မြောက်ကိုရီးယားကင်းလှည့် ရေယာဉ်ကို တောင်ကိုရီးယားက သတိပေးပစ်ခတ်
တောင်ကိုရီးယား ရေတပ် စစ်သင်္ဘောများသည် မြောက်ကိုရီးယား ကင်းလှည့် ရေယာဉ်ကို သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက် တာဝန်ရှိသူ များ၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ် သတင်းဌာနက အောက်တိုဘာ ၂၅ ရက်တွင် ဖော်ပြ ထားသည်။
အဆိုပါ မြောက်ကိုရီးယား စစ်ရေယာဉ်သည် မြောက်ပိုင်း ကန့်သတ်မျဉ်းမှ မီတာ ရာပေါင်းများစွာ အကွာတွင် ခုတ်မောင်းပြီးနောက် အောက်တိုဘာ ၂၄ ရက် ညနေ ၃ နာရီခွဲခန့်က ငါးဖမ်းသင်္ဘော များအား အတင်းအကျပ် ဖိနှိပ်မှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောကြား ထားသည်။
ထို့နောက် တောင်ကိုရီးယား စစ်ရေယာဉ် များသည် ၄ဝ မီလီမီတာ စက်သေနတ်ဖြင့် သတိပေး ပစ်ခတ်မှု ငါးကြိမ် ပြုလုပ်ခဲ့ကြောင်း နှင့် ယင်း သတိပေးမှုများ ပြုလုပ်ပြီးနောက် မကြာမီ မြောက်ကိုရီးယား ကင်းလှည့်
ရေယာဉ်သည် လာရာလမ်းအတိုင်း ပြန်လှည့် သွားကြောင်း သိရသည်။ ထို့ပြင် ယင်းကိစ္စရပ်နှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား မည်သည့် ပဋိပက္ခမျှ မရှိကြောင်း တောင်ကိုရီးယား စစ်ဘက် အရာရှိတစ်ဦး က ပြောကြား ခဲ့သည်ဟု သိရသည်။
0 comments:
Post a Comment