လားရှိုး - မူဆယ်သွား ပြည်ထောင်စုကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များအား TNLA အဖွဲ့မှ ဆက်ကြေးငွေများကောက်ခံ


1.9.2015

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး - မူဆယ် ပြည်ထောင်စုကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ခရီးသွားယာဉ် များအား သြဂုတ်လ ၂၉ ရက်နေ့တွင် TNLA အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံခဲ့ကြောင်း ခရီးသွားပြည်သူ တစ်ဦးထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ လားရှိုး - မူဆယ် ပြည်ထောင်စုကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ခရီးသွားယာဉ်များအား မုံးယုလေးလမ်းခွဲနှင့် နမ့်ဖတ်ကာကျေးရွာကြား TNLA အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးမှ ပြောကြားသွားသည်။

“ညနေ ၄ နာရီအချိန်ခန့်က TNLA အဖွဲ့ဝင် ၃ ဦးဟာ မုံးယုလေးလမ်းခွဲနှင့် နမ့်ဖတ်ကာကျေးရွာကြားမှာ ဆက်ကြေး ကောက်နေတာ၊ ပါဂျဲရိုး၊ဆပ်(ဖ်)နှင့်ဘင်ကား တစ်စီးကို (၅)သောင်း၊ မှန်လုံယာဉ်ငယ်ဆိုရင် (၁)သိန်း ၊ ယာဉ်ကြီးတစ်စီး 
(၂)သိန်းကျပ်နှုန်း တောင်းတယ် ” ဟု ယာဉ်မောင်း တစ်ဦးကပြောကြား သွားသည်။

“ကျွန်တော်ကတော့ (၅) သောင်း ပေးလိုက်တယ်၊ ကျွန်တော်လဲပေးပြီးကြောက်လို့ မြန်မြန်ထွက်လာခဲ့တာ၊ အရင်တစ်ခါ တုန်းကလဲ မပေးရင်သေနတ်နဲ့ပစ်တာဆိုတော့ မပေးဘဲမနေရဲဘူး၊ တော်ကြာအပစ်ခံနေရအုံးမယ်၊ ဒီလိုမျိုးတောင်း နေတာတွေကတော့ မင်းမဲ့စရိုက်ဆန်လွန်းတယ်၊ ဒီလိုသာအမြဲလုပ်နေရင် ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေအတွက် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်၊ တာဝန်ရှိအဖွဲ့ အစည်းတွေက ကာကွယ်ပေးဖို့တော့လိုတယ်” ဟု ၎င်းမှ ဆက်လက် ပြောကြားခဲ့သည်။


ဆိုင်နော်(ဖားကန့်)
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment