ပါလက်စတိုင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစ္စရေးဂျူးများ တဲအဗစ်မြို့တွင် ဆန္ဒပြ


အစ္စရေးတွင် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားနေချိန် ပါလက်စတိုင်းများနှင့် ငြိမ်းချမ်းရေး စကားပြောရန် တည်ငြိမ်ရေးကို လိုလားသော အစ္စရေးဂျူးများက တဲလ်အဗစ်မြို့တွင် ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း Xinhua သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဂျူးလက်ယာယိမ်း အစွန်းရောက်တစ်ဦးက အစ္စရေး ဝန်ကြီးချုပ် ယစ်ဇက်ရာဘင်ကို လုပ်ကြံခဲ့တဲ့ အောက်မေ့ ဖွယ် နှစ် ၂၀ ပြည့် အခမ်းအနားသို့ လာရောက်ရင်း ဆန္ဒပြပြည်သူများ စုရုံးကြခြင်း ဖြစ်သည်။
ပါလက်စတိုင်းနှင့် ငြိမ်းချမ်းရေး ထူထောင်ခဲ့သော အစ္စရေး ဝန်ကြီးချုပ်ကို ဂျူးလက်ယာ အစွန်းရောက် တစ်ဦးက ၁၉၉၅ ခုနှစ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်း ဖြစ်သည်။
“ဂျူးနှင့် အာရပ်များ မမုန်းလိုကြပါ” “နှစ်ပြည်ထောင် ပြည်သူနှစ်ရပ်” စသဖြင့် ငြိမ်းချမ်းရေး လိုလားသော ဂျူးများက ကြွေးကြော်ကြလျက် ရှိသည်။

ယင်းပွဲကို လက်ဝဲယိမ်းပါတီ တစ်ခုနှင့် ပူးတွဲပြီး ကျင်းပသည့် အစ္စရေး ငြိမ်းချမ်းရေးအဖွဲ့ Peace Now က ယင်းဆန္ဒပြပွဲသို့ လူ ၆၀၀၀ ခန့် လာရောက်ကြသည်ဟု ဆိုကြသည်။အော်စလို ငြိမ်းချမ်းရေး သဘော တူညီချက်နှင့်အတူ ငြိမ်းချမ်းဖြစ်စဉ်ကို ၂၀၀၃ ခုနှစ်တွင် လမ်းကြောင်းချပြခဲ့သော အစ္စရေး ဝန်ကြီးချုပ် ရာဘင် လုပ်ကြံခံရပြီးနောက် ငြိမ်းချမ်းရေးဖြစ်စဉ်က ရှေ့မတိုး နောက်မဆုတ်နှင့် တဖြည်းဖြည်း အကြမ်းဖက်မှုများသာ များပြားလာသည်။

“၁၉၉၅ ခုနှစ်ကတည်းက ရပ်သွားတဲ့ ဒီအရာက ဒီကနေ့မှာ ပြန်စဖို့ လိုနေပါပြီ” ဟု Peace Now အဖွဲ့မှ ပြောရေးဆိုခွင့်ရ အမျိုးသမီး အနက်ဘန်နွန်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း အစ္စရေးတပ်ဖွဲ့က ပါလက်စတိုင်း ၅၂ ဦးကို အနောက်ဘက်ကမ်းနှင့် ဂျေရုဆလင်တွင် ပစ်သတ်ခဲ့သည်။

ပါလက်စတိုင်းများကို အကာအကွယ်ပေးရန် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များ လာရောက်တပ်စွဲပေးရန် ကုလရှိ ပါလက်စတိုင်း ကိုယ်စားလှယ်က လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့သည်။
ငြိမ်းချမ်းရေးလမ်းကြောင်း မရှိခြင်းက လက်ရှိပဋိပက္ခများကို ဖြစ်ပွားစေခြင်း ဖြစ်သည်ဟု ဆန္ဒပြ ပြည်သူများက ပြောကြားကြသည်။

The Voice
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment