နျူကလီးယား လက်နက် ထပ်မံစမ်းသပ်လျှင် မြောက်ကိုရီးယား ပေးဆပ် ရမည်ဟု တောင်ကိုရီးယား သမ္မတ သတိပေး



25.9.2015

မြောက်ကိုရီးယား အနေဖြင့် နောက်ထပ် နျူကလီးယားလက်နက် စမ်းသပ်မှုတစ်ရပ် ပြုလုပ်ပါက ယင်းအတွက် ထိုက်တန်သည့် ပေးဆပ်မှုနှင့် ကြုံရလိမ့်မည်ဟု တောင်ကိုရီးယား သမ္မတ ပက်ခ်ဂွမ်ဟီးက သတိပေး ပြောကြားလိုက်သည်။

မြောက်ကိုရီးယားသည် ကုလသမဂ္ဂ ပိတ်ဆို့မှုများကို ဖီဆန်ကာ နိုင်ငံ၏ စတုတ္ထ အကြိမ်မြောက်ကလီးယား လက်နက် စမ်းသပ်မှု ပြုလုပ်ရန် အစီအစဉ် ရှိနေကြောင်း ခြိမ်းခြောက်ထားရာ ယင်းနှင့် ပတ်သက်၍ ပက်ခ်က ယခုလို မှတ်ချက် ပေးခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန်အတွက် စက်တင်ဘာ ၂၅ ရက်တွင် ဆိုးလ်မြို့တော်မှ မထွက်ခွာမီ Bloomberg သတင်းဌာန က မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုအပေါ် သူမ၏ သဘောထား ကို မေးမြန်းရာ ပက်ခ်က “ဒီလို ရန်လိုလှုံ့ဆော်တဲ့ လုပ်ဆောင်မှု မျိုး မြောက်ကိုရီးယားက ဆက်လုပ်မယ် ဆိုရင်တော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို ချိုးဖောက်လိုက်တာပဲ။ ဒီအတွက် ထိုက်တန်တဲ့ ပေးဆပ်မှုတော့ ကြုံရမှာ ဖြစ်ပါတယ်” ဟု ဖြေကြား ခဲ့သည်။

သူမက ဆက်လက်၍ “တောင်ကိုရီးယား အစိုးရ အနေနဲ့ကတော့ မြောက်ကိုရီးယားရဲ့ နောက်ထပ် လက်နက် စမ်းသပ်မှုမျိုး ဖြစ်မြောက်မလာအောင် သံတမန် နည်းလမ်းအရ ဖြစ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်နေတာပါပဲ။ အထူးသဖြင့် အမေရိကန် ပြည်ထောင်စု ရယ်၊ နိုင်ငံတကာ အသိုက်အဝန်းရယ်ရဲ့ ပူးပေါင်း ကူညီမှုတွေနဲ့ပေါ့”ဟု လည်း ဆိုသည်။

တောင်ကိုရီးယား၏ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာသူ ပက်ခ်သည် သူမ၏ အာဏာသက်တမ်း အတွင်း မြောက်ကိုရီးယား အရေးနှင့် ပတ်သက်၍ ကိုင်တွယ် ဆောင်ရွက်ပုံများတွင် ချီးကျူး အသိအမှတ်ပြု ခံထားရသူလည်း ဖြစ် သည်။

_Ref: Bloomberg
7Day Daily
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment