Apple TV အတွက် VLC app တစ်ခုကို ဖန်တီးနေကြောင်း နာမည်ကျော် VLC media player ကို ပြုလုပ်သည့် VideoLAN မှ ပြောကြားလိုက်သည်။
“နောက်ဆုံးမှာတော့ tvOS သစ်အတွက် VLCKit တည်ဆောက်မယ့် code အချို့ကို
ပေါင်းစပ်နိုင်ခဲ့ပါတယ်။ အခုအချိန်က အရမ်းကို စောနေပေမယ့်လည်း
ကျွန်တော်တို့က video playback ကို ပိုင်ဆိုင်နေပါပြီ” ဟု VideoLAN မှ
ဂျင်းဘပ်တစ္စတီကမ့်က blog post တစ်ခုတွင် ရေးသားခဲ့သည်။
ကမ့်သည် VideoLAN ၏ ဥက္ကဋ္ဌဖြစ်သလို VLC ၏ developer များကို ဦးဆောင်နေသူ တစ်ဦး ဖြစ်သည်။
VLC သည် အခမဲ့နှင့် open-source cross-platform multimedia player တစ်ခု ဖြစ်ပြီး DVD များ၊ audio CD များ၊ VCD များနှင့် streaming protocol အမျိုးမျိုးအပြင် multimedia ဖိုင်အမျိုးအစား အများစုကို အသုံးပြုနိုင်စေသည်။
Ref: VentureBeat
Internet Journal

0 comments:
Post a Comment