RCSS/SSA အား အစိုးတပ်မတော် တိုက်လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် လိုက်လံရှင်းလင်း


17.9.2015
RCSS/SSA နှင့် မြန်မာစစ်တပ်တို့အကြား သျှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်ေ ဒသတွင် ဖြစ်ပွားခဲ့သည့် တိုက် ပွဲတွင် အစိုးရတပ်မတော်ဘက်မှ တိုက်လေ ယာဉ် နှင့် စစ်ရဟတ်ယာဉ်များ အသုံးပြုကာ နယ်မြေလိုက်လံ ရှင်း
လင်းေ ကြာင်း ဒေသခံများနှင့် RCSS/SSA တာဝန်ရှိသူတို့က ပြောသည်။
စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်းက အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်အခြေစိုက်ရာ ခိုလမ်မြို့ တောင် ဘက် ၁၀ မိုင်ခန့်အကွာ (ကျိုင်းတောင်း မြို့အသွားလမ်း) ခိုအွတ်ကျေးရွာအုပ်စု ၀မ့်ကောင်းရွာ တောင်ဘက် တွင် သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) လက်အောက်ခံတပ်ရင်း များနှင့် ဒေသ တွင်း အခြေစိုက် မြန်မာစစ်တပ် တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်လေ ယာဉ်နှင့် ရဟတ်ယာဉ်အချို့ကို အသုံးပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
"မနက် ၇ နာရီလောက်မှာ ဖြစ်တာ သူတို့ဘက်က အထိနာတော့ လေ ယာဉ်တွေ ဟယ်လီကော်ပတာတွေတက် လာပြီး လာတိုက် တယ် " - ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။
တိုက်ပွဲမှာ မနက် ၁၀ နာရီခန့်တွင် ပြီးဆုံးသွားခဲ့ပြီး အသေအပျောက် ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
'ယခုရက်ပိုင်းတိုက်ပွဲတွေက ဆက်လာနေတော့ ဒေသခံတွေ က တော်ေ တ်ာလန့်နေတယ် '- ဟု နမ်စန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသူရိန်ဦးက ဆိုသည်။
ယခုရက်ပိုင်းအတွင်း နယ်မြေရှင်းလင်းရေးအကြောင်းပြချက်ဖြင့် RCSS/SSA တပ်ရင်းများ နှင့် မြန်မာစစ်တပ်တို့ အကြား တိုက်ပွဲများ မကြာခဏ ဖြစ် ပွားေ နပြီး သေဆုံးမှုများလည်း ရှိနေသည်ဟု ဗိုလ်မှူးကြီးစိုင်းလှက ပြော သည်။
‘ဗိုလ်မှူးကြီးစိုင်းလှက သူတို့က ကျနော်တို့ကို ထိုင်းမြန်မာနယ်စပ် မုန်း ထားေ ဒသကို ဆုတ်ခိုင်းနေတယ်။ အဲဒီမှာ တပ်ရင်းတွေ အများကြီးကို တချို့တပ် ရင်းတွေနဲ့က အဝေးကြီး။ ဒါမှန်းသိရင် အစက တည်း က ပြည် ထောင် စု အဆင့် ပြည်နယ်အဆင့် အပစ်ရပ်ရေးတောင် မလုပ်ဘူး။ ကိုယ့်သျှမ်းပြည် မှာ နေတာပဲ အခုက နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်လက်မှတ်ထိုးဖို့ လုပ်နေ တုန်းဖြစ်တာ ယုံကြည်မှု ထိခိုက်စေတယ်‘ ဟု ပြောသည်။
အလားလူ လင်းခေးခရိုင် လင်းခေးမြို့အရှေ့တောင်ဘက် ၀မ့်စလောင်းရွာ အနီးတွင်လည်း အစိုးရတပ်မတော် ၊ ပြည်သူ့စစ်တပ်ဖွဲ့ ပူးပေါင်းအင်အား ၄၀ စစ်ကြောင်း နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့အကြား စက်တင်ဘာ ၁၅ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။
ဂျူလိုင်လ ၁၇ တနိုင်ငံလုံးအပစ်ရပ်ဖို့ အဆင်သင့်ဖြစ်နေသည်ဟု သျှမ်းပြည် တပ်မတော်မှ သဘောထား ထုတ်ပြန်သည့်နောက်ပိုင်း လွယ်လင်မြို့နယ်၊ နမ့်ဇန်မြို့နယ်၊ ကွန်ဟိန်းမြို့နယ်၊ မောက်မယ်မြို့နယ်၊ လင်းခေးမြို့နယ် နှင့် ကျောက်မဲမြို့နယ်များအတွင်း တိုက်ပွဲပေါင်း ၆ ကြိမ်ထက် မနည်း ဖြစ်ပွား ခဲ့သည်။
Panglong(Burmese)
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment