NCA လက်မှတ် မထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစည်းအဝေး UWSP ထိန်းချုပ်နယ်မြေတွင် ပြုလုပ်မည်
တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များအဓိကတက်ရောက်မည့်ထိပ် သီးအစည်းအဝေးတစ်ခုကို ‘၀’ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) ထိန်းချုပ်နယ် မြေတွင် နိုဝင်ဘာလ ၁ ရက်မှ  ၃ ရက်ထိ ပြုလုပ် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
UWSP/UWSAထိန်းချုပ် နယ်မြေ ပန်ဆန်း (ပန်းခမ်း) မြို့၌ ပြုလုပ်မည့် အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် NCAလက်မှတ်ရေးထိုးထားခြင်းမရှိသည့် KIO၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း (SSPP/SSA)၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ် ပါတီ၊ကိုးကန့်(MNDAA)၊ မိုင်းလားအဖွဲ့(NDAA)၊ ရက္ခိုင့်တပ်မတော်(AA)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နာဂအဖွဲ့ (NSCN-K)တို့အပြင် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) နှင့် ကယန်းပြည်သစ်ပါတီ (KNLP)တို့ကိုပါ ဖိတ်ကြားထားကြောင်း UWSPနှင့် နီးစပ်သူများအပါအ၀င်ဖိတ်ကြားခြင်းခံရသည့် တိုင်းရင်းသားအဖွဲ့အချို့က ဆိုသည်။ ဖိတ်ကြားထားသည့် အဖွဲ့များတွင် NCAလက်မှတ်ရေးထိုးထား သည့်အဖွဲ့များ ပါဝင်ခြင်းမရှိပေ။
ယင်းအစည်းအဝေးနှင့်ပတ် သက်၍ အစိုးရဘက်သို့ အ ကြောင်းကြားထားခြင်းရှိ၊မရှိ မြန်မာ ငြိမ်းချမ်းရေး  ပြန်လည်ထူ ထောင်ရေးဗဟိုဌာန(MPC)အ ကြီးတန်းအကြံပေးဦးလှမောင်ရွှေ ထံမေးမြန်းရာ ‘‘အခုထိတော့ မ ကြားသေးဘူး’’ဟု ဖြေကြားသည်။ပြီးခဲ့သည့်မေလဆန်းပိုင်းက လည်း ပန်ခမ်းမြို့၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့  ထိပ်သီး ခေါင်းဆောင်များအစည်းအဝေး ကို ပြုလုပ်ခဲ့ဖူးသည်။ အဆိုပါအ  စည်းအဝေးတွင်မူ ကရင်နီအမျိုး သားအစည်းအရုံး(KNU)အပါအ ၀င် ပြီးခဲ့သည့်အောက်တိုဘာ ၁၅ ရက်ကNCAလက်မှတ်ရေးထိုးခဲ့ သည့် အဖွဲ့အချို့ကို ဖိတ်ကြားခဲ့ သည်။
အောက်တိုဘာ ၁၅ရက်က NCAကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့လက်မှတ်ရေး ထိုးခဲ့သည်။ ကျန်အဖွဲ့ များကမူ အဖွဲ့အားလုံးပါဝင်မှ လက်မှတ်ရေးထိုးမည့်မူကို ကိုင်စွဲ ထားကြောင်းဆိုသည်။
7Day Daily
Share on Google Plus
About Unknown
    Blogger Comment
    Facebook Comment
0 comments:
Post a Comment