ဂျာမနီနိုင်ငံရှိ စာသင်ကျောင်းများနှင့် ဘုရားကျောင်းများမှ ငွေများကို ISIS အဖွဲ့ ဖောက်ထွင်း



ဆီးရီးယားနိုင်ငံ၌ တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် ရန်ပုံငွေ ရှာဖွေသည့် အနေဖြင့် ISIS စစ်သွေးကြွ အဖွဲ့ဝင် ရှစ်ဦးသည် ဂျာမနီနိုင်ငံ အတွင်းရှိ စာသင်ကျောင်း များနှင့် ခရစ်ယာန် ဘုရားကျောင်း များမှ ငွေများကို ဖောက်ထွင်း ခိုးယူခဲ့ကြောင်း သိရသည်။
 

 အဆိုပါအဖွဲ့သည် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ ယူရို ၁၉ဝဝဝ တန်ဖိုးရှိ ပစ္စည်း များကိုလည်း လုယက်ခဲ့ကြ သည်ဟု တရားရုံးက ထုတ်ပြန် ထားသည်။ သို့သော် ဆီးရီးယားရှိ ISIS စစ်သွေးကြွ အဖွဲ့ထံသို့ ငွေမည်မျှ လွှဲအပ်ပြီးသည် ကိုမူ အတိအကျ မသိရသေးပေ။ ၄င်းတို့ကို ယခုအခါ ဂျာမနီ အာဏာပိုင် များက ဖမ်းဆီးထားပြီး ကိုလုံးမြို့ရှိ တရားရုံးတွင် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ISIS စစ်သွေးကြွ များသည် ခရစ်ယာန် ဘုရားကျောင်း များမှ သေတ္တာများနှင့် ပစ္စည်းများကို ခိုးယူခဲ့သည့် အပြင် စာသင်ကျောင်း များမှငွေကြေး များစွာနှင့် လက်တော့ပ် ကွန်ပျူတာ များကိုလည်း ဖောက်ထွင်း ခိုးယူခဲ့သည်ဟုအစိုးရရှေ့နေ များ၏ ကနဦး စစ်ဆေးချက် အရ သိရသည်။

ဖမ်းဆီးထားသည့် ISIS စစ်သွေးကြွ ရှစ်ဦးအနက် ခေါင်းဆောင်မှာ မော်ရိုကို နိုင်ငံသား ဖြစ်ပြီး ၄င်းသည် ISIS စစ်သွေးကြွ အဖွဲ့အတွက် တပ်သားသစ် စုဆောင်းသည် ဟူသော စွဲချက်ဖြင့်လည်း အမှုရင်ဆိုင် ရလျက်ရှိသည်။

အီရတ်နှင့် ဆီးရီးယားတွင် ပြည်ပနိုင်ငံများမှ တိုက်ခိုက်ရေး သမား ၂ဝဝဝဝ ခန့်ရှိပြီး ၄င်းတို့အနက် ၅ဝဝဝ ဦးခန့်မှာ ဥရောပ နိုင်ငံများမှ ဖြစ်ကြောင်း The Telegraph သတင်းစာက ဖော်ပြထားသည်။


Pyi Chit thar
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment