31.8.2015
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အလွန် လွတ်လပ်ပြီးခေတ်တွင် ရွေးကောက်ပွဲများနှင့်အတူ လွှတ်တော် များ၊ အစိုးရများ ဖွဲ့စည်းခဲ့သည်။ လွတ်လပ်ရေးခေတ် ရွေးကောက်ပွဲများကိုကြည့်လျှင် တရိပ်ရိပ်စစ်ရိပ် စစ်ငွေ့ လွှမ်းခဲ့သည့်အလျောက် ရွေးကောက်ပွဲရလဒ်များသည် တိုင်းရင်းသား ပြည်သူလူထုအများစု၏ ဆန္ဒ သဘောထားအစစ်အမှန်ကို ထင် ဟပ်နိုင်ခဲ့မှု အပိုင်းတွင်လည်း ဟန် ချက်ပျက်ခဲ့ရသည်။ လာမည့် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် စစ်ရိပ်စစ်ငွေ့လွှမ်းနိုင်ခြေ သည် ရွေးကောက်ပွဲ အလွန် ဒီမိုကရေစီ အပြောင်းအလဲ၏ လားရာနှင့် ဆက်စပ်နေနိုင်ဖွယ်ရှိနေသည်။
လွတ်လပ်ရေးရပြီးနောက် ပထမဆုံးရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ မှ ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၃ ရက် နေ့အထိ သုံးကြိမ်ခွဲကျင်းပ ခဲ့သည်။ လွတ် လပ်ပြီးခေတ် ပထမဆုံးပါလီ မန် ရွေးကောက်ပွဲသည် ပြည်တွင်းစစ် နှင့် ပက်ပင်းတိုးခဲ့သည့်အလျောက် သုံးကြိမ်သုံးခါ ခွဲကျင်းပရသည် အထိ နိုင်ငံရေးဇာတ်နာခဲ့သည်။ ဖဆပလအဖွဲ့ချုပ်သည် ပါလီမန် အမတ် ၂၅၀ အနက် ၁၄၇ ဦး အနိုင်ရရှိခဲ့သည်။ မဲပေးပိုင်ခွင့်ရှိ သူ ရှစ်သန်းခန့်ရှိခဲ့သော်လည်း တစ်သန်းခွဲသာ မဲပေးခဲ့ခြင်းကို ကြည့်လျှင် ပထမဆုံးရွေးကောက်ပွဲအပေါ် တိုင်းရင်းသားပြည်သူလူ ထုအနေဖြင့် စိတ်ဝင်စားမှုနည်းပါးခဲ့သည်ဟု လည်းကောင်း၊ စိတ်ဝင် စားခွင့်နည်းပါး ခဲ့သည်ဟုလည်း ကောင်း သုံးသပ်နိုင်သည်။ တစ် သီးပုဂ္ဂလပါလီမန် အမတ် ၁၅ ဦး အနိုင်ရရှိခဲ့ခြင်းသည် ထူးခြားမှု ပင်ဖြစ်သည်။
၁၉၅၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပါလီ မန်ရွေးကောက်ပွဲ များသည် လွတ် လပ်ပြီးခေတ် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ဒုတိယမြောက် ရွေး ကောက်ပွဲများဖြစ်သည်။ ပါလီမန် အမတ်နေရာ ၂၅၀ အနက် ၂၀၂ နေရာအတွက် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ ပါလီမန် အမတ် ၄၈ ဦးသည် ပြိုင်ဘက်မရှိ ပါလီ မန်အမတ်များဖြစ်လာခြင်းသည် ထူးခြားသည်။ မဲပေးပိုင်ခွင့်ရှိသူ ရှစ်သန်း ခွဲကျော်ရှိသည့်အနက် ၃ ဒသမ ၈ သန်းခန့် မဲပေးခဲ့သဖြင့် ပထမအကြိမ်ရွေးကောက်ပွဲ ထက် ပြည်သူ လူထု၏ စိတ်ဝင်စားမှုမြင့် တက်လာခဲ့သည်ဟု သုံးသပ်နိုင် သည်။ ဖဆပလအဖွဲ့ချုပ် က ပါလီမန်အမတ် ၁၄၈ နေရာအနိုင် ရရှိခဲ့ပြီး တစ်သီးပုဂ္ဂလပါလီမန် အမတ် ၁၃ ဦးရှိခဲ့သည်။
မြန်မာ့နိုင်ငံရေးသမိုင်းတွင် ၁၉၅၁-၁၉၅၂ ခုနှစ် ရွေးကောက် ပွဲနှင့် ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲ တို့သည် ပြည်တွင်းစစ်အရှိန် အဟုန်အားကောင်း မောင်းသန် နေသောခေတ်တွင် ကျင်းပခဲ့သည့် အလျောက် စစ်ရိပ်စစ်ငွေ့ များလွှမ်းခြုံနေသည့် ရွေးကောက် ပွဲများဟု သတ်မှတ်နိုင်မည်ဖြစ် သည်။
လွတ်လပ်ပြီးစ ပါလီမန် ရွေးကောက်ပွဲများတွင် မဲပေးသူ ဦးရေနည်းပါးခြင်း သည်လည်း ပြည်တွင်း စစ်မီးလျှံနှင့် ဆက်စပ် နေနိုင်သည်။ ပါလီမန်ခေတ်အစိုးရများသည် ပြည်တွင်းစစ်နှင့် ငြိမ်း ချမ်းရေးပြဿနာများ ကို နိုင်ငံရေး နည်းလမ်းများအရ ထိထိရောက် ရောက် ချဉ်းကပ်အဖြေရှာရန် ပျက်ကွက်ခဲ့သည့်အလျောက် ပါလီမန်ဒီမိုကရေစီသည် ဗေထိ ဆိုကတည်းက ကွဲပြီးဖြစ်ခဲ့ရ သည်။
ပါလီမန် ဒီမိုကရေစီခေတ် တတိယမြောက်ရွေးကောက်ပွဲ သည် ထူးခြားသည့်အပြင် အရပ် သားအစိုးရ အနေဖြင့် ကမကထ ပြုကျင်းပသည့် ရွေးကောက်ပွဲ ဇာတ်လမ်းကို နိဋ္ဌိတံစေခဲ့သည့် သာဓကလည်းဖြစ် သည်။ ဖဆ ပလအဖွဲ့ချုပ်၏ အကွဲအပြဲ အလွန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အိမ်စောင့်အစိုးရ သည် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီ လ ၆ ရက်နေ့တွင် ပါလီမန်ရွေး ကောက်ပွဲကို ကျင်းပပေးခဲ့သည်။ ပါလီမန်ဒီမိုကရေစီခေတ်တွင် စစ်ရိပ်စစ်ငွေ့များအလွှမ်းဆုံးဖြစ် နိုင်ဖွယ်ရှိသည်။ မဲပေးပိုင်ခွင့်ရှိသူ ၁၀ သန်းအနက် ငါးသန်းခွဲကျော် မဲပေးခဲ့သည်။ သန့်ရှင်း ဖဆပလ က ပါလီမန်အမတ် ၁၅၈ နေရာ၊ တည်မြဲဖဆပလက ပါလီမန် အမတ် ၄၁ နေရာ၊ တစ်သီးပုဂ္ဂလ ပါလီမန်အမတ် ၁၆ နေရာ အနိုင် ရရှိခဲ့သည်။
၁၉၆၀ ပြည့်နှစ် ရွေးကောက် ပွဲအလွန် ၂ နှစ်အကြာတွင် တပ် မတော်သည် နိုင်ငံတော်အာဏာ ကို သိမ်းယူပြီးနောက်ပိုင်း ပါလီမန်ဒီမိုကရေစီဇာတ်ကွက်သည် တစ်ခန်းရပ်ခဲ့သည်။ ၁၉၆၀ ပြည့် နှစ် ပါလီ မန်ရွေးကောက်ပွဲသည် မြန်မာ့သမိုင်းတွင် တပ်မတော်က ဦးစီးကျင်းပခဲ့သည့် ပထမ ဆုံးရွေး ကောက် ပွဲဖြစ်ခဲ့ပြီး ၂၀၁၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအထိ ရွေးကောက် ပွဲများအားလုံး ကို တပ်မတော် အစိုးရများကသာ ကမကထပြု ကျင်းပခဲ့သည့်အလျောက် စစ်ရိပ် စစ်ငွေ့လွှမ်း ခဲ့သော ရွေးကောက်ပွဲများဟု သတ်မှတ်နိုင်မည်ဖြစ် သည်။
ရွေးကောက်ပွဲများ စစ်ရိပ် စစ်ငွေ့လွှမ်းလာခဲ့ခြင်းနှင့်အတူ ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း မြန်မာ့ နိုင်ငံရေးသည် ပို၍ပို၍စစ်ရိပ်စစ် ငွေ့လွှမ်းခဲ့ရသည်။
တပ်မတော်အရာရှိကြီးများ နှင့် အငြိမ်းစားများကို ကျောရိုးပြု ဖွဲ့စည်းခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ အစိုးရခေတ်တွင် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ ကောင်စီ အဆင့်ဆင့်ရွေးချယ် တင်မြှောက်ပွဲများကို ၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါ ရီလ ၁၀ ရက်အကြားတွင်လည်း ကောင်း၊ ၁၉၇၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အကြားတွင် လည်းကောင်း၊ ၁၉၈၁ ခုနှစ် အောက်တိုဘာလ ၄ ရက်မှ ၃၀ ရက်အကြားတွင်လည်းကောင်း၊ ၁၉၈၅ ခုနှစ် အောက်တိုဘာလ ၆ ရက်မှ ၂၀ ရက်အကြားတွင် လည်းကောင်း လေးကြိမ်တိုင်တိုင် ကျင်းပခဲ့သည်။ တပ်မတော်အရာရှိကြီးများနှင့် အငြိမ်းစား များခေါင်း ကိုင်သည့် တစ်ပါတီ အာဏာရှင်ခေတ် ရွေးချယ်တင် မြှောက်ပွဲများသည် မြန်မာ့နိုင်ငံ ရေးအပေါ် တပ်မတော်၏ လွှမ် မိုးမှုကို ဒီရေအလားမြင့်တက်ရေး အတွက် ကျားကန်ပေးခဲ့သည်။
တပ်မတော်အစိုးရသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကမကထပြု ကျင်းပခဲ့လင့်ကစား တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား အာဏာ လွှဲပြောင်းပေးရန် ပျက်ကွက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး အ ကြောင်းပြ အချိန်ဆွဲခြင်းနှင့် အတူ မြန်မာ့နိုင်ငံရေးသည် စစ်ရိပ်စစ် ငွေ့ပိုမိုလွှမ်းမိုးခံခဲ့ရသည်။ ဖွဲ့စည်း ပုံအခြေခံဥပဒေ အတည်ပြုပြီး ကျင်းပခဲ့သည့် ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကိုလည်း တပ်မတော် အစိုးရ၏ ဗျူဟာ၊ စီမံချက်များနှင့် အညီ ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ သည် စစ်ရိပ် စစ်ငွေ့လွှမ်းသော နိုင်ငံရေးအခင်းအကျင်းကို ဆယ် စုနှစ်ပေါင်းများစွာ ဆက်လက် ထိန်းကျောင်းနိုင်ရေး ရည်ရွယ် လျက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တံဆိပ်ခတ်နှိပ် ခဲ့သော ဗျူဟာမြောက်ခြေလှမ်း သစ်ပင်ဖြစ်သည်။ ရွေးကောက်ပွဲ များသာမက လွှတ်တော်များ သည်ပင် စစ်ရိပ်စစ်ငွေ့လွှမ်းမိုးခံ ခဲ့ရသည်။
အနှစ်ချုပ်ရသော် မြန်မာ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျင်းပခဲ့သော လွှတ်တော်ရွေး ကောက်ပွဲ ကိုးကြိမ်စလုံးသည် စစ်ရိပ်စစ်ငွေ့များ လွှမ်းမိုးမှုနှင့် မကင်းမရှင်းဖြစ်ခဲ့ရသည်။ အရပ် သားအစိုးရများက ကျင်းပခဲ့သည် ဟုဆိုနိုင်သော ပထမဆုံးရွေး ကောက်ပွဲနှစ်ခုသည်ပင် ပြည် တွင်းစစ်ကြောင့် စစ်ရိပ်စစ်ငွေ့ မကင်းနိုင်ခဲ့သည်မှာ အထင်အရှားဖြစ်သည်။ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးဆီ ဦးတည်သည့် ထိရောက် တွင်ကျယ်မည့် နိုင်ငံရေး ခြေလှမ်းသစ်များကို လှမ်းနိုင်ရေးတွင် လာမည့်ရွေး ကောက်ပွဲများ သာမက လာလတ္တံ့သော အစိုးရများ၊ လွှတ်တော်များ ၌ စစ်ရိပ်စစ်ငွေ့လွှမ်းခြင်း လျော့ ပါးကင်းဝေးမှသာ အကြောင်း အကျိုး၊ အကောင်းအဆိုးဟန် ချက်ညီနိုင်မည် ဖြစ်ပါကြောင်း မီးမောင်းထိုး တိုက်တွန်းဆော်ဩ လိုက်ရပါသည်။။
#7Day Daily
0 comments:
Post a Comment