂူ)သို့ ပြန်လည်ကြွရောက်ခဲ့သည်။ ခွန်နှစ် နှစ် ခွန်နှစ်လကြာမြင့်သော အခါ ရေကန်ကြီး ခန်းခြောက်သွားပြီး ရေကန်ငယ်လေးသာ ကျန်ရစ်ခဲ့သဖြင့် ယခုတိုင်(နှောင်တုံ)ကန် (Naung Tung)ဟု ခေါ်ဝေါ်လာကြခြင်းဖြစ်သည်။ နှောင်သည် ရှမ်းဘသာစကားရ ကန်ဖြစ်ပြီး တုံသည် တုံဂရဆီ ရသေ့ကြီး၏အမည် မှတုံကိုယူ၍နှောင်တုံဟုခေါ်တွင်ခြင်းဖြစ်သည် တိုငါးပြည်မြို့ရွာဖြစ်လာသော အခါတွင်းလည်း ကျိန်းတုန်ဟု ခေါ်တွင်လာကြသည် ကျိုင်းခေါ် ကျိုင်းသည် ဂုံဘာသာစကားအရ မြို့ဖြစ်ပြီး တုံသည် တုံဂရဆီ ရသေ့ကြီးအမည် အတိုကိုယူက မည့်ခေါ်ခြင်းဖြစ်ပေသည်ဝ ရသေ့ညီနှောက်လေးပါး တို့သည် ဒမ္မိလပ် ရေကန်ကြီးခန်းခြောက် ပြီးနှောက် တရုတ်ပြည်သို့ပြန်လည်ကြွရောက်တော် မူကြပြီးနှောက် များမကြာမီ ယွန်းလူမျိုး ဂုံရှမ်းလူမျိုးနှင့် ''လွ''ခေါ် လွယ်လူမျိုးတို့သည် ရေကန်ကြီးရှိရာ ချိုင့်ဝှမ်းသို့ဆင်းသက်လာပြီး မြိုရွာတည်ထောင်ခဲ့ရာ ယနေ့ထက်တိုက်အောက်စည်ကားလျက်ရှိပေသည်ဝ သမိုင်းအရ ကျိုင်းတုံမြို့သည် အမည်အမျိုးမျိုးပြောင်းလဲးခဲ့ရာ ပထမ ဒမ္မိလပ် နှောင်တဖန် စန္ဒာရကွမ်း တုံဂပူရိ ခေမရဌ် ကျိုင်းတုံဟူ၍ အမည်နာမအမျိုးမျိုးခေါ်တွင်ခဲ့ကြပေသည်။
ကိုးကား :နှောင်တုံကန်နှင့်တုံဂရဆီသမိုင်းကြောင်း
Kyaw Ye Myint Aung မှ ကူယူဖော်ပြပေးခြင်းဖြစ်သည်။
0 comments:
Post a Comment